22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, August 10, 2012

ဗန်ပါစီကို ရရှိရေး ဆက်လက် ကြိုးပမ်းမည်ဟု ဖာဂူဆန် ပြောကြား

ရ်ာဘင် ဗန်ပါစီ အတွက် အာဆင်နယ်၏ တောင်းဆိုမှု အချို့သည် လက်ခံရန် ခက်ခဲသော်လည်း မိမိတို့ အနေဖြင့် လက်လျှော့မည် မဟုတ်ဟု ဆာအဲလက်စ် ဖာဂူဆန်က ပြောကြားလိုက်သည်။

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာက အာဆင်နယ်သည် မန်ယူထံမှ ပေါင်စတာလင် (၁၅)သန်းတန် ကမ်းလှမ်းမှုကို ပယ်ချ ထားသော်လည်း ဗန်ပါစီအတွက် ဆက်လက် ကြိုးစား ချိတ်ဆက် သွားမည်ဟု အတည်ပြုခဲ့သည်။ လက်ရှိတွင် မန်ယူသည် အဓိက ပစ်မှတ် ကစားသမား (၂)ဦးဖြစ်သည့် ဗန်ပါစီရော၊ လူးကက်စ် မိုရာကိုပါ ခေါ်ယူနိုင်ရေး အဆင်မပြေ ဖြစ်နေရသည်။ မန်ယူ အသင်းသည် ဂိုသင်ဘာ့ဂ်တွင် ဘာစီလိုနာ အသင်းနှင့် ခြေစမ်းခဲ့ရာ ဂိုးမရှိ သရေ ကျသွားခဲ့သည်။ ဖာဂူဆန်သည် တိုက်စစ်ပိုင်းကို အားဖြည့်ရန် ပြင်ဆင် နေသော်လည်း ဗန်ပါစီ ကိစ္စ အဆင်မပြေသေးသလို မိုရာသည် PSGသို့ ပြောင်းရွှေ့ဖြစ်မည်ဟု သိရသည်။
မန်ယူမှ ချိတ်ဆက်နေသည့် ဗန်ပါစီ

သတင်းများက PSG အသင်းသည် မိုရာအား ယူရို (၄၅)သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီဟု ဖော်ပြလျှက် ရှိသည်။ ဖာဂူဆန်က "ကျွန်တော်တို့ ဗန်ပါစီအတွက် ကမ်းလှမ်းမှုတစ်ခု လုပ်ခဲ့ပါတယ်။ အာဆင်နယ်က တခြားကလပ်တွေနဲ့ ညှိနှိုင်းဖို့ ကြိုးစားနေတုန်းပဲ။ ကျွန်တော်တို့ အသင်းကတော့ ကိုယ့်လမ်းစဉ် အတိုင်း ကိုယ့်ဖာသာ ချဉ်းကပ်ဖို့ ဆက်လုပ်ဆောင် နေမှာပါ။ ဘာဖြစ်လို့ သူတို့ခုလိုမျိုး စီစဉ်နေသလဲ ဆိုတာက ပြောဖို့ ခက်ပါတယ်။ လောလောဆယ်တော့ မန်ယူက ဗန်ပါစီ ကိစ္စမှာ သိသိသာသာ အခြေအနေ ကောင်းနေတာမျိုး မရှိပါဘူး" ဟု ထုတ်ဖော် ပြောကြားခဲ့သည်။

ကျွန်တော်တို့ ဗန်ပါစီ အတွက် ကမ်းလှမ်းမှု တစ်ခု လုပ်ခဲ့ပါတယ်။ အာဆင်နယ်က တခြားကလပ်တွေနဲ့ ညှိနှိုင်းဖို့ ကြိုးစားနေတုန်းပဲ။ ကျွန်တော်တို့ အသင်းကတော့ ကိုယ့်လမ်းစဉ် အတိုင်း ကိုယ့်ဖာသာ ချဉ်းကပ်ဖို့ ဆက်လုပ်ဆောင် နေမှာပါ...
"ကျွန်တော် အများကြီး မပြောနိုင်ပါဘူး။ အာဆင်နယ်ဘက်က လိုချင်တာ တချို့ကို ကျွန်တော်တို့ ညှိနှိုင်းဖို့ လိုနေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ လုပ်နိုင်တာကို အကောင်းဆုံး ဆက်လုပ်သွားမှာပါ။ အခြေအနေ တိုးတက်မှု ရှိလာမယ်လို့တော့ ထင်ပါတယ်"ဟုလည်း ဖာဂူဆန်က ပြောဆိုခဲ့သည်။ အသက်(၂၉)နှစ်ရှိ ဗန်ပါစီအား မန်ချက်စတာ စီးတီးနှင့် ဂျူဗင်းတပ်စ် အသင်းများကလည်း စိတ်ဝင်စားမှု ပြသခဲ့ဖူးသည့်တိုင် မန်ယူကသာ အတည်ပြု ချိတ်ဆက်လာခြင်းဖြစ်သည်။ ဖာဂူဆန်က မိုရာနှင့် ပတ်သက်ပြီးလည်း "အသက်(၁၉)နှစ်လောက်ပဲ ရှိသေးတဲ့ လူငယ်လေးအတွက် ယူရို (၄၅)သန်း ပေးနိုင်တဲ့ ကလပ်အသင်းမျိုး ရှိနေတော့ အံ့ဩမိတယ်။ ဒီနွေရာသီမှာ PSGသုံးတာ ယူရို သန်း(၁၅၀) ကျော်သွားပြီ ထင်တယ်။ သူတို့ရဲ့ ရပ်တည်မှုကို လူတွေသိအောင် ပြချင်ပုံရတယ်"ဟု မှတ်ချက်ပြု ပြောဆိုသွားသည်။
Ref: Daily Mail

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )