ဂျပန် နိုင်ငံသို့ ကုန်ကျစရိတ် သက်သာ စွာဖြင့် သွားရောက် ပညာ သင်ကြား လိုသည့် ကျောင်းသား ကျောင်းသူများအတွက် အရည် အချင်းစစ်စာမေးပွဲကို West Coast Language School (Tokyo) မှ ဩ ဂုတ်လ ၁၉ရက်နေ့တွင်ကျင်းပ ပြုလုပ်ပေးမည်ဖြစ်ကြောင်းသိရ သည်။
အဆိုပါ စာမေးပွဲကိုဂျပန် ဘာသာN3 နှင့် အထက်အဆင့်ရှိ သူများဝင်ရောက်ဖြေဆိုနိုင်ပြီး ထူး ချွန်စွာအောင်မြင်သူများအနေဖြင့် ကျောင်းလခတစ်နှစ်စာ၊ကျောင်း ဝင်ကြေး၊ လေယာဉ်လက်မှတ် အပါအဝင် ယန်းရှစ်သိန်းသာပေး သွင်းကာ ကျောင်းတက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ အောင်မြင်သူများအနေဖြင့် လာမည့်၂၀၁၃ခုနှစ်၊ ဇန်နဝါရီလ နှင့် ဧပြီလတန်းခွဲများတွင် စတင် တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
အမှန်တကယ် ပညာသင်ကြားလို သူလူငယ်များအနေဖြင့်Westcoast Japanese Language Center (ရန်ကုန် + မန္တလေး)တွင်စာမေးပွဲဖြေ ဆိုရန်လျှောက်လွှာများ ကိုဩဂုတ် လ ၁၅ရက်နေ့နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်သည်။
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com