22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, September 13, 2012

လက်ရွေးစင်များ ဖြစ်လာရေး ကြိုးစားရန် ယူ-၁၂ ကလေးငယ် များအား ဦးဇော်ဇော် တိုက်တွန်း

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အသက် ၁၂နှစ်အောက် ကျောင်းသား လူငယ် ကစားသမား များအား နိုင်ငံ့ဂုဏ် ဆောင်နိုင်သည့် လက်ရွေးစင် ကစားသမားများ ဖြစ်လာသည် အထိ ကြိုးပမ်း အားထုတ်ကြရန်နှင့် ခြေစွမ်းပြ ကစားနိုင်သည့် ကလေးငယ် များအား ဘောလုံး အကယ်ဒမီ များတွင် တက်ရောက် သင်ကြားခွင့် ပေးသွားမည် ဖြစ်ကြောင်း MFF U-12 Digicel Cup အထက်မြန်မာပြည် ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် တိုက်တွန်း ပြောကြားခဲ့သည်။

အထက် မြန်မာပြည် အဖွင့် ပွဲစဉ်များအား စက်တင်ဘာ ၁၁ရက်နေ့ ကတည်းက စတင် ယှဉ်ပြိုင်ခဲ့ပြီး စက်တင်ဘာ ၁၂ရက်နေ့ ညနေပိုင်းက မန္တလေး ဗထူး အားကစား ကွင်း၌ ဖွင့်ပွဲ အခမ်းအနား တစ်ရပ် ပြုလုပ် ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ဦးဇော်ဇော်က အထက်ပါ အတိုင်း တိုက်တွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ "သားတို့ အနေနဲ့ တစ်နေ့မှာ နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်တဲ့၊ နိုင်ငံ့အကျိုး သယ်ပိုးနိုင်တဲ့ ကစားသမား ကောင်းတွေ၊ လက်ရွေးစင် ကစားသမားတွေ ဖြစ်လာတဲ့အထိ ကြိုးစား အားထုတ် ကြစေလိုပါတယ်။ မိဘတွေ၊ ဆရာ၊ ဆရာမတွေ အနေနဲ့လည်း ကလေးတွေ ဘောလုံး ကစားနိုင်အောင် အခွင့်အရေး ပေးကြ စေလိုပါတယ်။ ကလေးတွေ ဘောလုံး ကစားနိုင်အောင် စာသင်ချိန် နည်းတူ အားကစားချိန် လေးတွေလည်း သတ်မှတ် ပေးထားဖို့ တိုက်တွန်း ပြောကြား လိုပါတယ်။ ကျွန်တော်တို့ အနေနဲ့က ဒီပြိုင်ပွဲကနေ နိုင်ငံ့ လက်ရွေးစင် ကစားသမား သစ်တွေ မွေးထုတ် ပေးနိုင်ဖို့ ကြိုးစားနေတာပါ။ ဒီပြိုင်ပွဲတွေမှာ ခြေစွမ်းပြ နိုင်တဲ့ ကလေးတွေကို ဘောလုံး အကယ်ဒမီမှာ တက်ရောက် သင်ကြားခွင့် ပေးပါမယ်။ နောက် ဂျပန်နိုင်ငံနဲ့ တခြား နိုင်ငံတွေမှာ လေ့ကျင့်ရေးတွေ သွားရောက် ပြုလုပ်နိုင်ဖို့ အတွက်လည်း စီစဉ်ပေးပါမယ်" ဟု ဦးဇော်ဇော်က ပြောကြားခဲ့သည်။


အခမ်းအနားတွင် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌက အထက်မြန်မာပြည် ပြိုင်ပွဲကျင်းပရေး အတွက် ကုန်ကျစရိတ် ငွေကျပ် (၁၈၅၁၇၀၀၀) အား ပေးအပ်ခဲ့ကာ ဘောလုံး အလုံး (၃၀၀)ကိုလည်း ပေးအပ် လှူဒါန်းခဲ့သည်။ ထို့အတူ ပြိုင်ပွဲဝင် အသင်းများအတွက် ထောက်ပံ့ငွေ ၁၉သိန်း၊ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမား ဆုများ ချီးမြှင့်ရန်အတွက် ငွေကျပ် (၂၄၀၀၀၀)တို့အား ထောက်ပံ့ပေးခဲ့ကာ ဖွင့်ပွဲ အခမ်းအနားတွင် ပါဝင်ခဲ့ကြသည့် အ.ထ.က (၁၆) မန္တလေး ဘင်ခရာအဖွဲ့နှင့် တင်းပုတ် အကဖြင့် ဖျော်ဖြေခဲ့သည့် ကျောင်းသားလူငယ် အဖွဲ့တို့အား ငွေကျပ် (၅)သိန်းစီ ချီးမြှင့်ခဲ့ကြောင်းလည်း သိရသည်။


ဖွင့်ပွဲ အခမ်းအနား အပြီးတွင် အုပ်စု(ခ) ပွဲစဉ် နှစ်ပွဲ ဆက်လက် ယှဉ်ပြိုင်ခဲ့ပြီး နေပြည်တော်က ကယားပြည်နယ် အသင်းအား ၂-၁ဂိုးဖြင့် လည်းကောင်း၊ ရှမ်း(တောင်)က ကချင်ပြည်နယ် အသင်းအား ၁-၀ဂိုးဖြင့် လည်းကောင်း အသီးသီး အနိုင်ရခဲ့သည်။ အထက် မြန်မာပြည် ပြိုင်ပွဲတွင် အုပ်စု (က)၌ မန္တလေးတိုင်း ဒေသကြီး၊ ရှမ်း (မြောက်)၊ ရှမ်း (ရှေ့)၊ မကွေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ် အသင်းများ ပါဝင်လျက် ရှိကာ အုပ်စု (ခ)တွင်မူ ကချင်ပြည်နယ်၊ နေပြည်တော်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရှမ်း (တောင်) အစရှိသည့် အသင်းများ ပါဝင်နေသည်။

ကစားခဲ့ပြီး ရလဒ်များ

အုပ်စု (က)
ရှမ်း (မြောက်)    ၅-၂    ချင်းပြည်နယ်
ရှမ်း (ရှေ့)        ၀-၆    မကွေးတိုင်း
မန္တလေးတိုင်း    ၇-၀    ချင်းပြည်နယ်
ရှမ်း(မြောက်)    ၄-၂    ရှမ်း(ရှေ့)

အုပ်စု (ခ)
နေပြည်တော်     ၇-၁    ရှမ်း (တောင်)
ကယားပြည်နယ်    ၂-၀    စစ်ကိုင်းတိုင်း
ကချင်ပြည်နယ်    ၀-၁     ရှမ်း(တောင်)
နေပြည်တော်    ၂-၁    ကယားပြည်နယ်
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )