22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 10, 2012

ဂျပန်ကား အစီး ၃,၀၀၀ အောက်တိုဘာ လအတွင်း တင်သွင်းရန်ရှိ

ကုန်းလမ်း ပို့ဆောင်ရေးနှင့် ဂျပန်ကား ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း၍ ဂျပန်နိုင်ငံထုတ် ခရီးသည်တင် ယာဉ်များနှင့် အငှားယာဉ် အစီး ၃,၀၀၀ ခန့်ကို ယခုနှစ် အောက်တိုဘာလမှ စတင်၍ တင်သွင်းရန် ရှိသည်ဟု ဂျပန်ကားကုမ္ပဏီ ၏ စီမံခန့်ခွဲမှု ဒါရိုက်တာ (MD) ဦးတင်အောင်မြင့် က ပြောသည်။

“အခုလောလောဆယ်တော့ တင်သွင်းမယ့် ယာဉ်စီးရေကို သုံးထောင်လို့ပဲ မှန်းထားပြီး အဲဒီယာဉ်တွေကို တပြိုင်နက်တည်း မဟုတ်ဘဲ နည်းနည်းစီ အသုတ်လိုက်ခွဲပြီး တင်သွင်းဖို့ စီစဉ်ထားပါတယ်” ဟု ပြောသည်။

၂၀၀၆ မော်ဒယ်နှင့်အထက် ဒီဇယ် အသုံးပြုယာဉ်များကို တင်သွင်းမည်ဖြစ်ပြီး လိုအပ်ချက် ရှိပါက ဂျပန်ကား ကုမ္ပဏီနှင့် ကုန်းလမ်းပို့ဆောင်ရေးတို့ ပူးပေါင်း၍ ထပ်မံတင်သွင်းသွားမည် ဟုလည်း သိရသည်။

“ဂျပန်ကား ကုမ္ပဏီနဲ့ ပူးပေါင်းဖို့ကို ပထမအဆင့်အနေနဲ့ အဆင့်မြင့်တဲ့ ယာဉ်တွေ၊ ငွေကြေး အရင်းအနှီးတွေ၊ Managment (စီမံခန့်ခွဲမှု)တွေနဲ့ ပတ်သက်ပြီး အဆင့်မြင့်တဲ့ နည်းပညာရဖို့ ဂျပန်ကားကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း
ဖြစ်ပါတယ်” ဟု ကုန်းလမ်း ပို့ဆောင်ရေးဌာန ဦးဆောင်ညွှန်ကြားရေးမှူးက သြဂုတ်လ ၆ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

အလားတူပင် သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်၍ ရန်ကုန်တိုင်းအတွင်း မေတ္တာလှိုင်း အမည်ဖြင့် မော်တော်ယာဉ် လိုင်းသစ်တခု ပြေဆွဲနိုင်ရန် ဘက်စုံမြင်ကွင်း ကုမ္ပဏီမှ တင်ပြထားသည်ဟု မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှု ဗဟိုကော်မတီ အတွင်းရေးမှူး ဦးဘမြင့်က ပြောသည်။

“အခုလက်ရှိ အချိန်အထိတော့ ယာဉ်ပြေးဆွဲဖို့ တရားဝင်ခွင့်ပြုချက် မရသေးပါဘူး။ ခွင့်ပြုချက် ကျလာရင်တော့ အဲဒီယာဉ်လိုင်းကို သာမန် ရိုးရိုးယာဉ်ကြီး တလိုင်းအနေနဲ့ပဲ ခရီးစဉ်တဖြတ်ကို ကျပ် ၅၀ နှုန်းနဲ့ ပြေးဆွဲခွင့် ပြုမှာပါ” ဟု ဦးဘမြင့်က ပြောသည်။

ကုမ္ပဏီ၏ တင်ပြမှုတွင် မေတ္တာလှိုင်း ၁ နှင့် ၂ တို့ဖြစ်ပြီး မေတ္တာလှိုင်း ၁ အတွက် အစီးရေ ကိုးစီး ပြေးဆွဲမည် ဖြစ်သည်။
ပြေးဆွဲမည့် ခရီးစဉ်များမှာ ဒဂုံအရှေ့မှ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ကန်းကျွန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့် အထိ မှတ်တိုင်ပေါင်း ၆၄ ခုကို ဖြတ်သန်းပြေးဆွဲမည် ဖြစ်သည်။ မေတ္တာလှိုင်း ၂ အတွက်မူ ယာဉ်အစီးရေနှင့် ပြေးဆွဲမည့် ခရီးစဉ်ကို တင်ပြထားခြင်းမရှိဟု သိရသည်။
(မဇ္ဈိမ)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )