22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 17, 2012

ဝီကီလိခ်တည်ထောင်သူ အီကွေဒေါ ခိုလှုံခွင့်ပြု


ဝီကီလိခ်စ် ဝဘ်ဆိုက်တည်ထောင်သူ Julian Assange

လန်ဒန်မြို့မှာရှိတဲ့ အီကွေဒေါ သံရုံးမှာ လွန်ခဲ့တဲ့ နှစ်လကတည်းက ခိုလှုံခွင့်လျှောက်ထားထားတဲ့ ၀ီကီလိခ် အင်တာနက်ဝဘ်ဆိုက် တည်ထောင်သူ ဂျူလီယန် အာဆန်းခ်ျကို အီကွေဒေါနိုင်ငံက လက်ခံအတည်ပြုလိုက်ပါပြီ။

ဝီကီလိခ်ဟာ အင်တာနက်ကနေ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ချပြခဲ့တဲ့ အင်တာနက် ၀ဘ်ဆိုက်ဖြစ်ပါတယ်။ အီကွေဒေါနဲ့ ဗြိတိန်နိုင်ငံ နှစ်နိုင်ငံအကြား သံတမန်ရေးအရ တင်းမာမှုတွေ ဖြစ်ပွားနေချိန်မှာ အာဆန်းခ်ျရဲ့ ခိုလှုံခွင့်လျှောက်ထားချက်ကို အတည်ပြုကြောင်း အီကွေဒေါနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ရီကာဒို ပတီနို က ကွီတိုမြို့မှာ ကြာသာပတေးနေ့က ကြေညာ လိုက်တာပါ။


သူက အာဆန်းခ်ျရဲ့လုံခြုံရေးဟာ အန္တရာယ်ရှိကြောင်း၊ သူ့ကို အမေရိကန်ပြည်ထောင်စုကို လွှဲပေးလိုက်မယ်ဆိုရင် မျှမျှတတ တရားစီရင်မှု ခံရမှာ မဟုတ်ဘူးလို့ ပြောပါတယ်။


ဗြိတိန်အာဏာပိုင်တွေက အီကွေဒေါ သံရုံးအတွင်း အတင်းဝင်ရောက်ပြီးတော့ မစ္စတာအာဆန်းရှ်ကို ဖမ်းမယ်ဆီးမယ် ဆိုပြီးတော့ ခြိမ်းခြောက်တာကို ခံနေရတယ်လို့ အီကွေဒေါ တာဝန်ရှိသူတွေက စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဗြိတိန်နိုင်ငံက အီကွေဒေါနိုင်ငံ သံရုံးရဲ့ သံတမန်အဆင့်အတန်းကို ရုပ်သိမ်းနိုင်တဲ့ ဥပဒေကို အသုံးပြုမယ်ဆိုပြီးတော့ သတိပေးထား တယ်လို့ ဆိုပါတယ်။


မစ္စတာအာဆန်းခ်ျက သူ့ကို ဆွီဒင်နိုင်ငံလက်ကို လွှဲပြောင်းမပေးနိုင်အောင် လန်ဒန်မှာရှိတဲ့ အီကွေဒေါသံရုံးမှာ ပြီးခဲ့တဲ့ ဇွန်လကတည်းက ခိုလှုံနေခဲ့တာပါ။


ဗြိတိန်နိုင်ငံက မစ္စတာအာဆန်းခ်ျ ဆွီဒင်နိုင်ငံကို လွဲပြောင်းပေးချင်နေတာပါ။ ဆွီဒင်နိုင်ငံက မစ္စတာ အာဆန်းခ်ျကို လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့မှုနဲ့ စစ်ဆေးဖို့ အလိုရှိနေတာဖြစ်ပါတယ်။ မစ္စတာ အာဆန်းခ်ျကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ သူ့ကို ဗြိတိန်နိုင်ငံ ကနေ အေးအေးဆေးဆေး ထွက်ခွာသွားတာမျိုး ခွင့်မပြုနိုင်ဘူးလို့ ဗြိတိန် အာဏာပိုင်တွေက ပြောနေတာပါ။


မစ္စတာအာဆန်းခ်ျက သူ့ကို ဆွီဒင်နိုင်ငံကတဆင့် အမေရိကန်ပြည်ထောင်စုကို လွှဲပေးမှာ စိုးရိမ်နေပါတယ်။ အမေရိကန် အာဏာပိုင်တွေက အစိုးရလျှို့ဝှက် သတင်းအချက်အလက်တွေ သံရုံးတွေကနေ ဆက်သွယ်တဲ့ သံတမန်သတင်း အချက်လက်တွေကို ၀ီကီလိခ် ၀ဘ်ဆိုက်ကနေ ဖွင့်ချခဲ့မှုနဲ့ သူ့ကို တရားစွဲဆိုနိုင်ပါတယ်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )