22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 10, 2012

ပထမ အကြိမ် NCCS လုပ်ငန်းညှိနှိုင်းအစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

Network for Chin Civil Societies ခေါ် ချင်းလူမှုကွန်ယက် ၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ၂၀၁၂ ဇူလိုင်လ ၃၀ – ၃၁ ရက်အတွင်း အောင်မြင်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။
NCCS ၏ ရည်ရွယ်ချက်အဖြစ် ချင်းပြည်သူများ ဆုံးရှုံးနေရရသည့် မွေးရာပါ အခွင့်အရေး များကို ဖော်ထုတ်ပြီး ယင်းမွေး ရာပါ အခွင့်အရေးပြန်လည် ရရှိရေးအ တွက်သော် လည်းကောင်း၊ လက်ရှိ အစိုးရ၊ ချင်း ပြည်သူလူ ထု နှင့်  စီအဲန်အက်ဖ် အ ကြား ထာဝရ တည် တံ့သည့် စစ်မှန်သော ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန် သဘောတူကြကြောင်း သိရသည်။

ထို့အပြင် ရည်မှန်းချက်ပန်းတိုင်အဖြစ် ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်မှု အင်အားဖြင့် ထာဝစဉ်တည် တံ့ငြိမ်းချမ်းသော ဒီမိုကရေစီ လူ့ဘောင်သစ်ကို တည်ဆောက်နိုင်ရေး ကြိုးပမ်းသွားရန် ထပ်မံ သဘောတူ ချမှတ်ကြသည်။

၎င်းတို့၏ အစည်းအဝေးထုတ်ပြန်ချက်ထဲတွင် NCCS သည် လူမှုအကျိုးပြုလုပ်ငန်းများကို အကောင်အထည် ဖော်ရာမှာ ချင်းပြည်နယ်မြို့နယ်အသီးသီးရှိ ပြည်သူ့အ ကျိုးပြု လူမှု အသင်းအဖွဲ့များ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဟု ပါရှိသည်။

“ ကျမတို့ CCSN အနေနဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ လူ ဘောင်သစ်တည်ဆောက်ရာ မှာ တတ်နိုင်တဲ့ ဖက်က ပူးပေါင်းဆောင်ရွက်သွားဖို့ နဲ့ အစိုးရ မဟုတ်တဲ့ ပြည်တွင်းပြည်ပ အဖွဲ့အ စည်းတွေရဲ့ လူမှုအကျိုး ပြုလုပ်ငန်းတွေဟာ  ပြည်သူလူထုလက်ခံတဲ့ ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေ ပေါ်ထွန်းရေးကို အစဉ်တစိုက် အလေးထားဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်” ဟု Coordinator Mai Vel Tha Chin က ပြောသည်။

NCCS ကို ချင်းပြည်နယ် ၉ မြို့နယ်ရှိ လူမှုအသင်းအဖွဲ့အသီးသီးက ပြီးခဲ့တဲ့ ၂၉ မေ – ၁ ဇွန်အတွင်း ဖွဲ့စည်း ခဲ့ကြသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )