22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, August 28, 2012

""တောင်ငူထောင်က နိုင်ငံရေးအကျဉ်းသားများ အတင်းအဓမ္မ အလုပ်ခိုင်းစေခံရ""

ပဲခူးတိုင်း တောင်ငူထောင်မှာ အကျဉ်းကျခံ
နေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို
 ထောင်ပိုင်တွေက အတင်းအဓမ္မ အလုပ်
ခိုင်းစေသလို မလုပ်ရင် ရိုက်နှက်မယ်ဆိုပြီး

ခြိမ်းခြောက်နေတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုကျော်အောင်က
ပြောပါတယ်။

အဓမ္မခိုင်းစေခံရသူတွေကေတာ့ ကိုကြည်သိန်း (ခေါ်) ကိုဘာဘူ၊  ကိုသိန်းမြင့်၊ ကိုသိန်းဝင်း၊ ကိုဇေယျာစိုးနဲ့ ကိုမောင်ဦးတို့ ဖြစ်ပြီး သြဂုတ် ၂၄ ရက်က ထောင်ဝင်စာသွားတွေ့တဲ့ မိသားစုဝင်တွေက ပြန်ပြောတာလို့ ကိုကျော်အောင်က ပြောပါတယ်။

တောင်ငူထောင်“ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်းနဲ့ ထောင်ပိုင်ကြီး ဦးချိုလွင်တို့ဟာ နိုင်ငံရေး အကျဉ်း
သားတွေကို မလုပ်မနေရဆိုပြီး အတင်းခိုင်းနေကြတယ်။

ခိုင်းတဲ့ပုံစံကလည်း မင်းတို့က ရိုးရိုးအကျဉ်းသားတွေ အလုပ် လုပ်ရမယ်ဆိုပြီး အတင်းအဓမ္မ
ခိုင်းတယ်။

မလုပ်ရင် လွတ်ရက်မရှိ ထောင်တသက် ကျတဲ့သူတွေနဲ့  ရန်တိုက်ပေးပြီး အလုပ်မလုပ်ရင်ရိုက်ဆိုပြီး အမိန့်ပေးထားတယ်။

 သူတို့က အလုပ် မလုပ်နိုင်ဘူးလို့ မငြင်းကြဘူး။ ဒါပေမယ့် သူတို့မှာ စစ်ကြောရေးမှာ ခံခဲ့ရတဲ့ ရိုက်နှက်မှု
တွေက ခုချိန်ထိ မေပျာက်သေးဘူး။

ကိုဘာဘူဆိုရင် ဒူးကို ဒုတ်နဲ့ ရိုက်ထားတဲ့ ဒဏ်ဖြစ်နေတာ။ ကြမ်းကြမ်းတမ်းတမ်း ခရီးလည်း သွားမရဘူး။ အေလးအပင်လည်း မ မရဘူး။ အဲဒါကြောင့် ငင်းတယ်၊ ငြင်းတာကို မလိုချင်ဘူး။

မလုပ်ရင် ရိုက်ပေါ့ အဲလိုမျိုး ဖြစ်တာ။”အဆိုပါ ခိုင်းစေခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ၂၀ဝ၆
ခုတုန်းက ဖောက်ခွဲမှုနဲ့ ထောင်ဒဏ် ၂၈ နှစ်ချမှတ်ခံရသူတွေ ဖြစ်ပါတယ်။

DVB ( မြန်မာပိုင်း)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )