22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, August 4, 2012

ပဲဈေးအတက်ကြမ်း၊ ဆန်နှင့် ပဲဆီဈေးများ ငြိမ်သက်ပြီး ကြက်သွန်နီ အရောင်းသွက်နေ


လယ်ယာ ထွက်ကုန် သီးနှံမျိုးစုံ ရောင်းချ ပေးနေသော ဘုရင့်နောင် ပွဲရုံဝင်း အတွင်း စားသုံးဆီဈေးနှင့် ပဲဈေးနှုန်းများ ဆက်လက် မြင့်တက်နေပြီး ဆန်နှင့် အခြား စားဖိုဆောင် သီးနှံများဈေးနှုန်း လှုပ်ခတ်မှုနည်းပါးနေကာ ယခုတစ်ပတ်အတွင်း ကြက်သွန်နီများ အရောင်းသွက်နေကြောင်း အဆိုပါပွဲရုံဝင်းအတွင်းမှ စုံစမ်း သိရသည်။
နယ်ဝယ်လက် နည်းသဖြင့် ဆန်တစ်အိတ် ကျပ် ၅၀ဝ ခန့်ကျဆင်း
ပြီးခဲ့သည့် လများက မြန်မာနိုင်ငံနယ် စပ်ဒေသဖြစ်သော မြဝတီမြို့မှ ဆန်ကြမ်း နှင့် ဆန်ကွဲများ ဝယ်ယူမှုမြင့်တက်ခဲ့ခြင်း ကြောင့် ဈေးနှုန်းများ လိုက်ပါမြင့်တက်ခဲ့ သော်လည်း ယခုအပတ်တွင် ယင်းဒေသမှ ဝယ်ယူမှုလျော့ကျခဲ့သဖြင့် ဆန်ကြမ်းတစ် အိတ်လျှင် ကျပ် ၅၀ဝ ခန့် ကျဆင်းလာ ကြောင်း ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ ဆန် ပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။ “မြဝတီသမားတွေက မတင်တော့ ဈေးနည်းနည်းကျလာတယ်။ အခုဖြစ်နေ တဲ့ ဈေးကလည်း တက်တယ်လို့တော့ မဟုတ်သေးဘူး။ ဒီဈေးက ဖြစ်သင့်တဲ့ ဈေးပဲ”ဟု ၄င်းကဆိုသည်။ ယခုအပတ်တွင် ဆန်ကြမ်းများသာ အတက်အကျရှိနေသော်လည်း ဆန်အချော ဈေးနှုန်းများမှာ ငြိမ်နေပြီး ယခုမိုးတွင်း ကာလအတွင်း လက်လီရောင်းချသူအများ စုမှာ ဆန်မှိုတက်မည်ကို စိုးရိမ်ကြသဖြင့် ပစ္စည်းအနည်းငယ်သာ ဝယ်ယူနေသော ကြောင့် အချောဈေးငြိမ်နေခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
နှစ်စဉ်ယခုအချိန်သည် မြို့တွင်းအ ရောင်းအဝယ်အေးတတ်သည့် ကာလဖြစ် ပြီးနယ်ဈေးကွက်ကိုသာ အားထားရောင်း ချနေရကြောင်း၊ မြဝတီမှ အဝယ်လိုက်လျှင် ဈေးမြင့်တက်လာပြီး အဝယ်ရပ်သွားလျှင် ဈေးနှုန်း ပြန်လည်ကျဆင်းလာတတ် ကြောင်း ပိတောက်လမ်းအတွင်းရှိ ဆန်ပွဲ ရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။ ဆန်ကြမ်းများမှာ စတင်ထွက်လာစဉ် ကတည်းက ဈေးနှုန်းအနိမ့်ဖြင့်သာ ရှိနေ ခဲ့ပြီး ဇူလိုင်လအတွင်းမှသာ ပုံမှန်ရှိသင့် သောဈေးနှုန်းသို့ရောက်ရှိလာခြင်းဖြစ် ကြောင်း ယခုလက်ရှိဆန်ကြမ်းတစ်အိတ် လျှင် ကျပ် ၁၄၀ဝ၀ နှင့် ကျပ်၁၅၀ဝ၀ အ ကြားရှိကြောင်း အောင်စင်္ကြာပွဲရုံပိုင်ရှင် ဦး သန်းလွင်က ဆက်လက်ပြောကြားသည်။
“ဆန်တစ်အိတ်ကို ကျပ် ၁၄၀ဝ၀ ကျော်ကျော်ရှိမှ စပါးဈေးနဲ့ ကိုက်တာ။ ဒီ ထက်ကျသွားရင် လယ်သမားတွေပဲ ထိ တာ။ တကယ်ပင်ပင်ပန်းပန်းနဲ့ စိုက်ရ တာက လယ်သမားတွေက စိုက်ရတာ။ စပါးပေါ်တဲ့ အချိန်ကျနေတော့ ပြေလည် တဲ့ လယ်သမားတွေက ဈေးစောင့်လို့ရပေ မယ့် မပြေလည်တဲ့ သူတွေကျတော့ အရှုံး ခံပြီး အကုန်ထုတ်ရောင်းခဲ့ရတာ”ဟု ၄င်း ကဆိုသည်။ ယခုလက်ရှိ ဆန်ကြမ်းဈေးအနည်း ငယ်ကျဆင်းလာသည်ဆိုသော်လည်း မြဝတီမှ ပွဲစားများနှင့် ပြည်ပတင်ပို့သူများ အဝယ်စွဲလာပါက ယခုထက် ဈေးနှုန်းပိုမိုမြင့်တက်လာနိုင်ကြောင်း ၄င်းကသုံးသပ် ပြောကြားသည်။
အတက်ကြမ်းနေတဲ့ပဲ
မြန်မာနိုင်ငံအတွင်းရှိ ပဲဈေးကွက်တွင် ဇူလိုင်လအတွင်း ပဲဈေးနှုန်းများ တရိပ်ရိပ် မြင့်တက်လာခဲ့ပြီး ဇူလိုင်လ ၂၁ ရက်နေ့က ပဲစင်းငုံတစ်တန်လျှင် ကျပ် ၇ သိန်းအထိ ရောက်ရှိသွားခဲ့ကြောင်း ဘုရင့်နောင်ကုန် စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။ အိန္ဒိယနိုင်ငံအတွင်း ရာသီဥတုဖောက် ပြန်နေသဖြင့် စိုက်ဧက နည်းပါးနေပြီး စိုက်သမျှလည်း အကုန်ထွက်နိုင်မည် မဟုတ်သဖြင့် မြန်မာနိုင်ငံမှ ပဲမှာယူမှုမြင့် တက်လာသောကြောင့် ပြည်တွင်းပဲဈေး နှုန်းများ မြင့်တက်နေရခြင်းဖြစ်ကြောင်း ၄င်းကဆက်လက်ရှင်းပြသည်။
ယခုလက်ရှိ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီး ရှားနိုင်ငံနှင့်မလေးရှားနိုင်ငံများသို့ တင်ပို့ နေရသော်လည်း အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့နေရကြောင်း ၄င်းကဆက်လက်ပြော ကြားသည်။ ယခုလက်ရှိ မတ်ပဲRC တစ်တန်လျှင် ကျပ် ၆ သိန်း၊ ပဲစင်းငုံတစ်တန်လျှင် ကျပ် ၆၄၅၀ဝ၀၊ ပဲတီစိမ်းတစ်တန်လျှင် ကျပ် ၇၅၀ဝ၀ ခန့်ပေါက်ဈေးရှိပြီး လာမည့်ပဲ ဈေးကွက်မှာ ယခုထက်ပိုမိုမြင့်တက်လာ နိုင်ကြောင်း ပြည်ပပို့ကုန်လုပ်ငန်းရှင်တစ်ဦး က ဆိုသည်။
ပြည်တွင်းပဲဈေးနှုန်းများမှာ ဇူလိုင်လ ဒုတိယပတ်အတွင်း မတ်ပဲတစ်တန်လျှင် ကျပ် ၄၉၅၅၀ဝ၊ ပဲစင်းငုံတစ်တန်လျှင် ကျပ် ၅၅၅၀ဝ၀၊ ပဲတီစိမ်းတစ်အိတ်လျှင် ကျပ် ၆၈၀ဝ၀ သာရှိခဲ့ပြီး ယခုဈေးနှင့်နှိုင်းယှဉ်ပါ က ရက်သတ္တနှစ်ပတ်အတွင်း တစ်တန် လျှင် ကျပ် ၁ သိန်းဝန်းကျင်ခန့် မြင့်တက် လာခဲ့ကြောင်း ၄င်းကဆက်လက် ပြော ကြားသည်။
ပဲဆီဈေးအမြင့်တွင် ငြိမ်
တရုတ်နိုင်ငံမှ ယခုနှစ်အတွင်း မြေပဲ ဆန်ဝယ်ယူမှုမြင့်တက်လာခဲ့သဖြင့် မြေပဲ ဆီဈေးနှုန်းများတရိပ်ရိပ်မြင့်တတ်လာခဲ့ပြီး ယခုဈေးအမြင့်တွင် ငြိမ်နေကြောင်း ဘုရင့် နောင်ပွဲရုံဝင်းအတွင်းရှိ စားသုံးဆီလက် ကားရောင်းဝယ်သော ပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။ ပြီးခဲ့သည့် နှစ်များက ယခုအချိန် သည်ပဲဆီဈေးမြင့်တက်လေ့ရှိသော်လည်း ယခုနှစ်တွင် ပြည်တွင်းမြေပဲဆန်ရှားပါး လာသဖြင့် ပဲဆီဈေးနှုန်း အဆမတန်မြင့် တက်လာခြင်းဖြစ်ကြောင်း ၄င်းကဆက် လက်ရှင်းပြသည်။
တရုတ်နိုင်ငံက မြေပဲလုံးဆန်များသာ နှစ်စဉ်ဝယ်ယူနေရာမှ ယခုနှစ်တွင် မြေ ပဲလုံးဆန်ရောဆီဆန်ပါဝယ်ယူလာသဖြင့် ပဲဆီဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း ၄င်း ကဆက်လက်ပြောကြားသည်။ ပြီးခဲ့သည့်လက မြန်မာနိုင်ငံအတွင်း သို့ ကျန်းမာရေးနှင့် မညီညွတ်သော တရုတ်ဆီများဝင်ရောက်ခဲ့ပြီး ဇူလိုင်လ လဆန်းပိုင်းတွင် မြန်မာနိုင်ငံမှ တင်ပို့သော အသားများကို တရုတ်နိုင်ငံအစိုးရက ပိတ် ပင်လိုက်ခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ၏ နယ်စပ်ဖြတ်ကျော်ရေးဂိတ်များစစ်ဆေး မှုအပိုင်း အားနည်းနေသေးကြောင်း စိန်ပန်းလမ်းအတွင်းရှိ စားသုံးဆီပွဲရုံပိုင် ရှင်တစ်ဦး ကပြောကြားသည်။
“တရုတ်ဆီတွေဝင်လာတယ်။ ကျန်း မာရေးနဲ့ မညီညွတ်ဘူး၊ တွေ့ရင်သက်ဆိုင် ရာကို အကြောင်းကြားပါ ဘာညာနဲ့ အထဲ ကိုဝင်ပြီးမှ အော်နေလို့အလကားပဲ။ ဝင် ပေါက်ကို လုံအောင်ထိန်းရမှာ၊ အထဲ ရောက်ပြီး ပြန့်နေမှ ဖမ်းဖို့ခက်ခဲတယ်။ တရုတ်က သေသေချာချာစစ်ပြီး အရည် အသွေးမမီဘူးဆို လက်မခံဘူး၊ ဒီက အဲ့ဒီလို မဟုတ်ဘူး”ဟု ၄င်းကဆိုသည်။
ယခုလက်ရှိ တရုတ်ဝယ်အားကြောင့် မြေပဲဆန်ရှားပြီး ပဲဆီဈေးမြင့်တက်နေ သော်လည်း စားအုန်းဆီဈေးနှုန်းများ အကျဘက်သို့ ဦးတည်နေကြောင်း၊ လက် ရှိပဲဆီတစ်ပိဿာ ကျပ် ၄၇၀ဝ၊ စားအုန်းဆီ တစ်ပိဿာကျပ် ၁၇၄၀၊ ပဲဖတ်တစ်ပိဿာ ၈၆၅ ကျပ်၊ မြေပဲဆီဆန်တစ်ပိဿာ ကျပ် ၁၉၅၀၊ လုံးဆန်တစ်ပိဿာ ကျပ် ၂၂၀ဝ ခန့်ရှိကြောင်း ၄င်းကဆက်လက်ပြောကြား သည်။
ပဲဆီဈေးနှုန်းများမှာ အောက်တိုဘာ လ မြေပဲအသစ်ပေါ်ချိန်အထိ ဈေးနှုန်းအ မြင့်ဖြင့်သာရှိနေနိုင်ပြီး အောက်တိုဘာ နောက်ပိုင်းမှသာ ပြန်လည်ကျဆင်းနိုင် ကြောင်း စားသုံးဆီပွဲရုံပိုင်ရှင်များက သုံး သပ်ပြောကြားသည်။
နယ်ဝယ်အားကြောင့် ကြက်သွန်နီ အရောင်းသွက်
မရမ်းကုန်မြို့နယ် ဘုရင့်နောင်ပွဲရုံ ဝင်းအတွင်းရှိ ကြက်သွန်ဈေးကွက်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍နယ်ပွဲ စားများအဝယ်လိုက်လာသဖြင့် အရောင်း သွက်နေသော်လည်း ဈေးနှုန်းမြင့်တက်လာခြင်းမရှိသေးကြောင်း ငုဝါလမ်းအတွင်းရှိ ကြက်သွန်ပွဲရုံပိုင်ရှင်တစ်ဦးကပြောကြား သည်။
“ဧရာဝတီတိုင်းဒေသကြီးထဲက ပွဲစား တွေ အဝယ်လိုက်လာလို့ ရောင်းကောင်း တာ။ ဒီတစ်ပတ်လုံးသွက်တယ်၊ တနင်္လာ နေ့က ကြက်သွန်ကား ၄၆ စီးဝင်တာ အကုန်ကုန်တယ်”ဟု ၄င်းကဆိုသည်။
ဧရာဝတီတိုင်းဒေသကြီးမှ အဓိက လက်သန့်နှင့် ရှယ်စများကို အဓိကဝယ်ယူ နေပြီးပွဲရုံ တစ်ရုံလျှင် အိတ် ၂၀ဝ မှ ၃၅၀ အထိ ရောင်းကုန်ကြောင်း တစ်ရက် ဝင် ရောက်လာသည့်ပမာဏကို တစ်ရက် ရောင်းကုန်ကြောင်း ၄င်းကဆက်လက် ပြောကြားသည်။ ဘုရင့်နောင် ပွဲရုံဝင်းအတွင်းသို့ တစ် ရက်လျှင် ကြက်သွန်ကား ၃၅ စီးခန့် ပုံမှန် ဝင်ရောက်နေပြီး မြို့တွင်းရောင်းအားမှာ အနည်းပါးနေသေးကြောင်း၊ ကြက်သွန်နီ များသာ အရောင်းသွက်နေသော်လည်း ကြက်သွန်အဖြူများမှာ အေးနေကြောင်း ရေတမာလမ်းအတွင်းရှိ ကြက်သွန်ပွဲရုံ ပိုင် ရှင်တစ်ဦးကပြောကြားသည်။ “အနီအိတ် ၂၀ ဝယ်မှ အဖြူ ၂ အိတ် လောက်ပဲဝယ်တာ။ ဈေးတွေကတော့ အတက်အကျမရှိဘူး”ဟု ၄င်းကဆိုသည်။
ယခုလက်ရှိ ဆိပ်ဖြူတစ်ပိဿာ ကျပ် ၄၅၀-၆၅၀ ၊ မြင်းခြံ တစ်ပိဿာ ကျပ် ၄၆၀-၆၅၀ ခန့်ရှိပြီး ရှမ်းဖြူတစ်ပိဿာ ကျပ် ၆၅၀-၁၁၀ဝ၊ ၁၃၀ဝ ခန့်ရှိကြောင်း ၄င်းကဆက်လက်ပြောကြားသည်။ လာမည့် ကြက်သွန်ဈေးကွက်တွင် ယခုဈေးအတိုင်းပင် အောက်တိုဘာလ အထိ ဆက်လက်ဈေးငြိမ်နေနိုင်ကြောင်း ၄င်းကဆိုသည်။
ပုံမှန်အတိုင်းသာဖြစ်နေတဲ့ အာလူး
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း မြို့မှ ဝင်ရောက်လာသော အာလူးများမှာ ယခုလက်ရှိ ရှယ်စများဈေးနှုန်းမြင့်တက် နေသဖြင့် လက်လီသမား အများစုမှာ အသေးစားများကိုသာ ပိုမိုအဝယ်စွဲကြ ကြောင်း ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ အာလူးလက်လီလက်ကားရောင်းဝယ် သော ပွဲရုံပိုင်ရှင်တစ်ဦးကပြောကြားသည်။
ဟဲဟိုးဒေသမှ ထွက်သော အာလူး များမှာ ယခုဝင်ရောက်မှု မရှိတော့ဘဲ ဈေးကွက်အတွင်း အောင်ပန်းအာလူးများကို သာ အဓိကရောင်းချနေရကြောင်း အာလူး အလုံးကြီးနှင့်အသေးတစ်ပိဿာလျှင် ကျပ် ၂၀ဝ ခန့်ကွာခြားသဖြင့် မြို့တွင်းလက်လီ ရောင်းချသူအများစုမှာ အသေးစားများကို သာအဝယ်လိုက်နေကြောင်း ငုဝါလမ်း အတွင်းရှိ မြမိုးစံပွဲရုံပိုင်ရှင်က ဆက်လက် ပြောကြားသည်။ ယခုလက်ရှိတစ်ရက်လျှင် ကား ၁၆ စီး ခန့်ပုံမှန်ဝင်ရောက်လျက်ရှိပြီး မြို့တွင်း ရောင်းအားသာရှိနေကြောင်း၊ နယ်ဝယ် လက်များဝယ်ယူမှု နည်းပါးနေသဖြင့် ပွဲရုံ အများစုတွင် လက်ကျန်များနေကြောင်း ၄င်းကဆက်လက်ပြောကြားသည်။
ငရုတ်ဈေးများကျဆင်းလာ
ဘုရင့်နောင်ပွဲရုံဝင်းအတွင်းသို့ ငရုတ် ခြောက်အဝင်နည်းနေသော်လည်း ဝယ် လက်မရှိသဖြင့် ငရုတ်ခြောက်ဈေးများကျ ဆင်းလာကြောင်း အဆိုပါပွဲရုံဝင်းအတွင်း ရှိ ငရုတ်ခြောက်ပွဲရုံပိုင်ရှင်တစ်ဦးက ပြော ကြားသည်။ မြစ်ဝကျွန်းပေါ်ဒေသမှ ငရုတ်ခြောက် များမှာ ယခုဝင်ရောက်ခြင်းမရှိတော့ဘဲ ရန်ကုန်ဈေးကွက်အတွင်းလက်ကျန်များ ကိုသာ မှေးရောင်းနေရကြောင်း၊ ငရုတ် ခြောက်အဝင်နည်းနေသော်လည်း ဝယ် လက်မရှိသဖြင့် ငရုတ်တစ်ပိဿာ ကျပ် ၅၀ဝ ခန့်ကျဆင်းလာကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ ငရုတ်များမှာ ယခင်က ရန်ကုန်သို့ ပုံမှန် ဝင်ရောက်လေ့ရှိသော်လည်း ယခုရက်ပိုင်း တွင် တရုတ်နိုင်ငံသို့ အညှြာွေခပြီး တိုက် ရိုက်တင်ပို့နေကြသဖြင့် ရန်ကုန်သို့အဝင် နည်းသွားကြောင်း ငုဝါလမ်းအတွင်းရှိ ငရုတ်ခြောက်ပွဲရုံပိုင်ရှင် တစ်ဦးကဆိုသည်။
ယခုလက်ရှိ စိမ်းစား(ပု) တစ်ပိဿာ ကျပ် ၃၅၀ဝ-၃၈၀ဝ၊ မြစ်ဝကျွန်းပေါ် အရှည်တစ်ပိဿာ ကျပ် ၁၈၀ဝ-၂၀ဝ၀ ၊ ကျောက်ဆည် (မိုးထောင်) တစ်ပိဿာ ကျပ် ၂၄၀ဝ-၂၅၀ဝ ၊ အိန္ဒိယ(အရှည်) တစ် ပိဿာ ကျပ် ၂၃၀ဝ ခန့်ရှိပြီး ယခုနှစ် ငရုတ် ခြောက်ဈေးနှုန်းမှာ ယခင် ငရုတ်ခြောက် တစ်ပိဿာ ကျပ် ၁၄၀ဝ၊ ၁၅၀ဝ ခန့်သာ ရှိကြောင်း ၄င်းကဆက်လက်ပြောကြား သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )