22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 10, 2012

လှိုင်သာယာ(၁) ထိပ်တွင် မြေအောက်ဂတ်စ်ပိုက်လိုင်းပေါက်၍အသေးစား မီးလောင်မှုဖြစ်ပွား

 ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ် (၁)ထိပ်မှတ်တိုင် အနီးရှိ မြေအောက်ဂတ်စ်ပိုင်းလိုင်းမှ ဂတ်စ်ငွေ့များယိုစိမ့်ကာ အသေးစား မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
 
အဆိုပါ မီးလောင်မှုမှာ ယနေ့သြဂုတ်လ (၉)ရက်နေ့ နေ့လည် (၁)နာရီ(၃ဝ)မိနစ်တွင်ဖြစ်ပွားခဲ့ကြောင်း မီးလောင်မှု ဖြစ်ပွားခဲ့သည်ကို တွေ့ရှိခဲ့သည့် မျက်မြင်သက်သေတစ်ဦးက ပြောသည်။
 
“ အောက်ကဂတ်စ်က သံချေးစားပြီး ယိုနေတာ အပေါ်ကမီးနဲ့ တွေ့လို့ပေါက်တာ မီးနဲ့မတွေ့ရင်တော့ ဘာမှမဖြစ်ပါဘူးဒီနား မှာ ဝက်သားဒုတ်ထိုးဆိုင်ရှိတယ် အဲဒီက မီးမွှေးလို့’’ ဟု ရွှေပြည်သာ ဓာတ်ငွေ့ ဖြန့်ဖြူးရေးစခန်းက  ကိုအောင်ကျော်က ပြောသည်။
 
အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းမှာ အင်းစိန်ရွာမသဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံမှ ညောင်တုန်းရေနံမြေနှင့် ဆက်သွယ်ထားသော ပိုက်လိုင်းဖြစ်ကြောင်းကိုလည်း ရွှေပြည်သာ ဓာတ်ငွေ့ဖြန့်ဖြူးရေးစခန်းတာဝန်ရှိသူထံက သိရှိရသည်။
 
အဆိုပါဝက်သားဒုတ်ထိုးသည်မှာ လမ်းမီးမွှေးရာမှ မြေကြီး တွင် ဂတ်စ်များစိမ့်ထွက်နေသည့်အတွက် မီးလောင်ကျွမ်းမှု အသေးစား ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါဈေးသည်အား လမ်းဘေးမီးသတ်မှုဖြင့်စည်ပင် မှစစ်ဆေးရန်ခေါ်ဆောင်သွား ကြောင်း ပတ်ဝန်းကျင်ရှိ ပြည်သူများထံက သိရှိရသည်။

 
 
ကက်တ္တရာလမ်းကို လှန်ပြီးပြန်လည်ဖာထေးမည်ဖြစ်ပြီး အပေါက် မှာ မည်သည့်နေရာတွင် ရှိသည်ကို ခန့်မှန်း၍မရသေးကြောင်း ယခုအချိန်တွင် ပိုက်လိုင်းဘားကိုပိတ်လိုက်ပြီဖြစ်ကြောင်း   ရွှေပြည်သာဓာတ်ငွေ့  ဖြန့်ဖြူးရေးစခန်းမှ တာဝန်ရှိသူက ဆက် လက် ပြောကြားခဲ့သည်။
 
“ ကျွန်တော်တို့ဒီမှာ ၂ နာရီလောက်က စတင်ပြီး ရေဖြန်းတာ ပါ။ ဒီလိုဖြစ်တော့ အများပြည်သူတော့ ထိခိုက်တာပေါ့ စီအမ်ဂျီ ဌာနနဲ့ညှိပြီး ရေဖြန်းနေတာ ဂတ်စ်ကုန်သွားရင်တော့ ကျွန်တော်တို့အလုပ်ပြီးပြီ’’ ဟု မီးသတ်ဗိုလ်ကြီး ဦးမြင့်ဦးက ပြောသည်။
 
ယခုပိုက်လိုင်းပေါက်ခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီးဇူလိုင်လ အတွင်းက ရွှေပြည်သာတံတားအဆင်း၌(၄) လက်မပိုက် တစ်ကြိမ်ပေါက်ခဲ့သေးကြောင်း အခင်းဖြစ်ပွားရာနေရာရှိ မီးသတ်ဗိုလ်ကြီး ဦးမြင့်ဦး ပြောသည်။
 
“ ကျွန်တော်တို့ထမင်းစားနေရင်းလှမ်းမြင်လိုက်တာ ကျွန်တော် တို့လည်း သဲတွေရေတွေနဲ့ပက်သေးတယ်   နောက်မနိုင်တော့ဘူး နာရီဝက်လောက်နေတော့ မီးသတ်ကားတစ်စီး ရောက်လာ တယ် ကျွန်တော်ထင်တာတော့ မီးသတ်ကား(၅) စီးလောက်ရှိ မယ် ထင်တယ်’’ ဟု မီးလောင်မှုအား မျက်မြင်သက်သေ ကိုကျော်မိုးထွေး က ပြောသည်။
 
နေ့လည် ၁း၃ဝ အချိန်မှ စတင် ရေဖြန်းခဲ့သော မီးသတ်ကား များမှာ ညနေ (၄)နာရီ အချိန်တွင် ပြန်လည်ထွက်ခွာ သွားခဲ့သည်။

မြစ်မခမီဒီယာ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )