22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 24, 2012

မန်ယူတွင် ဆက်ကစားနိုင်ရေးအတွက် လုပ်ခ လျှော့ယူရန် နာနီ အသင့်ရှိနေ

မန်ချက်စတာ ယူနိုက်တက် အသင်းတွင် ဆက်ကစားခွင့် ရရေးအတွက် ၎င်း၏ လုပ်ခလစာကို လျှော့ယူရန် လူးဝစ်နာနီက အဆိုပြုလာဖွယ် ရှိနေကြောင်း သိရှိရသည်။


မန်ယူအသင်း၏ ပရီးမီးယားလိဂ် ပွဲဦးထွက်အဖြစ် အဲဗာတန်ကို (၁-၀)ဖြင့် အရေးနိမ့်ခဲ့ရာတွင် ပေါ်တူဂီ တောင်ပံတိုက်စစ် ကစားသမားသည် ပုံမှန်ခြေစွမ်း ပျောက်ဆုံးပြီး ထိရောက်သော ထိုးဖောက်မှုများ မပြုလုပ်နိုင်ခဲ့ချေ။ ထို့အပြင် တောင်ပံကြောမှ ပံ့ပိုးပေးမှုများ ညံ့ဖျင်းနေခဲ့ပြီး ပွဲပြီးရန် (၁၂)မိနစ် အလိုတွင် အက်ရှ်လေယန်းနှင့် လူစားလဲ ခံခဲ့ရသည်။ ထိုအခြေအနေကြောင့် မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် နာနီအား ဖူလ်ဟမ်နှင့် ကစားမည့် ပွဲစဉ်တွင် ပွဲထွက်ကစားသမား အဖြစ်မှ ချန်လှပ်ထားရန် စဉ်းစားလာခဲ့သည်။



နာနီသည် လက်ရှိတွင် အိုးလ်ထရက်ဖို့ဒ်၌ တစ်ပတ်လုပ်ခ ပေါင်စတာလင် (၉၀၀၀၀)ရရှိနေပြီး တစ်ပတ် ပေါင်စတာလင် (၁၃၀၀၀၀) ဝန်းကျင်ဖြင့် သက်တမ်းတိုး စာချုပ်ရန် မန်ယူထံ တောင်းဆိုထားသည်။ သို့သော်လည်း အဲဗာတန်နှင့် ပွဲအပြီးတွင် နာနီအား ရောင်းထုတ်ရန်အထိ အသင်းက ရည်ရွယ်ထားကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ ယခုအခါ နာနီသည် မန်ယူနှင့် သက်တမ်းတိုးဖြစ်ရန်အတွက် ၎င်းဘက်မှ တောင်းဆိုမှုကို လျှော့ပေါ့ပေးရန် အသင့်ရှိနေကြောင်း The Sunက ဖော်ပြခဲ့သည်။

နာနီသည် မန်ယူနှင့် သက်တမ်းတိုးဖြစ်ရန်အတွက် ၎င်းဘက်မှ တောင်းဆိုမှုကို လျှော့ပေါ့ပေးရန် အသင့်ရှိနေကြောင်း The Sunက ဖော်ပြ...
နာနီသည် မူလ လုပ်ခအတိုင်း တစ်ပတ် ပေါင်စတာလင် (၉၀၀၀၀)ဖြင့်ပင် သက်တမ်းတိုးပြီး ပွဲကစားရသည့် အနေအထား အလိုက် ပေါင်စတာလင် (၃၀၀၀၀) ဝန်းကျင်မျှစီ ထပ်ဆောင်း ရယူရန် မန်ယူထံ အဆိုပြုဖွယ် ရှိနေသည်။ မည်သို့ပင် ဖြစ်စေ မန်ယူ အနေဖြင့်မူ စပို့တင်း လစ္စဘွန်း ကစားသမားဟောင်း အတွက် ပေါင်စတာလင် (၂၅)သန်း ဝန်းကျင်ဖြင့် ကမ်းလှမ်းမှုမျိုး ရှိလာပါကမူ ရောင်းချဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။
Ref: The Sun
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )