22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 10, 2012

သမီးလေးအတွက်တစ်လမှာ အချိန် တစ်ဝက်ပေးထားတဲ့ အိန္ဒြာကျော်ဇင်

 

လွတ်လပ်ပေါ့ပါးတဲ့ အနုပညာရှင် တစ်ယောက်ရဲ့ ဘဝနဲ့ အိမ်ထောင်ရှင်
ဖြစ်လာခဲ့တဲ့အချိန်တွေရဲ့ နောက်မှာ အပြေးအလွှားလှုပ်ရှားနေရ တဲ့ အနုပညာအလုပ်တွေကြား ရှားရှား ပါးပါး အားလပ်ချိန်လေးများ မရှိပေ မယ့် ကိုယ်ပိုင်အချိန်တွေရဲ့ တစ်ဝက် သမီးလေးအတွက်ပါဆိုတဲ့ အကယ် ဒမီအိန္ဒြာကျော်ဇင်ရဲ့ မိခင်မာတာရင် တွင်းမေတ္တာကို နားထောင်ကြည့်တဲ့ အခါ-
“သမီးလေးကို ပြေသုဒြာ ဆိုတဲ့အမည်လေးကတော့ ပရိသတ်နဲ့ ကိုယ့်လောကသားတွေကြားမှာ တော့ အတည်ဖြစ်သွားပြီပေါ့နော်။ အိမ်မှာနဲ့ အမျိုးတွေကြားမှာတော့ ချစ်စနိုးနဲ့ အမျိုးမျိုးခေါ်ကြတာပေါ့။ အူဝဲကား ရိုက်သွားရင် အိမ်မှာအစ်မနဲ့ အမေရှိတယ်။ သူ့ကိုထိန်းတဲ့ကလေးထိန်းရှိ တယ်။ကျန်းမာရေးကလည်း ကောင်း ပါတယ်။ အခုဆို (၉) လကျော်သွား ပြီ။သမီးကို ဘာဖြစ်စေချင်တယ်၊ ဘာ လုပ်ပေးချင်တယ် ဆိုတာမျိုးကတော့ အများကြီးပါပဲ။ခုချိန်မှာ သူ့ရဲ့ဝါသနာ၊ ဗီဇဆိုတာဘယ်လေ့လာလို့ရပါဦးမလဲ။
မိဘဆိုတာကတော့ သားသမီးကို အကောင်းဆုံးတွေပဲ ဖြစ်စေချင်တာ ပေါ့။ ကိုယ့်မှာ အိမ်ထောင်မကျခင် ကနဲ့ အိမ်ထောင်ကျပြီး နောက်ပိုင်း ဘာတွေ ထူးခြားသွားလဲဆိုရင်တော့ ကိုယ်ပိုင်မိသားစုလေးတစ်ခု ရှိနေပြီ ပေါ့။ ကားရိုက်ရင်၊ နယ်ရောက်ရင် သမီးလေးကိုသတိရတယ်။ တစ်ခါ တလေ ရှုတင်မှာသတိရရင် ချက်ချင်း အိမ်ပြန်ချင်တယ်။ ဒါပေမယ့် အူဝဲက အလုပ်ကိုဘယ်တော့မှကိုယ်ရေးကိုယ် တာနဲ့ မရောပါဘူး။
ကိုပြေနဲ့အပြင်မှာ လင်မယားဆိုပေမယ့် ကားရိုက်ရင် တော့ ဇာတ်ရုပ်အတိုင်း၊ ဇာတ်လမ်း အတိုင်းပဲ သရုပ်ဆောင်ကြရတာပါ။ အရင်ကလို အူဝဲတစ်လလုံးအချိန်ပြည့် ကားမရိုက်တော့ဘူး။ လတစ်ဝက်ကို ကားရိုက်တယ်၊ ကျန်တဲ့တစ်ဝက်ကို သမီးနဲ့နေတယ်။ သူ့ကို ကိုယ်အလုပ် အားမှဆိုရင် အချိန်အရမ်းနည်းသွား မယ်။ ဒါကြောင့် တစ်လကိုတစ်ဝက် က သမီးလေးအတွက်ပါပဲ။
အမေဆိုတဲ့နေရာကို အူဝဲ ရောက်လာမှ အမေ့ရဲ့မေတ္တာကို သိတာ မဟုတ်ပါဘူး။ အူဝဲက အမေနဲ့ပဲ အတူ နေ၊ အတူသွားခဲ့ရတာပါ။ အမေဖြစ် လာတော့ ပိုပြီး ကိုယ်ချင်းစာတတ် လာတယ်။မိခင်တစ်ယောက်ရဲ့မေတ္တာ က ဘာနဲ့မှ နှိုင်းယှဉ်လို့မရပါဘူး။ သူ ကလည်း ကားရိုက်ဆက်နေ ကိုယ် ကလည်း ကားရိုက်ဆက်နေရင် သမီး လေးနားမှာ အဖေရောအမေရောရှိကြ မှာမဟုတ်ဘူး။ ဒါကြောင့် သမီးလေး အတွက်ကိုယ့်ရဲ့အလုပ်တွေကြားထဲက အချိန်တစ်ဝက်ပေးလိုက်တာပါ။ကိုပြေ အတွက်ကတော့ အခြားအနုပညာ ကိစ္စတွေ သိပ်ပြီးGuide လုပ်ပေး စရာမလိုပါဘူး။
အဝတ်အစားပိုင်းကို ပဲစီစဉ်ပေးတယ်။ကျန်းမာရေးအတွက် ဂရုစိုက်တယ်။ အစားအသောက် ကတော့ သိပ်ပြောစရာမလိုပါဘူး။ အပြင်လောကထဲက သူနဲ့ အိမ်ထောင် ကျခဲ့ရင်တောင် သဘောထားတို့ နား လည်မှုတို့ ညှိယူနေရဦးမယ်။ ကိုယ် တွေချင်းချင်းကျတော့ အနုပညာရှင် တွေဖြစ်နေတဲ့အတွက် ကိုယ့်အလုပ်ကို လည်း သူသိတယ်၊ သူ့အလုပ်ကို လည်းကိုယ်သိတယ်။အနုပညာအလုပ် ဆိုတာကလည်း လူလွတ်ဆိုတာထက် အိမ်ထောင်ကျလာရင် နားလည်မှုပိုပြီး အရေးကြီးပါတယ်။ 
                                                                                                          မိုးကြိုး
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )