22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 24, 2012

အာရှ ဖွံ့ဖြိုးရေးဘဏ် သတင်းစာ ရှင်းလင်းပွဲ

သြဂုတ်လ ၁ ရက်နေ့က အင်းယားလိပ် ဟိုတယ်မှာ ရုံးဖွင့်ခဲ့တဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ် ADB အနေနဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းတွေမှာ
ပါဝင် ကူညီဖို့ အစီအစဉ်တွေနဲ့ ပတ်သက်လို့ သြဂုတ်လ ၂၁ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ် ခဲ့ပါတယ်။ ( ADB ) အနေနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုး
တိုးတက်ရေးအတွက် ဒီနှစ်ကနေ စတင်ပြီး ကဏ္ဍပေါင်းစုံ လုပ်ငန်းတွေကို လေ့လာပြီး အစိုးရနဲ့ တိုက်ရိုက်ဖြစ်စေ၊ လူမှုအသင်းအဖွဲ့တွေမှ တစ်ဆင့်ဖြစ်စေ
ဆက်သွယ်ပြီး ပံ့ပိုး ကူညီပေးသွားဖို့ အစီအစဉ်ရှိကြောင်း အာရှ ဖွံ့ဖြိုးရေးဘဏ်မှ Puta.Mr. Kamayana ကပြောဆို သွားခဲ့ပါတယ်။ ၎င်း ပူးပေါင်းကူညီရာမှာ
ကျေးလက်ဒေသတွေ စစ်မက်ဖြစ်ပွားနေတဲ့ နေရာတွေကို ပထမဦးဆုံး အနေနဲ့ ပြုပြင်ပြောင်းလဲဖို့ လိုအပ်ကြောင်းနဲ့ ADB အနေနဲ့ နည်းပညာအရ ဖြစ်စေ၊
capacity building သင်တန်းပေးခြင်း ဖြစ်စေ လိုအပ်တဲ့ ကဏ္ဍတွေမှာ ကူညီပံ့ပိုးသွားဖို့ အစီအစဉ်ရှိကြောင်း ပြောဆို ခဲ့ပါတယ်။ ဒီသတင်းစာ ရှင်းလင်းပွဲကို
ပြည်တွင်း ပြည်ပ သတင်းမီဒီယာ ၃၀ လောက် တက်ရောက် ခဲ့ကြပါတယ်။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )