22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  
Friday, August 24, 2012
ဘတ်စ်ကားတစ်စီး ပျမ်းမျှလူဦးရေ(၁၁၇)ဦး တင်ဆောင်နေရ၍ မြို့ပတ်ရထားကို အားကိုးသင့်ဟု မထသအကြံပြု
ရန်ကုန်မြို့တွင်းရှိ ဘတ်စ်ကားတစ်စီးလျှင်
ပျမ်းမျှခရီးသည်(၁၁၇)ဦး တင်ဆောင်
နေရသည့် အတွက် မြို့ပတ်ရထားများအား
အဆင့်မြှင့်တင်၍ အချိန်မှန်ထပ်မံတိုးချဲ့ ပြေးဆွဲသင့်ကြောင်းကိုမထသ(ဗဟို)မှ
အကြံပြုပြောကြားသည်။
ရန်ကုန်မြို့တွင်း၌ ဘတ်စ်ကားမလုံလောက်မှုတို့ကြောင့် နေ့စဉ်လူကြပ်မှုဒုက္ခများကို
ဖြေရှင်းရန် မြို့ပတ်ရထားများကို အားကိုးရန် ဆိုလိုခြင်းဖြစ်သည်။
 '' မြို့ပတ်ရထားတွေကို အချိန်သတ်မှတ်ချက်လေးနဲ့သွားမယ်၊ ထပ်ပြီးတိုးချဲ့မယ် အဲ့ဒါဆိုရင်ဘတ်စ်ကားကြပ်တာ   လျော့နည်းသွားစရာ အကြောင်းရှိပါတယ်၊ ကျွန်တော်ဥာဏ်မှီသလောက်အကြံပြုပြောတာပါ''ဟု မထသ(ဗဟို) တာဝန်ရှိ
သူတစ်ဦးကပြောသည်။
ရန်ကုန်မြို့တွင်တစ်နေ့တာကာလအတွင်း၌ပြေးဆွဲနေသော ဘတ်စ်ကားစီးရေများ
မှာ မထသ(ဗဟို)မှ ကောက်ယူထားသော စာရင်းများအရ (၄၅ဝဝ)ဝန်းကျင်ခန့်ရှိပြီး ဘတ်စ်ကားစီးသောလူဦးရေမှာ (၂. ၆)သန်းဝန်းကျင်ခန့်ရှိကြောင်းသိရသည်။
 အဆိုပါ လူဦးရေနှစ်သန်းကျော်အား ဘတ်စ်ကားများဖြင့် အချိုးကျကြည့်လျှင်
ဘတ်စ်ကားတစ်စီးလျှင် ခရီးတစ်ကြောင်း၌ ခရီးသည်(၁၁၇)ယောက်ခန့်တင်၍ ပြေးဆွဲနေရကြောင်းသိရသည်။
 ရန်ကုန်မြို့တွင်းရှိသော ခရီးသည်များနှင့် လက်ရှိပြေးဆွဲနေသောဘတ်စ်ကားများ မညီမျှမှု၏ဘေးထွက်ဆိုးကျိုးအချို့မှာ အထူးကားများလည်း လူပိုတင်နေခြင်း အချို့နေရာများသွားလျှင်ဘတ်စ်ကားအားအချိန်ကြာကြာစောင့်ရခြင်းတို့
''ဘတ်စ်ကားစီးရတာက တော်တော်ကြပ်တယ်ဗျ အထူးကားကော၊ရိုးရိုးကားကော
ခါတိုင်းဆိုမနက်နဲ့ညနေပဲ ကျပ်တာ၊ အခုဆိုနေ့လည်နေ့ခင်းပါကျပ်လာတယ်''ဟု ကမာရွတ်မြို့နယ်နေလူငယ်တစ်ဦးကပြောသည်။
ယခုအချိန်၌ ရန်ကုန်မြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့ပတ်ရထားမှာ
တစ်နေ့လျှင် စုစုပေါင်းအသွားအပြန်အကြိမ်ရေ(၇ဝ) ပြေးဆွဲလျက်ရှိပြီး
လတ်မှတ်တစ်စောင်လျှင် (၁ဝဝ)ကျပ် ပေးရကာ အသွားအပြန်စီး၍ရကြောင်း
 မြန်မာ့မီးရထားက သိရှိရသည်။
 ထိုကဲ့သို့ ရထားများအချိန်မှန်ပြေးဆွဲခြင်း၊လမ်းကြောင်းများထပ်တိုးခြင်းနှင့် ရထားများအားအဆင့်မြှင့်တင်ခြင်းများ ပြုလုပ်လျှင်   ပြည်သူများအနေဖြင့်လည်း ရထားကိုသာအားထား၍စီးကြမည်ဖြစ်ကြောင်း ပြည်သူများထံက သိရှိရသည်။
မြစ်မခမီဒီယာ
Print Friendly and PDFPrintPrint Friendly and PDFPDF
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com
Zawgyi Converter
Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter
ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )