22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, August 7, 2012

အလှအပရဲ့ နောက်ကွယ်မှာ

အမျိုးသမီးတွေရဲ့ ဆွဲဆောင်မှု
ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေရဲ့
အားသာချက်ကို ပိုင်ဆိုင်သူတွေက ပိုင်ဆိုင်သူတွေက ပိုပြီးခံစားကြရမှာပါ။ ဆွဲဆောင်မှုမရှိတဲ့ သူတွေဆိုရင် နေရာမပေးခံရတာလည်း ကာယကံရှင်တွေကိုယ်တိုင် သိရှိနေမှာပဲလေ။ မောင်ကေနိုင်းကလည်း လှတာထက် ဆွဲဆောင်မှုရှိတာကို ပိုကြိုက်တာကိုး။ ဆွဲဆောင်မှုရဲ့ နောက်ကွယ်မှာကျတော့ တိကျတဲ့ အဖြေထွက်ပေါ်လာခြင်းမရှိတာဘဲ။ ဒါပေမဲ့ ဆွဲဆောင်မှုရှိတဲ့သူတိုင်းကတော့ လှတာပဲ။ လှတဲ့သူတိုင်းကတော့ ဆွဲဆောင်မှုမရှိပြန်ဘူး။ သိပ်ပြီးကွာတယ်။ ဒါကြောင့် ဆွဲဆောင်မှုသုတေသနပညာရှင်တွေရဲ့ အကြမ်းဖျင်း ကောက်ချက်ချတာကတော့ အမျိုးသမီးတစ်ယောက်ဟာ အမျိုးသားတစ်ယောက်အတွက်ဆိုရင် ငယ်ရွယ်နုပျိုမှု၊ လှပမှု၊ ခန္ဓာကိုယ်အချိုးအစားပြေပြစ်မျှတမှု ရှိနေရင်ဆွဲဆောင်နိုင်တာပဲလေ။ မျက်နှာအတွက်
ဆိုရင် ဆွဲဆောင်မှုရှိဖို့အတွက် အချိုးအစား ညီညာမျှတခြင်း၊ နှုတ်ခမ်းသားပြည့်စုံညီညာခြင်း၊ နဖူးကျယ်ခြင်း၊ မေးရိုးသေးခြင်း၊ နှာခေါင်းသေးခြင်း၊ အောက်မေးရိုးတိုနေခြင်း၊ ပါးရှိမေးရိုးတွေထင်ပေါ်မြင့်မားနေခြင်း၊ ရှင်းလင်းချောမွေ့တဲ့ အသားအရေရှိခြင်း၊ ကြီးပြီးကြည်လင်တဲ့ မျက်လုံးပိုင်ရှင်ဖြစ်ခြင်းဟာ အမျိုးသမီးတစ်ယောက်အတွက် ဆွဲဆောင်မှုရှိတဲ့ မျက်နှာပိုင်ရှင်ပါပဲ။
ငယ်ရွယ်နုပျိုမှု
ဆွဲဆောင်မှုမှာတော့ ငယ်ရွယ်နုပျိုခြင်းဟာ လူတိုင်း ပိုင်ဆိုင်လို့မရပါဘူး။အသက်အရွယ် ကြီးရင့်သူတစ်ယောက်အတွက် နုပျိုချင်နုပျိုနိုင်ပေမယ့် ငယ်ရွယ်တာတော့ ဖြစ်မလာနိုင်ဘူး။ ဒီတော့ငယ်ရွယ်နုပျိုမှုဟာ အချိန်အတိုင်းအတာရှိတာပေါ့။ အသက်ကြီးလာရင်တောင်
အသက်ကို လိမ်ပြောချင်ကြတယ်။ အသက်ကြီးတယ်ပြောတာ၊ အိုစာတာကို လုံးဝလက်မခံကြပါဘူး။ ဒီတော့ နုပျိုငယ်ရွယ်ခြင်းဟာ ဆွဲဆောင်မှုအတွက် အချိန်အတိုင်းအတာတစ်ခုအတွင်း ရမယ့်အကျိုး ရလာဒ် တစ်ခုပဲ။ <b>ဆွဲဆောင်မူ့အရှိဆုံး အရွယ်ကို  စစ်တမ်းအရ ၂၁နှစ်လို့ သတ်မှတ်ကြတယ်။</b> နှစ်ဆကြီးလာရင် နှစ်ဆ ဆွဲဆောင်မှု့လျော့တာပဲ။
ရင်သား
သုတေသန အလိုအရပြောရရင်တချို့အမျိုးသားတွေက အမျိုးသမီးတွေရဲ့ ရင်သားဟာ ဆွဲဆောင်မှုရှိတဲ့ အထဲမှာပါတယ်ဆိုတာပါပဲ။ တချို့လေ့လာချက်ကျတော့ ရင်သား ညီနေရင် အမျိုးသားတွေ ပိုကြိုက်သတဲ့။ နောက်တစ်ခါတချို့အဖွဲ့ကတော့ အမျိုးသမီးတွေရဲ့ ရင်သားကြီးပြီး၊ မာတင်းတာကို ကြိုက်ပြန်ရောတဲ့။ကြိုက်တာ မတူဘူးနော်။ အကြိုက်မတူတဲ့အတွက် ဆွဲဆောင်မှုကျ မတူပြန်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သုတေသနတွေရဲ့ ဆုံးဖြတ်ချက်ကတော့ ရင်သားကြီးတာဟာ Oestradial နဲ့ Progesteorone ဟော်မုန်းတွေ များနေလို့ပါပဲတဲ့။
ခန္ဓာကိုယ်ညွှန်းကိန်း (BMI)
ဒါကတော့ မမြင်ရဘူး။ တိုင်းတာပြီး ဆုံးဖြတ်ရတဲ့ စံနှုန်းစံထားပါ။ ဆွဲဆောင်မှုမှာတော့ ခန္ဓာကိုယ်ညွှန်းကိန်း (BMI)လည်းပါတာပေါ့။ အင်္ဂလိပ်လိုအရှည်ကတော့ သြိပျြှေုညိနထ ပေါ့။ ကျန်းမာရေးရှုထောင့်မှာလည်း နောက်ပိုင်းအရေးပါလာတယ်။ (BMI) ရဲ့ အရေးကြီး
မှုဟာ ခန္ဓာကိုယ်တစ်ခုလုံးအတွက်နဲ့ပါသက်ဆိုင်လာတာပေါ့။ အဲ... နောက်တစ်မျိုးပြောရရင်တော့ (BMI) ဟာ ဝတာ၊ မဝတာလည်း ဆုံးဖြတ်ပေးတာပဲလေ။ ဒီနေရာမှာတော့ မောင်ကေနိုင်း သိရတာက မိန်းကလေးတွေရဲ့ ဆွဲဆောင်မှုမှာ(BMI) ရလဒ် ပါနေတာပါပဲ။တွက်ချက်တဲ့နည်းတော့ ရှိပါတယ်။ မောင်ကေနိုင်းအရပ်က ၅ ပေ ၇ လက်မမြင့်ပြီး ပေါင်ချိန်က ၁၇၀ ဆိုပါစို့ဗျာ။ စာမျက်နှာ (D) မှာ ပါတဲ့ (BMI) တွက်နည်းအတိုင်း တွက်ကြည့်ရာ ၂၆ ဒသမ ၆၂၂ရရှိပါတယ်။ ပုံမှန်ရှိသင့်တဲ့ (BMI) က ၂၃ဝန်းကျင်ရှိရမယ်။၂၆ ဒသမ ၆၂ ဆိုတော့ ဝနေတယ်။ ပုံပျက်နေတယ်ပေါ့။ နောက်တစ်မျိုးပြောရရင်တော့ မလှဘူးပေါ့။ ဒါကြောင့် (BMI) ကို အရေးကြီးတဲ့အထဲမှာပါလာပြီး နောက်ပိုင်း Mobile Handset တွေဆိုရင် (BMI)  တွက်ဖို့ တစ်ခါတည်း ထည့်ပေးထားတယ်။ ဒါကျ ဒီလိုမြှောက်စားတာတွေ မလိုတော့ဘူး။ တစ်ခါတည်း ထည့်လိုက်တာနဲ့ ဝနေတယ်၊ ပိန်နေတယ်၊ ပုံမှန်ပဲဆိုတဲ့အဖြေပါ ပေးတယ်။ ဒါကြောင့် ဆွဲဆောင်မှုနဲ့ အလှအတွက်ရော၊ ကျန်းမာရေးအတွက်ပါ (BMI) ဟာ တွက်ချက်ကြည့်သင့်တဲ့အထဲမှာ ရှိနေပါတယ်။
ခါး-တင် အချိုး
အမျိုးသမီးတွေအတွက် ခါး-တင်အချိုး ကလည်း ဆွဲဆောင်မှုနဲ့ အလှရဲ့အဓိကပါပဲ။ သူလည်း စံနှုန်းတော့ရှိတယ်ဗျ။ ဒါပေမဲ့ လူမျိုးနဲ့ခွဲပြီး အချိုးတွေကတော့ ကွာခြားမှုရှိတယ်။ တရုတ်လူမျိုးတွေက ဝ ဒသမ ၆ ရှိတယ်။ တောင်အမေရိကတိုက်နဲ့ အာဖရိကလူမျိုးတွေကလည်း ဝ ဒသမ ၈ နဲ့ ဝ ဒသမ ၉ ဝန်းကျင်ရှိကြတယ်။ ဒီအချိုးတွေရော၊ အလှအပတွေပါ စံနှုန်းထားပြီးတွက်တဲ့ အချိုးလေးရှိပါတယ်။ သူ့အခေါ်အဝေါ်ကတော့ ရွှေအချိုး (Golden Ratio) ပေါ့။ နောက်ပိုင်းကျတော့ ဒီရွှေအချိုးပါ တွက်
တဲ့အခါ အလှအပမှာ အရေးကြီးတာနဲ့ဆက်စပ်တာကို သိလာပါလိမ့်မယ်။ ထပ်ပြီးလည်း မောင်ကေနိုင်းကွသိုနညျွေိငသ နဲ့ပတ်သက်ပြီး ဖော်ပြပေးပါဦး မယ်။
အရပ်အမောင်း
ဆွဲဆောင်မှုရှိတဲ့အထဲမှာ အရပ်အမောင်းကိုလည်း မေ့ထားလို့မရပြန်ဘူး။ ဘယ်လိုပဲပြောပြော အရပ်ပုတဲ့သူက နေရာ၊ အခြေအနေမပေး၊ ဆွဲဆောင်မှုမရှိတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေကို အရပ်ရှည်တာ ကြိုက်ပေမယ့်သူတို့ထက်ရှည်ရင်
ဆွဲဆောင်မှုမရှိတော့ဘူးလို့ ဆိုပြန်ပါတယ်။ တွဲသွားတွဲလာ လမ်းလျှောက်တဲ့အခါ အမျိုးသမီးရဲ့ အရပ်က ပိုရှည်နေတဲ့မြင်ကွင်းကတော့ ယောကျာ်း၊ မိန်းမဆွဲဆောင်မှု အလှအပကို အကျည်းတန်စေပါတယ်။
ခြေထောက်-ခန္ဓာကိုယ် အချိုး
လေ့လာသုံးသပ်မှုတွေအရ ခြေထောက်နဲ့ ခန္ဓာကိုယ်ရဲ့အချိုးတွေကိုကြည့်တဲ့အခါမှာပေါ့၊ ဆိုလိုတာက ခြေထောက်အရှည်၊ ခန္ဓာကိုယ်ပိုင်းအရှည်ပြောတာ။ ဒီလိုနှိုင်းယှဉ်ရင် ခြေထောက်ပိုင်းရှည်တာက ပိုပြီးဆွဲဆောင်မှုရှိတယ်တဲ့ဗျာ။ ဒါတော့ လူတိုင်းအမှုမဲ့၊ အမှတ်မဲ့ အချိုးအစားပဲ။ သေချာကြည့်ပြီး နှိုင်းယှဉ်ကြည့်မှ သိရမှာပဲ။
ဆံပင်
ဆံပင်ရဲ့အချက်တွေကလည်း အများကြီးရှိတာပေါ့။ ဒါပေမဲ့ ယေဘုယျဆွဲဆောင်မှုကို ဦးစားပေးပြောမယ်ဆိုရင်ဆံပင်ရှည်ရှည်နဲ့ အမျိုးသမီးဟာ ဆွဲဆောင်မှုရှိတယ်တဲ့။ ဒါကြောင့် ဘာကြောင့် ဒီလိုဖြစ်ပေါ်လာရသလဲ ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ရှင်းပြချက်အရ ပြောရရင် ဆံပင်ရှည်တဲ့သူဟာ အာဟာရဓာတ်ပြည့်ဝပြီးသတ္တုဓာတ်၊ ဗီတာမင်ဓာတ်တွေ ပြည့်စုံ တဲ့အမျိုးသမီးလို့ သွယ်ဝိုက်ပြောတာပဲတဲ့။ နောက်ပြီး မောင်ကေနိုင်းတို့လို အာရှတိုက်သားတွေက ဆံပင် ရှည်လည်းရှည်၊ နက်လည်း နက်နေမှ ဆွဲဆောင်မှုရှိတာတဲ့။
လှုပ်ရှားမှုပုံစံ
ဒါက ပြောရခက်သားဗျာ၊ ကြည့်သောသူ မြင်၏ လို့ပြောရမှာပဲ။ အမျိုးသမီးတစ်ယောက်သွားလာ၊ လှုပ်ရှားမှု၊ ပျော့ပြောင်းနူးညံ့မှုဟန်ပန်တွေပေါ့။ ဒီအပြုအမူတွေက သွက်လက်ချက်ချာပြီးလှုပ်ရှားမှုက လှပနေရင် ကျန်းမာခြင်းနဲ့နုပျိုခြင်းကိုပါ ပြညွှန်းနေတာတဲ့။ တစ်ခုနဲ့တစ်ခု သွယ်ဝိုက်ဆက်စပ်တယ်နော်။
အသားအရောင်
အသားအရောင်ကလည်း ဆွဲဆောင်မှုပဲပေါ့။ ရွှေဝါရောင်လို ဖြူဖွေးနေရင်လှနေတာပဲ။ ဒါပေမဲ့ ကပ္ပလီလို လူမျိုးကဒီလိုမြင်ရနိုင်မှာလား၊ လူမျိုးနဲ့တိုင်းပြည်နဲ့ဆိုင်သွားပြီ။ အာရှတိုက်သားတွေမှာ အနီရောင်နဲ့အဝါရောင်ကြားမှာရှိနေတဲ့ အရေပြားအရောင်ဟာ ကျန်းမာရေးအရဆွဲဆောင်မှုရှိတယ်။ ဒါဟာ အောက်ဆီဂျင်ထဲ ပါတဲ့သွေး (Oxygenated Blood)တွေ ခန္ဓာကိုယ်ထဲမှာ စီးဝင်နေတာဖြစ်လို့ သိပ်ကျန်းမာတဲ့သူ ဖြစ်တာကိုညွှန်းတာတဲ့။ ဒီတော့ ကျန်းမာခြင်းနဲ့အလှ ဆက်စပ်တာပေါ့။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )