22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, August 7, 2012

၈၈ မျိုးဆက် ကျောင်းသားများနှင့် ကျောက်ဖြူ လူထု တွေ့ဆုံပွဲတွင် လူထု ချစ်ခင် ယုံကြည်မူက အာဏာထက် ပိုတန်ဖိုးရှိကြောင်း ကိုကိုကြီးမှ ပြောကြား

သြဂတ်စ် (၄) ရက်နေ့ ရန်ကုန် မပြန်မီ ကျောက်ဖြူမြို့တွင် ပြုလုပ်သော ၈၈ မျိုးဆက် ကျောင်းသားများနှင့် ရခိုင်လူထုတို့ တွေ့ဆုံပွဲ၌ ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးမှ လူထု ချစ်ခင် ယုံကြည် လေးစားမူမှာ အာဏာထက် တန်းဖိုးရှိကြောင်း ပြောဆိုသွားခဲ့သည်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး ကျောက်ဖြူလူထု တွေ့ဆုံပွဲတွင် စကား ပြောကြားနေစဉ်( ဓါတ်ပုံ- နိရဉ္စရာ)
သြဂတ်စ် ၄ ရက်နေ့ နံနက် ၇ နာရီခွဲချိန်မှ စတင်ပြီး ၁၁ နာရီ ခွဲထိ ကျောက်ဖြူမြို့ ပရဟိတ ဘုန်းတော်ကြီး ကျောင်းတွင် ပြုလုပ်သော ၎င်း ဆွေးနွေးပွဲသို့ ကျောက်ဖြူမြို့မှ နိုင်ငံရေး သမားများ အပါအ၀င် လူပေါင်း ၂၀၀ နီးပါးခန့် တက်ရောက်ခဲ့သည်။

ကိုကိုကြီးမှ နောက်ဆုံး အပိတ် မိန်းခွန်း ပြောကြားရာတွင် တက်ရောက်လာသူများအား  လူထု ယုံကြည်မူ တည်ဆောက်ရန် လိုအပ်ကြောင်း ယခုကဲ့သို့ ပြောဆိုသည်။

“ လူထု ယုံကြည်မူ ရအောင်သာ ကျွန်တော်တို့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး ဦးဆောင်တဲ့ သူတွေက ဒီ တက်ကြွတဲ့ လူငယ်တွေက အစ လူထု ယုံကြည်မူ ရအောင် ကြိုးစားပါ။ အဲဒါ အာဏာထက် ပိုပြီး တန်ဖိုးရှိတယ်။ ပိုပြီးတော့  ထက်မြက်ပါတယ်” ဟု ပြောသည်။

လူထု ချစ်ခင် ယုံကြည်မူ ရရှိအောင် လုပ်ဆောင်ရန် လိုအပ်ချက်များကို သူက ယခုလို ထောက်ပြ ပြောဆိုသည်ဟု ဆိုသည်။

“ အဓိကတော့ ဒီထက် ပိုပြီး အလုပ် လုပ်ကြဖို့။  လူထုရဲ့ ယုံကြည် ကိုးစားမူရအောင် ဆောင်ရွက်နိုင်ဖို့။ ဒါ အခုနက ကျနော်တို့ မြို့တိုင်း မြို့တိုင်းမှာ တက်ကြွ လူပ်ရှားတဲ့ သူတွေ အားလုံကိုလည်း ထပ်ပြီး တိုက်တွန်းပါရစေ။  အကြံပြုပါရစေ။ ကျွန်တော်တို့မှာ ဘာအာဏာမှ မရှိပေမယ့် လို့ ရောက်တဲ့ နေရာတိုင်းမှာ ကျနော်တို့ ကိုယ်အိမ်ကို ပြန်ရောက် သလို မျိုး သောင်းသောင်းဖြဖြ သိုက်သိုက်ဝန်းဝန်း ကြိုဆိုကြတာကို မြင်ပီးတော့ တစ်ခါ တစ်ခါ ဆိုရင် ကျနော်ကိုယ်တိုင် မျက်ရည်လည်တယ်။ ပီတိ ဖြစ်တယ်။ အဲဒါ အာဏာထက် ပိုပြီး တန်ခိုးရှိပါတယ်။ အဲသလို အခြေအနေမျိုးကို လူတိုင်း လုပ်နိုင်ပါတယ်။ ကျွန်တော်တို့တွင်  မဟုတ်ဘူး။ လူတိုင်း လုပ်နိုင်ပါတယ်။ ကျောက်ဖြူမှာ ကျောက်ဖြူလူငယ်တွေ၊ ရမ်းဗြဲမှာ ရမ်းးဗြဲက လူငယ် ခေါင်းဆောင်တွေ အဲသလို အခြေအနေမျိုးကို ကိုယ်ဟာကို လုပ်ယူလို့ရပါတယ်။ အဲဒါ အာဏာဆိုတာထက် တန်ဖိုးရှိပါတယ်။ လူထု ချစ်ခင်မူ လေးစားမူ ယုံကြည်မူကို အားလုံး တည်ဆောက်လို့ ရပါတယ်” ဟု ဆိုသည်။

၎င်းပြင် ကိုကိုကြီးမှ ရခိုင်ပြည်နယ်တွင်  ရခိုင်အမျိုးသားများ အကြားတွင်  ညီညွတ်ရေး ရရှိရန် လိုအပ်ကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတွင်လည်း  တိုင်းရင်းသားများ ကြားထဲတွင်  ညီညွှတ်ရေး လိုကြောင်း၊ သို့မှသာ  လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများကို  ပူးပေါင်း ကျော်လွှားနိုင်သည့် အခြေအနေ တစ်ခု ဖြစ်လာနိုင်မည် ဖြစ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။

နောက်ပိုင်းတွင် ဦးကိုကိုကြီးမှ နိုင်ငံသားများ သက်ဆိုင်သော ကိစ္စကို ယခုလို ရှင်းလင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

“ ဖွဲ့စည်း အခြေခံ ဥပဒေအရ။  ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာ အခု ဖွဲ့စည်းပုံ အခြေခံ အခု ဥပဒေနဲ့  ပြောတာ  မဟုတ်ဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တိုင်းရဲ့ စံနုန်း တွေအရ  နိုင်ငံသား  အားလုံးဟာ  တန်းတူ အခွင့်အရေး နိုင်ငံတော်ရဲ့ အကာအကွယ်ကို တန်းတူ ရယူပိုင်ခွင့်ရှိပါတယ်။ အဲဒါဟာ ဥပဒေအရ လက်ခံ ရမယ့် ကိစ္စ  တစ်ခု ဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံသားရယ်လို့ ဖြစ်လာပြီဆိုရင် နိုင်ငံသား အဖြစ် မှန်မှန်ကန်ကန် ရခဲ့တားလား။  မသမာနည်းတွေနဲ့ ရခဲ့တာလား။ ဒါက တပိုင်းပါ။ သို့သော် အစဉ်အလာနိုငံသား အဖြစ် ရရှိထား ပုဂ္ဂိုလ် အားလုံးဟာ ဥပဒေအရ တန်းတူ ညီတူ ဖြစ်ပါတယ်။
ကျောက်ဖြူ လူထု တွေ့ဆုံပွဲ ( ဓါတ်ပုံ- နိရဉ္စရာ)
ကျောက်ဖြူ လူထု တွေ့ဆုံပွဲ ( ဓါတ်ပုံ- နိရဉ္စရာ)

ဒါကြောင့်မို့လို့ နိုင်ငံသားတွေကြားထဲမှာ   ခွဲခြားပြီးတော့ ဥပဒေ ပြဌာန်းတာ၊ ဆက်ဆံ တာမျိုးဟာ တည်ဆဲ ဥပဒေ အရရော၊ နိုင်ငံတကာလူအခွင့်အရေး စံချိန် စံညွှန်းအရ ရော  အလေးအနက် ထားရမယ့် ကိစ္စ ဖြစ်တယ်” လို့ ပြောဆိုသွားသည်။

နယ်စပ် လုံခြုံရေးနှင့် ပတ်သက်ပြီးလည်း မြန်မာ နယ်စပ် အခြေအနေများကို အန္ဒိယ၊ အမေရိကန်တို့နှင့် နိုင်းယှဉ်ပြောကြားသွားသည်ဟု သိရသည်။ ၎င်းပြင် ဆရာတော် ဦးဥတ္တမကိုလည်း ဦးကိုကိုကြီးမှ ဂုဏ်ပြု ပြောကြား သွားကြောင်း  သိရသည်။

၈၈ မျိုးဆက် ကျောင်းသားများနှင့် ကျောက်ဖြူ လုထု တွေ့ဆုံပွဲသို့ ဆရာတော်များ၊ နိုင်ငံရေး သမားများ၊ ကျောင်းသား လူငယ်များ တက်ရောက်ခဲ့ကြပြီး မောင်တော ဆရာတော်၊ ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးတင်ဖေ၊ လူငယ် ခေါင်းဆောင် ကိုဗလတို့မှလည်း ပါဝင် တက်ရောက် ဆွေးနွေး ခဲ့ကြသည်ဟု ဆိုသည်။

ဦးကိုကိုကြီး ဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များသည် ရမ်းဗြဲ၊ မသီတာထွေး မိသားစု ရှိရာ ကျောက်နီမော် (သပြေချောင်း)၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းသို့ သွားရောက်ခဲ့ကြသည်။

သြဂတ်စ် ၄ ရက်နေ့ နေ့လည်ပိုင်းတွင် ဦးကိုကိုကြီးနှင့် အဖွဲ့သည် ကျောက်ဖြူမှ ရန်ကုန်သို့အဲယား မန္တလေး ဖြင့် ပြန်လည် ထွက်ခွာသွားသည်ဟု သိရသည်။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )