မန်ချက်စတာ စီးတီး ပရိသတ်များ အတွက် သတင်းကောင်း တစ်ခုအဖြစ် တိုက်စစ်မှူး ဆာဂျီယို အဂူရိုသည် အသင်းနှင့်အတူ လေ့ကျင့်ခန်း ပြန်ဆင် နေပြီဟု သိရသည်။
အာဂျင်တီးနား လက်ရွေးစင် ကစားသမားသည် ပရီးမီးယားလိဂ် ရာသီအဖွင့် ပွဲစဉ်တွင် ဒူးခေါင်းဒဏ်ရာ ရခဲ့သည့်နောက် အနားယူနေခဲ့ရသည်။ ယခုအခါ အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းက ကာရင်တန်တွင် လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်သည့် ကစားသမား၏ ဓာတ်ပုံများကို အတည်ပြု ဖော်ပြခဲ့သည်။ အဂူရိုသည် ဆောက်သမ်တန် အသင်းနှင့် ဩဂုတ်လ (၁၉)ရက်နေ့က ရင်ဆိုင် ကစားရင်း ဒူးခေါင်း ထိခိုက်သည့် ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ဒူးခေါင်းကို ရေခဲအုံကာ ကုသနေရလျှက်ပင် အာဂျင်တီးနားသို့ ပြန်ကာ လက်ရွေးစင် အသင်းနှင့် ပူးပေါင်းခဲ့သေးသည်။
လေ့ကျင့်ခန်း ပြန်ဆင်းနေသည့် အဂူရို
မန်စီးတီး အသင်းက ထုတ်ဖော် ပြသလိုက်သော ဓာတ်ပုံများတွင်မူ အသက်(၂၄)နှစ်ရှိ ကစားသမားသည် လန်းလန်းဆန်းဆန်း တက်တက်ကြွကြွနှင့် အင်တိုက်အားတိုက် လေ့ကျင့်ခန်း ဆင်းနေသည်ကို တွေ့ရသည်။ မန်စီးတီးသည် အဂူရို၏ ဒဏ်ရာကို Scanဖတ် စစ်ဆေးပြီးနောက် အကောင်းမြင် မျှော်လင့်နေပြီး စက်တင်ဘာ လလယ်ခန့်တွင် ပြန်ကစားနိုင်မည်ဟု ယုံကြည်နေသည်။ သို့သော်လည်း ယခုသီတင်းပတ်တွင် စတုတ်ခ်စီးတီးနှင့် ကစားမည့် ပွဲ၌ အဂူရို ပါဝင်ရန်မှာမူ မျှော်လင့်ရန် စောလွန်းနေသေးကြောင်းလည်း သိရှိရသည်။
မန်စီးတီး အသင်းက ထုတ်ဖော် ပြသလိုက်သော ဓာတ်ပုံများတွင်မူ အသက်(၂၄)နှစ်ရှိ ကစားသမားသည် လန်းလန်းဆန်းဆန်း တက်တက်ကြွကြွနှင့် အင်တိုက်အားတိုက် လေ့ကျင့်ခန်း ဆင်းနေသည်ကို တွေ့ရ...
11:47 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com