22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, August 4, 2012

ဒဂုံအရှေ့တွင် တာတမံ ပိတ်ဆို့မှုကြောင့် လယ်ဧက ၂၀၀၀ နီးပါး ရေနစ်မြုပ်

ရန်ကုန်၊ သြဂုတ် ၃

ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ မလစ် အရှေ့ကျေးရွာ အုပ်စုမှ လယ်မြေများ၏ ရေစီးဆင်းရာ လမ်းကြောင်းများရှိ တာတမံများ ပိတ်ဆို့ ထားမှုကြောင့် စိုက်ပျိုးပြီး လယ်ဧက ၂၀၀၀နီးပါး ရေနစ်မြုပ်ကာ စပါးပင်များ ပျက်စီးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း မလစ်ကျေးရွာမှ လယ်သမားများက ပြောကြားသည်။

ငမိုးရိပ် ရေထိန်း တံခါးမှ ရေနုတ်ယူမှု နည်းပါးခြင်း အပါအဝင် စိတ်ကျန်းမာရေး ဆေးရုံနံဘေးရှိ ဘဲတန်းရိုးချောင်းကို ပြီးခဲ့သည့် ရက်သတ္တပတ်မှ စတင်ကာ တာတမံ ပိတ်ဆို့မှုကြောင့် ၎င်းတို့ကျေးရွာ အုပ်စုများရှိ လယ်မြေများနှင့် နေအိမ်ခြံဝင်းများပါ ရေနစ်မြုပ် နေကြောင်း ယင်းကျေးရွာမှ တောင်သူလယ်သမားနှင့် အလုပ်သမား အဖွဲ့အစည်း ဥက္ကဋ္ဌ ဦးညွန့်ဝေက ရေနစ်မြုပ်မှု အခြေအနေကို ရှင်းပြသည်။

 စိုက်ပျိုးပြီး တစ်လကျော် သက်တမ်းရှိသည့် စပါးများမှာ ရေနစ်မြုပ်မှုဒဏ်ကို ၁၀ ရက် အထိ ခံနိုင်သော်လည်း စိုက်ပျိုးပြီး ရက်ပိုင်းသာ ရှိသေးသည့် စပါးများမှာမူ ရေနစ်မြုပ် တစ်ပတ်ကြာပါက ပျက်စီးမည်သာ ဖြစ်ကြောင်း စပါးများ ပျက်စီးမည့် အန္တရာယ် အပေါ် မလစ် ကျေးရွာမှ လယ်သမားတစ်ဦး ဖြစ်သူဦးသန်းထွန်းက စိုးရိမ်မကင်း ပြောဆိုသည်။

ယင်းကျေးရွာအုပ်စုများရှိလယ်မြေများ၏ ရေထွက်ပေါက် တစ်ခုဖြစ်သော ငမိုးရိပ် ရေထိန်းတံခါး၊ တည်ဆောက်ရေး ၆ မှ တာဝန်ကျ အင်ဂျင်နီယာ တစ်ဦးကလည်း ရေထိန်းတံခါးကို မေလကတည်းက ဖွင့်လှစ် ပေးထားပြီး ယခုရက်ပိုင်း အတွင်း မိုးရွာသွန်းမှုမှာ သုံးရက်လျှင် မိုးရေချိန် လက်မ ၆လက်မခန့် ရွာသွန်းသောကြောင့် ရေထိန်းတံခါး အတွင်း ရေများနေသဖြင့် ယင်းလယ်မြေများမှ ရေနုတ်ယူမှု အားနည်း ရခြင်းသာ ဖြစ်ကာ ၎င်းတို့အနေနှင့် အားနည်းချက်များကို ရှာဖွေ၍ ပြင်ဆင်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

စိတ်ကျန်းမာရေး ဆေးရုံနံဘေးရှိ ရေထွက်ပေါက် တစ်ခုဖြစ်သော ဘဲတန်းရိုးချောင်းကို တာတမံ ပိတ်ဆို့ထားခြင်းနှင့် ပတ်သက်၍ ဆည်မြောင်းဦးစီးဌာနမှ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးကမူ ဘဲတန်းရိုးချောင်းတာတမံ တစ်ဘက်ခြမ်းရှိ စိတ်ကျန်းမာရေး ဆေးရုံနှင့် ဧက ၃၀၀၀ခန့်ရှိ လယ်မြေများ ရေနစ်မြုပ်မည့် အန္တရာယ်ကြောင့် တာတမံ ပိတ်ဆို့ရခြင်း ဖြစ်ကြောင်း၊တာတမံ မပိတ်ဆို့ပါက တာတမံမြောက်ပိုင်းရှိ မလစ်အရှေ့ကျေးရွာအုပ်စုရှိ လယ်ဧက၂၀၀၀ အပါအဝင် တာတမံတောင်ပိုင်းရှိ လယ်ဧက ၃၀၀၀ နှင့်စိတ်ကျန်းမာရေးဆေးရုံပါ ရေနစ်မြုပ်မည်ဖြစ်ကြောင်း The Voice Weekly သို့မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

The Voice Weekly
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )