မန်ချက်စတာ စီးတီး အသင်းသည် တော့တင်ဟမ် ဟော့စပါး၏ ပစ်မှတ် ကစားသမား လီယန်ဒရို ဒိုင်မီယိုအား ကြားဖြတ် ခေါ်ယူနိုင်ရန် ကြိုးစားနေကြောင်း သိရှိရသည်။
အသက်(၂၃)နှစ်ရှိ ဒိုင်မီယိုအား စပါးအသင်းက ပြီးခဲ့သည့် ဘောလုံးရာသီ ကတည်းက ချိတ်ဆက်နေခဲ့သလို အီမန်နျူရယ်လ် အဒီဘာယောကို အတည်ပြု ဝယ်ယူရေး ကြန့်ကြာနေသည့်နောက် ယခုနွေရာသီတွင် ပိုမို အလေးထား ကြိုးပမ်းလာခဲ့သည်။ သို့သော်လည်း ယခုအခါတွင် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းက အင်တာနေစီယွန်နယ်လ်တွင် ကစားနေသော ဘရာဇီးလ် လက်ရွေးစင်ကို ခေါ်ယူရန် စီစဉ်လာခြင်း ဖြစ်သည်။ အိုလံပစ်တွင် ဘရာဇီးလ် အတွက် ခြေစွမ်းပြနေသော ဒိုင်မီယိုအတွက် စပါးအနေဖြင့် မန်စီးတီးနှင့် ဈေးပြိုင်ပေးရန်မှာ ခက်ခဲဖွယ် ရှိနေသည်။
စပါးသည် မန်စီးတီး၏ တိုဂိုလက်ရွေးစင် အဒီဘာယောကို ဝယ်ယူရန် ကြိုးပမ်းနေဆဲ ဖြစ်သော်လည်း ကစားသမား၏ လက်ခံရန် ခက်ခဲသော တောင်းဆိုမှု အချို့ကြောင့် သဘောတူညီမှု မရဘဲ ဖြစ်နေသည်။ အဒီဘာယောသည် ပြီးခဲ့သည့် ရာသီက စပါးတွင် အငှားလာရောက် ကစားခဲ့သည်။ မန်စီးတီးသည် တိုက်စစ်ပိုင်းကို အပြောင်းအလဲများ ပြုလုပ်ရန် စီစဉ်နေရာ အဒီဘာယောအပြင် ရောကွေး ဆန်တာခရုဇ်နှင့် အီဒင်ဂျက်ကိုတို့ နှစ်ဦးကိုပါ ရောင်းထုတ်ပြီး ဒိုင်မီယိုအား ကမ်းလှမ်းဖွယ် ရှိနေသည်။ ဝုလ်ဖ်ဘာ့ဂ် အသင်းသည် ဂျက်ကိုအား ခေါ်ယူရန်အတွက် ၎င်းတို့၏ ခံစစ်မှူး ဆိုင်မွန်ကာဂျာကို အလိုက်ပေး ကမ်းလှမ်းရန် စီစဉ်နေကြောင်းလည်း သိရှိရသည်။
မန်စီးတီးသည် တိုက်စစ်ပိုင်းကို အပြောင်းအလဲများ ပြုလုပ်ရန် စီစဉ်နေရာ အဒီဘာယောအပြင် ရောကွေး ဆန်တာခရုဇ်နှင့် အီဒင်ဂျက်ကိုတို့ နှစ်ဦးကိုပါ ရောင်းထုတ်ပြီး ဒိုင်မီယိုအား ကမ်းလှမ်းဖွယ် ရှိနေ...

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com