22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, August 8, 2012

J-League နှင့် MNL အကျိုးတူ ပူးပေါင်းနိုင်ရေး ဂျေလိဂ် ဥက္ကဋ္ဌ မြန်မာနိုင်ငံသို့ လာရောက်မည်

အာရှ နာမည်ကြီး ဘောလုံးလိဂ်ပြိုင်ပွဲ တစ်ခုဖြစ်သည့် J-League ၏ ဥက္ကဋ္ဌ ကာဇူမီ အိုဟီဂါရှီနှင့် တာဝန်ရှိ သူများသည် မြန်မာနေရှင်နယ်လိဂ် (MNL) နှင့် အကျိုးတူ ပူးပေါင်းမှု စာချုပ် ချုပ်ဆိုရန် အတွက် လာမည့် သြဂုတ်လ ၂၅ရက်နေ့မှ ၂၈နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်ဖွယ် ရှိကြောင်း သိရသည်။

ထိုကဲ့သို့ အကျိုးတူ ပူးပေါင်းခြင်း အားဖြင့် မြန်မာ့ဘောလုံး အဆင့်အတန်း ပိုမိုမြင့်မားလာစေရန် အတွက် အကျိုး ရလဒ်ပေါင်း များစွာ ရရှိနိုင်မည် ဖြစ်ကာ ၃နှစ်ကျော်သာ သက်တမ်း ရှိနေသေးသည့် မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲနှင့် ကလပ် အသင်းများ အတွက်လည်း ကောင်းမွန်သည့် ဆောင်ရွက်မှု တစ်ရပ် ဖြစ်လာမည် ဖြစ်သည်။

လိဂ်ပြိုင်ပွဲနှစ်ရပ် အနေဖြင့် သက်ဆိုင်ရာ လိဂ်များအလိုက် ပိုမို တိုးတက်လာစေရန် ဆောင်ရွက်ရာ၌ အပြန်အလှန် အကူအညီများ ပေးကြရန်၊ ကလပ်များ အချင်းချင်း ချစ်ကြည်ရေး ပွဲစဉ်များ ကစားနိုင်ရန်၊ ဂျပန် ကစားသမားများ မြန်မာနေရှင်နယ် လိဂ်တွင် လာရောက် ကစားခွင့် ရရေးနှင့် မြန်မာ ကစားသမားများ ဂျေလိဂ်သို့ သွားရောက် ကစားခွင့် ရစေရန် ကူညီပေးကြရန်၊ မြန်မာ့ဘောလုံး ဖွံ့ဖြိုးရေး အတွက် ဂျေလိဂ် တာဝန်ရှိသူများ ဘက်မှ အကူအညီများ ပေးသွားရန်နှင့် ဂျေလိဂ်အား မြန်မာနိုင်ငံတွင်း ရုပ်သံလိုင်းများ၌ ပြသနိုင်ရန် စသဖြင့် အပြန်အလှန် သဘော တူညီမှုများ ရယူထားကြကြောင်း သိရသည်။

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )