22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, August 9, 2012

ဝေါရေကြီးမှု လယ်ဧကတစ်သိန်းကျော် ပျက်စီးဟုဆို

ရန်ကုန်။ ။ဇူလိုင်-၈

ပဲခူးတိုင်းဒေသကြီးဝေါမြို့နယ် တွင်မကြုံစဖူးရေကြီးနစ်မြုပ်မှုဖြစ်ပွားရာ လယ်ဧကတစ်သိန်းကျော် ပျက်စီး ဆုံးရှုံး ကြောင်းဒေသခံလယ်သမား များထံမှသိရ သည်။


ရေကြီးမှုမှာဩဂုတ်လ၂ရက် (ဝါဆိုလပြည့်)နေ့မှစတင်ခဲ့ပြီးယနေ့အချိန် အထိရေပြန်က
ျသွားခြင်း မရှိဘဲ လယ်မြေ များ အားလုံးကိုရေလွှမ်း လျှက်ရှိနေကြောင်း သိရသည်။

''တစ်ခါမှမကြုံဖူးဘူး။အရင်က ရေတက်ပြီး ရင်ပြန်ကျတယ်။ ဒီနှစ်မှာလ ပြည့်နေ့ကတည်း ကတက် တာပြန်မကျဘူး။ မိုးကလည်း ရက်ဆက်ရွာ နေတော့လယ်ကွင်း တွေအားလုံးရေမြုပ်သွား တယ်။ လယ်ကွင်း တွေပေါ်ကနေလှေနေသွား နေရပြီ။အကုန် လုံးဆုံးရှုံးသွားပြီ။ ရေကျသွားရင် လည်းပြန် စိုက်ချိန် မရှိဘူး။ ပဲခူးဘက်ကရေလွှဲမြောင်း တွေကြောင့်ရေဝင်နေတာလို့ထင်တယ်''ဟု ဒေသခံ လယ် သမား များကပြောသည်။

စပါးစိုက်ပျိုး စရိတ်မှာတစ်ဧက လျှင်ကျပ် ၅၅၀၀ဝဖြစ်ပြီးရေလွှမ်း ခံခဲ့ရသော စပါးများမှာ နှစ်လသား အရွယ် ရောက်နေ ပြီးရေကျသွားပါက လည်းပြန်လည်စိုက်ပျိုး ရန်အချိန်မရနိုင်ကြောင်းသိရသည်။
အဆိုပါဒေသတွင်လယ်ဧက တစ်သိန်းကျော်ရှိပြီး ဧကတစ်သိန်း ခန့်မှာ ရေကြီးနစ်မြုပ်ခဲ့ သည် ဟုသိရ သည်။ရေကြီးမှုနှင့် ပတ်သက်၍သက် ဆိုင်ရာအာဏာပိုင်များကရေပြန်မကျသည့် အကြောင်း အရင်းကို ရှာဖွေနေ ဆဲဖြစ် ကြောင်း သိရသည်။

ကျော်သူ၊နှင်းကို - Yangon Media Group



Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )