22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, August 4, 2012

ပီဆိုငွေသန်း ၃၆၀ အလွဲသုံးမှုဖြင့် သမ္မတဟောင်း အာရိုယို ထောင်ဒဏ် ကျခံရဖွယ်ရှိ

 

အာမခံဖြင့် ယမန်နေ့က လွှတ်ခဲ့သော ယခင်သမ္မတ ဂလိုရီယာ မက်ကာပါဂါလ် အာရိုယိုကို ဖမ်းဆီးခွင့် ဝရမ်းအား ချက်ချင်း ထုတ်ပေးရန် မကျေနပ်ချက် စုံစမ်းရေး အရာရှိရုံးက ကြာသပတေးနေ့တွင် တောင်းဆို လိုက်သည်ဟု သိရသည်။
PCSO ခေါ် Philippine Charity Sweepstakes Office ရန်ပုံငွေ ပီဆိုသန်း ၃၆၀ အလွဲသုံး စားလုပ် အဓမ္မယူငင်မှုဖြင့် အာရို ယိုကို တရားစွဲဆိုခဲ့ပြီးနောက်တွင် မစ္စစ်အာရိုယိုကို ဖမ်းဆီးမိန့်ထုတ် ပေးပါရန် တရားရုံးကို တောင်းဆို လိုက်သောအဆိုတစ်ရပ်ကို အဆိုပါ မကျေနပ်ချက်စုံစမ်းရေးရုံးမှ အစိုးရရှေ့နေများကတင်ပြခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ငွေအဓမ္မယူငင်မှုသည် အာမခံ ပေးနိုင်ခွင့်မရှိသော ပြစ်မှုတစ်ရပ်ဖြစ် သဖြင့် အဂတိလိုက်စားမှုတားမြစ် ရေးရုံးတော်အနေဖြင့် စွပ်စွဲခံရသူကို ကန့်သတ်ထားသင့်သည်ဟုအစိုးရရှေ့နေ ဒိုင်အိုဒါဒိုကလွန်းက ဆို သည်။
“ယေဘုယျအားဖြင့်တော့ သူမကို ထောင်ထဲထည့်ထားသင့် ပါတယ်။ အမှန်တကယ်လည်း သူတို့ကလုပ်နိုင်ကြပါတယ်။ အရင် တုန်းက စွပ်စွဲခံရသူကို နေအိမ် အကျယ်ချုပ်နဲ့ထားနိုင်တယ်။ ဒါမှမဟုတ်GMAအမှုမျိုးမှာဆို ဆေးရုံတက်ခိုင်းပြီး အကျယ်ချုပ် လုပ်တာမျိုးလည်း ရှိပါတယ်”ဟု အဆိုပါ ရှေ့နေကANC အင်တာ ဗျူးတစ်ခုတွင် ဖြေကြားခဲ့ခြင်းဖြစ် သည်။
ပြည်ပတွင် ဆေးဝါးကုသမှု ခံယူရန် သူမကိုခွင့်ပြုခဲ့သော အမြင့် ဆုံးတရားလွှတ်တော်၏ အမိန့်ကို လူဝင်မှုအရာရှိများက လျစ်လျူရှု လိုက်ပြီးနောက်တွင် ဖိလစ်ပိုင်နိုင်ငံ မှထွက်ခွာရန် ကြိုးစားခဲ့သည့် အာရိုယို၏ ကြိုးပမ်းချက်ကို ပြီးခဲ့ သည့် နိုဝင်ဘာလတွင် ပိတ်ဆို့ခဲ့ သည်ဟု သိရသည်။
အဆိုပါ တရားရုံးတော်သည်အစိုးရရှေ့နေသက်သေခံချက်၏ အားနည်းချက်ကို တင်ပြ၍ အချုပ် လွတ်ထုချေခွင့်ခေါ် အာမခံပေးရန် သူမ၏ အသနားခံချက်ကို ဗုဒ္ဓဟူး နေ့တွင် ခွင့်ပြုခဲ့သည်။ အမှုသည် မစ္စစ် အာရိုယိုအတွက် ဖမ်းဝရမ်း ထုတ်ခြင်းသည် ဤအဆင့်တွင် မလိုအပ်ပါကြောင်း၊ မစ္စစ်အာရိုယို ၏ရှေ့နေက ကြာသပတေးနေ့အမှု ကြားနာစစ်ဆေးစဉ်တွင် ရုံးတော် သို့ တင်ပြခဲ့သည်ဟု သိရသည်။
မစ္စစ် အာရိုယိုသည် ဆေးဝါး ကုသခံယူရန် နိုင်ငံရပ်ခြားကို သွား ရန် စီစဉ်နေသည်ဆိုလျှင်လည်း ရှေ့နေ ဒိုင်အဇ်က ပြောမည်မဟုတ် ဟု ဆိုသည်။ဥပဒေရှုထောင့်ကကြည့်မည် ဆိုလျှင် မကျေနပ်ချက်စစ်ဆေးရေး အရာရှိက ပဏာမစုံစမ်းစစ်ဆေး ချက်ကို ပြုလုပ်ပြီးသည့်အတွက် ဖမ်းဝရမ်းကိုမထုတ်ပြန်နိုင်ကြောင်း၊ ဖမ်းဆီးမှုနှင့်မသက်ဆိုင်မီက ပြည့်စုံ သည့် ပဏာမ စုံစမ်းစစ်ဆေးမှု အတွက် ၄င်း၏အမှုသည်တွင် အခွင့်အရေးရှိကြောင်း အဆိုပါ ရှေ့နေက တင်ပြခဲ့သည်။ အဆိုပါ ရန်ပုံငွေ တရားမဝင် လွှဲပြောင်းမှုလုပ်ငန်းစဉ်တွင် ပါဝင် ခဲ့သည့် ပူးတွဲတရားခံမှာ အာရိုယို အပြင် ကိုးဦးရှိသည်ဟု ဖော်ပြခဲ့ သည်။
မာန်သစ်နိုး
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )