22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, August 9, 2012

မန္တလေးမြို့မှာ ကျင်းပတဲ့ ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုအကြို အခမ်းအနား...


 မန္တလေးမြို့၌ ကျင်းပသော ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုအကြို အခမ်းအနားတွင် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ရေစက်ချ အမျှဝေနေစဉ်။ (ဓာတ်ပုံ Messenger News Journal)

သတင်း (Popular News Journal)  
မန္တလေး ၊ သြဂုတ်လ ၈ရက်   ၈၈၈၈ အရေးတော်ပုံ ၂၄ နှစ်ပြည့်အခမ်းအနား ကိုမန္တလေးမြို့ ဘုရားကြီးအလယ်တိုက်၌ သြဂုတ်လ ၈ရက်နေ့၌ ကျင်းပခဲ့သည်။ အခမ်းအနားမစတင်မှီ ၈၈မျိုးဆက်ကျောင်းသား ၊ ၈၈ အရေးတော်ပုံတွင် ကျဆုံးခဲ့သော မိသားစုဝင်များ၊ တိုင်းရင်းသားများက သံဃာတော်များကို သင်္ကန်းများ ဆက်ကပ်ခဲ့ကြသည်။ ဆက်လက်၍ ၈၈မျိုးဆက်ကျောင်းသားဟောင်း ကိုမင်းကိုနိုင်က သင်္ကန်းကပ်လှူရခြင်း အကြောင်းပြောကြားခဲ့ပြီး၊ သံဃာသာမဂ္ဂီအဖွဲ့ချုပ် အထက်ဗမာပြည်အတွင်းရေးမှူး ဆရာတော်ဦးဝါသ၀မှ အနုဟေဓနာ တရားဟောကြားခဲ့သည်။ ထို့နောက် ၈၈ မျိုးဆက် ကျောင်းသားဟောင်း ကိုဂျင်မီမှာ အချက် (၅)ချက်ပါ သဘောထား ကြေညာချက်ကို ကြေငြာခဲ့ကာ၊အခမ်းအနားဖြစ်မြောက်ရေး ဦးဆောင်ကော်မတီမှ ကိုဇာနည်အောင်က ကျေးဇူးတင် စကားပြောကြားခဲ့သည်။ 

 စိုင်းလမင်း 
ဒီမိုဝေယံသို့ ပေးပို့လာတဲ့ ယနေ့ မန္တလေး ရှစ်လေးလုံး အရေးတော်ပုံအခမ်းအနား
ဓာတ်ပုံများ ပေးပို့သူ.. 
 ပြည်သူ့သတင်းထောက် (AM)
ယနေ့ (၈.၈.၂၀၁၂) နံနက် ၇-နာရီက မန္တလေးမြို့ ဘုရားကြီးအလယ်တိုက်ကြီး ဒက္ခိဏာရာမ  ကျောင်းတိုက်တွင်  ၈၈၈၈ အရေးတော်ပုံငွေရတုအကြို ၀ါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ အခမ်းအနား ကျင်းပရာ ၈၈ မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင်  များနှင့် အနယ်နယ်အရပ်ရပ်မှ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ တက်ရောက်ကြရာ ဒီမိုကရေစီလှုပ်ရှားသူများ စုစည်းမှုတရပ်အနေဖြင့် မှတ်ကျောက်တင်သည့် နေ့တနေ့အဖြစ် မြင်တွေ့ရပါတော့သည်။
ဓာတ်ပုံ ... ပြည်သူ့သတင်းထောက် (AM)
လွှတ်တော်အတွင်းမှ အဖွဲ့ချုပ် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များရဲ့ ၈လေးလုံးနှစ်ပတ်လည် ၀မ်းနည်းခြင်းအထိမ်းအမှတ်
၈လေးလုံးနှစ်ပတ်လည် ၀မ်းနည်းခြင်းအထိမ်းအမှတ် အနေဖြင့် NLD အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ ဒေါ်အောင်ဆန်းစုကြည်မှ လွဲ၍ ယနေ့ လွှတ်တော် တတ်ရောက်ချိန်တွင် အနက်ရောင်ပါသည့် လုံခြည်များကိုသာ ၀တ်ဆင်ထားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောသည်။

သတင်း၊ ဓာတ်ပုံ (Popular News Journal)  
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )