အိန္ဒိယ နိုင်ငံတွင် ရထား မီးလောင်မှု တစ်ခုဖြစ်ပွားရာ လူပေါင်း ၄၇ ဦးထက် မနည်းသေဆုံး ခဲ့ကြောင်း သိရသည်။ နယူးဒေလီမြို့မှ အန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းရှိ နယ် လိုး(ရ်)မြို့ သို့ သွားရာလမ်းရှိ ချန်နိုင်းတောင် ကြားကိုဖြတ်သန်းနေစဉ် နံနက် လင်းအားကြီး လေးနာရီခန့်တွင် မီး လောင်ခြင်း ဖြစ်သည်။
ထို့အချိန်တွင် ရထားစီးခရီး သည်အများစုမှာ အိပ် မောကျနေချိန်ဖြစ်သဖြင့် မီးလောင် သည်ကို မသိကြသူကများလေရာ ယခုကဲ့သို့ အသအပျောက်များပြား ခဲ့ရခြင်း ဖြစ်သည်။ ”မီးလှန့် အချက်ပေးခေါင်း လောင်းမြည်ပြီး မီးလောင်တဲ့တွဲကို ဖြုတ်ချလိုက်တယ်။အဲဒီတွဲလဲ ရထား လမ်းပေါ်မှာ ရပ်သွားရောတံခါး ပေါက်ကနေ တိုးထွက်ကြတာ ကြောင့် လူတွေ ပိတ်မိကုန်ကြ ပြန်ရော”ဟု ကိုယ်တွေ့ကြုံခဲ့သူ တစ်ဦးက ပြောသည်။ ရထားတွဲရှိ လျှပ်စစ်ဝါယာလိုင်း များ ရှော့ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ မီးလောင်ရခြင်းဖြစ်ကြောင်း သိရသည်။ မီးလောင်ခြင်းကြောင့် သေဆုံး သူ ၄၇ ဦးထက်မနည်းရှိပြီး၊ ဒဏ်ရာ ရသူများမှာလည်း ၂၈ ဦးထက် မနည်းကြောင်း ရထားပို့ဆောင်ရေး ဌာနမှတာဝန် ရှိ သူ တစ်ဦးကပြောသည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ် တွင် အကြီးမားဆုံးရထားလမ်း ကွန်ရက်ရှိပြီး၊ နေ့စဉ်ရထားဖြင့် ခရီး သွားသူပေါင်းသန်း ၂ဝ မျှရှိသည်။
6:37 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com