ရီးယဲလ် မက်ဒရစ် အသင်းအတွက် မိမိ အနေဖြင့် ပွဲတိုင်း အနိုင်ရအောင် အစွမ်းကုန် ကြိုးစား ကစားပေးမည်ဖြစ်ကြောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုက ကတိပြုလိုက်သည်။
ပေါ်တူဂီ လက်ရွေးစင် အသင်းအတွက် ကစားပေးပြီးနောက် ဘာနေဗျူး ပြန်ရောက်လာသည့် အသက်(၂၇)နှစ်ရှိ တိုက်စစ်မှူးသည် ရီးယဲလ်တွင် မပျော်မရွှင် ဖြစ်နေကြောင်း ဝန်ခံထားခဲ့သည်။ ၎င်းသည် ဂရန်နာဒါနှင့် ကစားသော ပွဲစဉ်တွင် ရီးယဲလ်အတွက် (၁၄၉)ပွဲ ကစားပြီး (၁၅၀)မြောက် ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။ သို့သော်လည်း ၎င်းသည် ထိုပွဲတွင် အောင်ပွဲမခံခဲ့သလို ပွဲအပြီးတွင် မိမိသည် ရီးယဲလ်နှင့် မကျေလည်စရာ ကိစ္စအချို့ ရှိနေကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့သည်။
ရီးယဲလ်အတွက် ကြိုးစားပေးမည့် ရော်နယ်လ်ဒို
၎င်းက ယခုအခါ အသင်းသို့ ပြန်ရောက်လာပြီးနောက် "ကျွန်တော် အလေးအနက် ထပ်ပြောပါမယ်။ ကျွန်တော် ရီးယဲလ်အတွက် အလေးအနက် အာရုံစိုက်ပြီး ပွဲတိုင်းနိုင်အောင် ကြိုးစားပေးမှာပါ။ အသင်းအတွက် ရနိုင်သမျှ ဆုဖလားအားလုံးကို ယူပေးနေပါဦးမယ်။ ဒါဟာ ကျွန်တော့် အသင်းဖော်တွေနဲ့ ရီးယဲလ် ပရိသတ် အားလုံးအတွက် ကျွန်တော် ပေးချင်တဲ့ ကတိပါ"ဟု ပြောကြားခဲ့သည်။ ၎င်းက ပေါ်တူဂီနှင့်အတူ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် (၂)ပွဲလုံး အနိုင်ရခဲ့ခြင်းကို ကျေနပ်ကြောင်းလည်း ဆိုသည်။
ရီးယဲလ်အတွက် အလေးအနက် အာရုံစိုက်ပြီး ပွဲတိုင်းနိုင်အောင် ကြိုးစားပေးမှာပါ။ အသင်းအတွက် ရနိုင်သမျှ ဆုဖလားအားလုံးကို ယူပေးနေပါဦးမယ်။ ဒါဟာ ကျွန်တော့် အသင်းဖော်တွေနဲ့ ရီးယဲလ် ပရိသတ် အားလုံးအတွက် ကျွန်တော် ပေးချင်တဲ့ ကတိပါ...
"(၂)ပွဲမှာ (၆)မှတ်ဗျာ။ လုံးဝအိုကေပဲ။ ကျွန်တော်တို့ ခုထက်တောင် ဂိုးတွေ ပိုရသင့်သေးတယ်။ ဒါပေမဲ့ အဇာဘိုင်ဂျန်က ကျွန်တော်တို့ကို တော်တော် ဒုက္ခပေးနိုင်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် (၂)ပွဲလုံး နောက်ဆုံးရလဒ်က အပေါင်းလက္ခဏာ ဆန်ခဲ့တဲ့အတွက်တော့ အားရပါတယ်"ဟု ရော်နယ်လ်ဒိုက ပြောဆိုသွားသည်။
Ref: Daily Mail
11:46 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com