22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, August 23, 2012

လမ်းဖောက်လို့ ဖျက်ပေးလိုက်ရတဲ့ နေအိမ်တွေ အိမ် အစားထိုး ပြန်မရပဲ ဖြစ်နေ



ရန်ကုန်-မန္တလေး ၈ လမ်းသွား အမြန်ကားလမ်းမကြီး ဖောက်လုပ်ရာမှာ မလွတ်လို့ နေအိမ်တွေ ဖျယ်ပေးလိုက်ရတဲ့ မန္တလေးတိုင်း တံတားဦးမြို့နယ် ပဒဲဘ ကျေးရွာက
အိမ်ခြေ ၆၀ လောက်ဟာ အစားထိုး နေအိမ်တွေ ပြန်မရပဲ ဖြစ်နေလို့ မကျေမနပ် ဖြစ်နေကြပါတယ်။ လမ်းနဲ့ မလွတ်တဲ့ နေအိမ်တွေကို အစားထိုး ပြန်ပေးမယ်ဆိုပြီး
ဖျက်ခိုင်း ခဲ့တာဖြစ်ပြီး တကယ်တမ်း ပြန်မပေးတာကြောင့် ဒေသခံ ရွာသားတွေမှာ မကျေမနပ် ဖြစ်နေကြတာ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် အောက်တိုဘာလကနေ စတင်
ဖောက်လုပ်ခဲ့တဲ့ ဒီ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဟာ ၂၀၁၀ ခုနှစ်မှာ ပြီးဆုံးခဲ့ပေမယ့် အိမ် အဖျက်ခံရတဲ့ သူတွေကတော့ ယနေ့ အချိန်အထိ အိမ် အစားထိုး
ပြန်မရကြ သေးတာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတော် သမ္မတ အပါအဝင် သက်ဆိုင်ရာ အစိုးရရုံးတွေကို ၃ ကြိမ်တိုင်တိုင် တင်ပြ ခဲ့ပေမယ့် တစ်စုံတစ်ရာ အကြောင်း
မထူးခဲ့ဘူးလို့ ဒေသခံတွေက Burma VJ Media ကိုပြောပါတယ်။



Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )