22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, August 23, 2012

ဝန်ကြီးဌာနများ၏ ဆိုက်ဘာလုံခြုံရေးတိုးမြှင့်ရန် အမျိုးသားဆိုက် ဘာကော်မတီ အကြောင်းကြားထား"

ပြည်ပဟက်ကာအဖွဲ့များ၏ ဆိုက်ဘာတိုက်ခိုက်မှုများ 
ထပ်မံမခံ ရစေရေးအတွက် အစိုးရဝန်ကြီးဌာနများအား 

အင်တာနက် ကွန်ရက် လိုင်းများအား လုံခြုံရေးစနစ်တိုးမြှင့်ထား

ရန်နှင့် တိုက်ခိုက်ခံရမှုမှ ကာကွယ်နိုင်မည့် နည်းလမ်းများအား မြန်မာနိုင်ငံ အမျိုးသားဆိုက်ဘာ လုံခြုံရေးကော်မတီမှ  

ဝန်ကြီးဌာနအသီးသီးသို့ အသိပေးအကြောင်းကြား ထားကြောင်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အကြီးတန်း
တာဝန်ရှိသူတစ်ဦးက ပြောသည်။

''ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက် အတိုက်ခံရပြီးက တည်းက အမျိုးသားဆိုက်ဘာလုံခြုံရေး ကော်မတီကအစည်းအဝေး လုပ်ပြီး ဝန်ကြီးဌာနဝက်ဘ်ဆိုက်တွေ ဒီလိုမျိုး ထပ်ပြီး မတိုက်ခံရဖို့ကို ဘယ်လို ကာကွယ်ရမယ်ဆိုတာနဲ့ ပြည်ပကဘယ်အဖွဲ့အစည်းတွေကမြန်မာနိုင်ငံ ရဲ့ အင်တာနက်ကွန်ရက်တွေကို ဝင် တိုက်နေတယ်ဆိုတာကို ပြောသွား တယ်။ 
 
အဲဒီနောက် ဝန်ကြီးဌာန အသီးသီးကို အင်တာနက်ကွန်ရက် စနစ်တွေရဲ့ လုံခြုံရေးကို စနစ်တကျ တိုးမြှင့် ထားဖို့နဲ့ ၂၄ နာရီပတ်လုံး ကွန်ရက်တွေကို
စောင့်ကြည့်ဖို့ အကြောင်းကြားစာ ပို့လာတယ်''ဟု ၄င်းက ဆိုသည်။

ထို့အတူ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အမျိုးသား ဆိုက်ဘာလုံခြုံရေးကော်မတီမှ ပေး ပို့သော အကြောင်းကြားစာအရ ဝန် ကြီးဌာနတစ်ခုချင်းစီအလိုက် အရေး ကြီးသော Data များအား ပြည်ပ ဟက်ကာများ၏ ခိုးယူဖျက်ဆီးခြင်း မပြုလုပ်နိုင်ရန် အတွက် Data လုံခြုံရေးကိုတိကျစွာလိုက်နာဆောင် ရွက်သွားရန်၊
 
ISP များ အလိုက် တာဝန်ကျသူများက Data စီးဆင်း မှုအား ၂၄ နာရီစောင့်ကြည့်ရန်နှင့် တိုက်ခိုက်ခံရပါက Data များဆုံး ရှုံးမှုမရှိစေရန်ဌာနအလိုက်ကွန်ပျူတာ ကျွမ်းကျင်ပညာရှင်များအား အသိ ပေးအကြောင်းကြား၍အမြန်ဆုံး ပြန်လည်ပြင်ဆင်ရမည်ဟုပါရှိကြောင်း ပြောသည်။

''ဆိုက်ဘာလုံခြုံရေး ကော် မတီကပို့တဲ့ အကြောင်းကြားစာ က တော့ဝန်ကြီး ဌာနအလိုက် အင်တာ နက်ကွန်ရက်လုံခြုံရေးကို တိုးမြှင့်ဖို့ ပဲ''ဟု ၄င်းက ဆိုသည်။ အင်တာနက်ကွန်ရက် များ အား ဝင်ရောက်တိုက်ခိုက်နေမှု များအား ကာကွယ်နိုင်ရန် အတွက် ပြည်ပရောက် မြန်မာအိုင်တီပညာရှင် များနှင့် ပြည်တွင်းရှိ မြန်မာအိုင်တီ ပညာရှင်များအား အမျိုးသား ဆိုက်ဘာ လုံခြုံရေးကော်မတီမှ အလွတ်သဘောဖြစ်စေ၊ တရားဝင် ဖြစ်စေပူးေ ပါင်းကာကွယ်ရန်အတွက် ဖိတ်ခေါ်ထားကြောင်း သိရသည်။

''ပြည်ပရောက် မြန်မာအိုင်တီ ပညာရှင်တွေကို ဖိတ်ခေါ်တာဟာ သူတို့အနေနဲ့မြန်မာနိုင်ငံရဲ့ အင်တာ နက်ကွန်ရက်တွေကို ပြည်ပက ဝင် ရောက်တိုက်ခိုက်နေတာကို ဝိုင်း ဝန်းတွန်းလှန်ပေးဖို့အတွက် အကူအညီ တောင်းတဲ့သဘောပါ ''ဟု သက် ဆိုင်ရာတာဝန်ရှိသူ တစ်ဦးကဆိုသည်။

ယခုကဲ့သို့ ပြည်ပဟက်ကာ များ၏အလွယ်တကူဝင်ရောက်တိုက် ခိုက်မှုကို ခံခဲ့ရခြင်းမှာလုံခြုံရေး စနစ် များချို့တဲ့မှုကြောင့်လည်း ပါဝင် ကြောင်း၊ ထိုလုံခြုံစနစ်များ ကောင်း မွန်စေရန် ဆက်သွယ်ရေးဝန်ကြီး ဌာနအားအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းစေကာ ဝန်ကြီးဌာနဝက်ဘ်ဆိုက်အား အချိန် ပြည့်စောင့်ကြည့်စေရန် အမျိုးသား ဆိုက်ဘာလုံခြုံရေး ကော်မတီမှ တာဝန်ပေးအပ်ထားကြောင်း ထပ်မံ သိရသည်။ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက မြန်မာနိုင်ငံ အမျိုး သားဆိုက်ဘာလုံခြုံရေးကော်မတီကို ယခင် အစိုးရလက်ထက် ၂ဝဝ၄ ခုနှစ်မှစတင်၍ ကွန်ပျူတာ ကျွမ်း ကျင်တပ်မတော်အရာရှိများ၊ မြန်မာ့ ဆက်သွယ်ရေးနှင့် ပြည်ထဲရေး ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ပြင်ပ မှ ကွန်ပျူတာကျွမ်းကျင် ပညာရှင် များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည် ဟု ပြောသည်။ 
 
PopularNews
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )