22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Monday, August 27, 2012

ပြင်းထန်တဲ့ တိုက်ပွဲကြောင့် ကချင်စစ်ဘေးဒုက္ခသည် ပိုမိုထွက်ပြေး

ကချင်ပြည်နယ် ဖားကန့် မြို့ နယ်မှာ
အစိုးရ စစ်တပ်စစ်ကြောင်းတွေနဲ့
ကေအိုင်အေတို့ တိုက်ပွဲတွေ အပြင်း
အထန် ဖြစ်ပွါးနေတဲ့ အတွက် စစ်ပြေး
ဒုက္ခသည်တွေ ဖါးကန့် မြို့ ပေါ်ကို ထွက်


ပြေးလာတာ အခုဆိုရင် အနည်းဆုံး သုံးသောင်းကျော် ရှိပြီလို့  ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်

ပေးနေတဲ့ NGO အဖွဲ့ဝင်တဦးက ပြောပါတယ်။
"ပြီးခဲ့တဲ့ စနေနေ့ကတည်းက ဖြစ်တာ။ မော်မောကုန်းကနေစပြီး ဖြစ်ခဲ့တာ။ အခု ကျွန်မတို့ မြို့ပေါ်မှာ မနေ့ကတည်းက ဒုက္ခသည်တွေက ၃ သောင်းကျော် ရှိတယ်။ ဖြစ်တုံးပဲ။

ဒီနေ့လည်း မျောက်ဖြူမှာ ဖြစ်တယ်။ မနေ့ညကကျတော့ ရွာဟောင်းမှာ ဖြစ်တယ်။ ဆိုင်းတောင်ရွာဟောင်းဆိုတဲ့နေရာမှာ။ နေ့တိုင်းကို ဖြစ်နေတာ။ ဖြစ်တဲ့နေရာတွေကတော့

 ၂ -၃ မိုင်ပဲ။ သိပ်တော့ မဝေးဘူး။
ဒါပေမဲ့ တောင်တွေဘာတွေတော့ ခံထားတာပေါ့။ အရှေ့ဘက်ကတော့ မဖြစ်ဘူး။ အနောက်မြောက်ဘက်မှာ ဖြစ်တာ။"

တိုက်ပွဲဖြစ်ပွားရာ နေရာက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနဲ့ ဖားကန့် မြို့ နယ်မှာ ပြည့်နှက်နေပြီး ဘုန်းတော်ကြီးကျောင်းတွေနဲ့ ခရစ်ယန်ဘုရားကျောင်းတွေမှာ နေရာချထားရာမှာ အခုအခါ နေစရာမရှိတော့ဘူးလို့လည်း ဆိုပါတယ်။


တိုက်ပွဲဖြစ်ပွားပြီး ထွက်ပြေးလာရတဲ့ ရွာသူရွာသားတွေကတော့ စတော်ခ၊ အင်ပါးလာခ၊ မျောက်ဖြူ၊ မရမ်၊ တောင်ပြို၊


မော်မောဘွန်၊ မော်ဝိုင်းကြီး၊ မော်ဝိုင်းလေး စတဲ့ရွာတွေက ဖြစ်ပါတယ်၊ ဒုက္ခသည်တွေထဲမှာ သက်ကြီးရွယ်အိုများ၊ မွေးကင်းစကလေးများနဲ့ မီးဖွားပြီးစ မိခင်တွေ ပါဝင်ပြီး ဒီကနေ့ မှာတော့

နာမကျမ်းသူ စစ်ပြေးဒုက္ခသည် တစ်ဦး ဆုံးပါးသွားတယ်လို့ သိရပါတယ်။

RFA (မြန်မာပိုင်း)
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )