ကျောက်ပန်းတောင်း မြို့နယ် ရေထွက်ရွာနှင့်ပွေးချေရွာမှ အမျိုးသမီး(၂)ဦးအား ပုံစံတူ
အသတ်ခံရမှု ကြောင့် ဒေသခံအမျိုးသမီးများ ညအချိန်အပြင်မထွက်ရဲဖြစ်နေကြောင်း
မြို့ခံများထံက သိရှိရသည်။
'ဝါဆိုလပြည့်ကျော်(၈)ရက်နေ့က အမျိုးသမီးတွေ အသတ်ခံရတဲ့အတွက် နယ်ခံအမျိုး
သမီးတွေ ညဘက် အပြင်မထွက်ရဲကြဘူးဖြစ်နေတယ်''ဟု ကျောက်ပန်းတောင်းမြို့ခံ
တစ်ဦးက ပြောသည်။
ကျောက်ပန်းတောင်း မြိုနယ် ရေထွက်ရွာနှင့်ပွေးချေရွာမှ အမျိုးသမီး(၂)ဦးအား
ပုံစံတူအသတ်ခံရမှုနှင့် ပတ်သတ်၍ အသက်(၃ဝ) အရွယ် ခရီးသွားအမျိုးသားတစ်ဦးအား
မသင်္ကာသူအဖြစ် မြိုနယ်ရဲတပ်ဖွဲ့ က အလိုရှိနေကြောင်းကိုလည်း သိရှိရသည်။
အဆိုပါအမျိုးသားမှာ တပ်ပြေးတစ်ဦးဖြစ်ပြီး ကျောက်ပန်းတောင်းမြို့နယ်ရှိ
အခင်းဖြစ်ပွား သည့် ကျေးရွာများသို့  အခင်းဖြစ်ချိန်က ခရီးသွားလာနေ
သူတစ်ဦးဖြစ်ကြောင်း ကျောက်ပန်းတောင်း ရဲစခန်းမှ ဒုရဲအုပ်
တစ်ဦးက ဆိုသည်။
''သူ့ကို ကျွန်တော်တို့က မသင်္ကာသူအဖြစ် ရှာဖွေနေတာပါ။ ကျွန်တော်တို့ အပိုင်ကျေးရွာ
တွေကိုလည်း သူ့ ဓာတ်ပုံပါတဲ့ စာတွေကို ဖြန်ဝေထားပါတယ်'' ပာု အထက်ပါ
ဒုရဲအုပ်က ပြောသည်။
အဆိုပါ မင်္သကာသူ၏ တပ်ရင်းနှင့်အတူ နီးစပ်ရာနယ်မြေရဲစခန်းများကိုလည်း
ညွန်ကြားစာပို့ထား ကြောင်း သိရသည်။
အဆိုပါ ကျောက်ပန်းတောင်းလူသတ်မူမှာ ပုံစံတူဖြစ်ပြီး လက်ကိုကြိုးနှင့် တုတ်ကာ
လည်ပင်း ညှစ်သက်ဖြက်မှုဖြစ်ပြီး မှောက်လျှက်ထားပြီး အလောင်းအား သစ်ရွက်များနှင့်  အုပ်ထားခဲ့ကြောင်း သေသူများမှာလည်း အသက် ၅ဝနှင့် အထက် အမျိုးသမီးများသာ
ဖြစ်ကြောင်း အခင်းဖြစ်ရာသို့  သွားကြည့်ခဲ့သော ဒေသခံတစ်ဦးက ဆိုသည်။
''ကျွန်တော့်မိန်းမက ဘာရန်ညှိးမှမရှိဘူး။ အသတ်ခံရတာ။ အဲဒီတုန်းက
လူစိမ်းဆိုတာလည်း ရွာကို လာလည်တဲ့ သားအမိနှစ်ယောက်ပဲ ရှိတယ်။'
' ပာု အသတ်ခံရသူ ဒေါ်ယှဉ်ကြည်၏ အမျိုးသားက ပြောသည်။
ထိုလူသတ်မှုနှင့် ပတ်သတ်၍ ကျောက်ပန်းတောင်းမြို့ နယ်ရှိ အမျိုးသမီးများ ညအချိန်အပြင် မထွက်ရဲကြတော့ ပဲ ထိတ်လန့်မှုများ ရှိနေကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။
''အသက်ခံရတဲ့ သူတွေက ရွာပြင်တွေမှာဘဲ ဖြစ်တယ်။ ရွာပြင် ထွက်တဲ့ သူတွေဘဲ အသတ်ခံ ရတာ။ အသတ်ခံရတဲ့ ရွာတွေက ရေထွက်ရွာနှင့် ပွေးခြေရွာက အမျိုးသမီး(၂)ယောက် ဖြစ်ပါတယ်။'' ပာု ကျောက်ပန်းတောင်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
အဆိုပါ လူသတ်မှုများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ (၂)ဖွဲ့ ခွဲကာ ရှာဖွေနေပြီး မသင်္ကာသူများအား လိုက်လံစုံစမ်းနေကြောင်းနှင့် ပုဒ်မ ၃ဝ၂ဖြင့်  တရားစွဲဆိုထား
ကြောင်း သိရသည်။
မြစ်မခမီဒီယာ
5:53 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com