22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, August 9, 2012

မန္တလေးပရိသတ်တွေရဲ့ အနမ်းခံခဲ့ရဖူးတဲ့ ဂျေမီ


ရန်ကုန်က ရက်ပါ လူငယ်တွေနဲ့ မန္တလေးက ရက်ပါ လူငယ်တွေ ရဲ့ ဝတ်ပုံ စားပုံ တွေက ကွာခြားသလို၊ ပရိသတ်တွေရဲ့ အား ပေးမှု ခြင်း ကလည်း နည်းနည်း ကွာဟမှု ရှိတယ်လို့ ဂျေမီက ဆိုပါတယ်။ 
"ဝတ်ပုံစားပုံဆိုရင် မန္တလေးက နိုင်ငံ ခြားကအတိုင်းကို ဝတ်တာ။ ဘယ်လောက် ပူနေပါစေ။ ကုတ်ကြီးတွေကို ဝတ်ကြတယ်။ အီမို ဖက်ရှင် ရန်ကုန်မှာ သိပ်ပြီး ခေတ်တောင် မစားသေးဘူး။ ရန်ကုန်မှာက စပြီးစဉ်းစား တုန်းရှိသေးတယ်။ မန္တလေးမှာ အီမိုက ခေတ်စားနေပြီ။ နောက်မန္တလေးက ပရိသတ် မခွဲဘူး။ ကိုလေးဖြူနားထောင်တဲ့ လူကလည်း ကျွန်တော့်သီချင်း ကိုနားထောင်ရင် နား ထောင်တာပဲ။ ရန်ကုန်မှာလို မဟုတ်တော့ ဘူး။ ဖက်ရှင်မှာတော့ မန္တလေးကို သွားယှဉ် လို့မရဘူး။ မန္တလေးသူတွေ ဝတ်လိုက်တဲ့ ဖက် ရှင်တိုင်းက နိုင်ငံခြားကားကြည့်နေရတဲ့ အတိုင်းပဲ" လို့ ဂျေမီက သူ့ရဲ့အမြင်ကို ပြော ပြပါတယ်။
မန္တလေးမှာ မြူးဇစ်ကို သဘော ပေါက်နားလည်ပြီး သီချင်းတော်တော်ဆို တတ်တဲ့လူတွေ ရှိကြောင်းလည်း ဂျေမီက ပြောပါတယ်။ ဂျေမီက မန္တလေးမှာ ရှိုးပွဲတွေ ဆိုဖြစ်တာ ပွဲ၂ဝလောက်ရှိပြီဖြစ်ကြောင်း၊ ပထမဆုံး မန္တလေးမှာဆိုတဲ့ ပွဲတုန်းက ပရိသတ်တွေက ဂျေမီ၊ဂျေမီလို့ခေါ်ပြီး အား ပေးတဲ့အသံက တအား ကျယ်လွန်း အားကြီးလို့ မုန်တိုင်းလာနေသလိုထင်မိကြောင်းပြောပါတယ်။
"မန္တလေးမှာက မြူးဇစ်ကိုတကယ်ကြိုက် လို့လာတာ။ ဘယ္သူမွ အဲဒီေ လာက္ပိုက္ဆံ အကုန္ခံၿပီးမလာဘူး။ မန္တလေးမှာ ရှိုးပွဲလက် မှတ်က တော်တော် ဈေးကြီးတယ်။ တစ်သောင်း တွေဘာတွေ ရောင်းတာလေ။ ဒါတောင် ရောင်းဈေးနော်။ ငါးထောင်ဆိုတာဖြစ်ခဲတယ်။ ရန်ကုန်မှာဆိုရင် အဲဒီလောက်ဈေးနဲ့ဆိုရင် ဘယ်သူ့မှ လာကြည့်တော့မှာ မဟုတ်ဘူး။ ကျွန်တော်မန္တလေးမှာ ရှိုးဆိုတုန်းက တစ်ခါ အမှတ်တရဖြစ်တယ်။ စင်ပါကျိုးကျတာ။ စင် ပေါ်ကို ပရိသတ်တွေ ခုန်တက်လာကြတာ။ ပြီးတော့ ကျွန်တော့်ကို ဝိုင်းပြီး ဖက် နမ်းကြတယ်။ အဲဒီတုန်းက စိတ်ထဲမှာေ တာ့ တွေးတယ်။
သူတို့မုန်းလို့တက်လာပြီး ဓားနဲ့ ထိုးလိုက်လည်းခံလိုက်ေ တာ့မယ်ဟေ့ဆိုပြီး မျက်စိကို မှိတ်ပြီး နေလိုက်တယ်။ ဂျေမီ ဒါမန္တလေး သားတွေနော်။ မန္တလေး သားတွေ ကချစ်လို့ အားပေးတာနော် မကြီးကျယ်ရဘူး ဆိုပြီးသူတို့ကပြောတယ်။ ဟာမလုပ်ပါဘူးဗျာ ဆိုပြီးကျွန်တော့်မှာ ပြန်ပြောရတယ်။ တော့် တော့်ကို အားပေးတာပါ"လို့ မန္တလေးပရိသတ် ရဲ့အားပေးမှုအကြောင်းပြောပါတယ်။ ဂျေမီ က သြဂုတ်လထဲမှာ ထွက်မယ့် 'ဘဝရဲ့နိဗ္ဗာန်'MTVအခွေပရိုမိုးရှင်းကို မန္တလေးမှာ ပြုလုပ် ဖို့ စီစဉ်ထားကြောင်း ပြောပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )