မန်ချက်စတာ ယူနိုက်တက် အသင်းသည် လာမည့် ပရီးမီးယားလိဂ် ပွဲစဉ်များတွင် ဘယ်နောက်ခံ နေရာ၌ ကစားသမားသစ် အလက်ဇန္ဒား ဘတ္တနာကို ပွဲထွက် အသုံး ပြုလာဖွယ် ရှိနေကြောင်း သိရသည်။
လက်ရှိ ဦးစားပေး ကစားသမား ဖြစ်သော ပြင်သစ် လက်ရွေးစင် ပက်ထရစ် အီဗရာ၏ စွမ်းဆောင်မှု အပေါ် အပြည့်အဝ ကျေနပ်မှု မရသည့်နောက် မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် ဝီဂန်နှင့် ပွဲတွင် ဘတ္တနာကို အခွင့်အရေး ပေးလာနိုင်ကြောင်း Daily Mirrorက ဖော်ပြခဲ့သည်။ အီဗရာသည် အိုးလ်ထရက်ဖို့ဒ်တွင် ဦးစားပေး ဘယ်တောင်ပံ ခံစစ်မှူးအဖြစ် (၆)နှစ်ကြာ ကစားပြီးနောက် ယခုအခါ နယ်သာလန် ကစားသမား၏ စိန်ခေါ်မှုနှင့် ပထမဆုံး အကြိမ် ကြုံတွေ့လာရခြင်း ဖြစ်သည်။
အရန်ခုံတွင် ထိုင်ရတော့မည့် အီဗရာ
ပြီးခဲ့သည့် ဆောက်သမ်တန်နှင့် ပွဲစဉ်တွင် အီဗရာ အနေဖြင့် ချော်လဲနေခြင်းကြောင့် ဒုတိယဂိုး ပေးခဲ့ရခြင်းကို ဖာဂူဆန်က စိတ်ပျက်နေပြီး အသက်(၂၃)နှစ်ရှိ ဗီတက် ဆီအန်ဟမ်း ကစားသမားဟောင်းအား ပွဲထုတ်ရန် ဆုံးဖြတ်ထားကြောင်း သတင်းများက ဆိုသည်။ အီဗရာ အနေဖြင့် အရန်ခုံတွင် ထိုင်နေရချိန်တွင် စိတ်ဓာတ်ရေးရာ တွန်းအားတစ်ရပ် ဖြစ်ပေါ်လာစေရန် ဖာဂူဆန်က ရည်ရွယ်ထားသည်။ မန်ယူ၏ ကျောနံပါတ် (၂၈)ကို ဝတ်ဆင်မည့် ဘတ္တနာသည် ဗီတက်ဆီ အသင်းတွင် ပွဲပေါင်း (၁၀၀)ကျော် ကစား ပေးထားပြီး လက်ရွေးစင် အသင်းကို (၁)ကြိမ် ကိုယ်စားပြုထားသည်။
အီဗရာမှာမူ မန်ယူအတွက် ပွဲပေါင်း(၃၀)နီးပါး ကစားကာ ပြင်သစ်လက်ရွေးစင် ဂျာစီကို အကြိမ်(၅၀)မျှ ကိုယ်စားပြု ဝတ်ဆင်ပြီးဖြစ်သည်။
အီဗရာသည် အိုးလ်ထရက်ဖို့ဒ်တွင် ဦးစားပေး ဘယ်တောင်ပံ ခံစစ်မှူးအဖြစ် (၆)နှစ်ကြာ ကစားပြီးနောက် ယခုအခါ နယ်သာလန် ကစားသမား၏ စိန်ခေါ်မှုနှင့် ပထမဆုံး အကြိမ် ကြုံတွေ့လာရ...
11:48 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com