22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, September 13, 2012

ရော်နယ်လ်ဒိုကို ရီးယဲလ် ပရိသတ် ယုံကြည် အားပေးဆဲဟု အဘီလိုအာ ပြောကြား

ခရစ္စတီယာနို ရော်နယ်လ်ဒို၏ ရီးယဲလ်မက်ဒရစ် အပေါ် အာရုံ စူးစိုက်မှု အခြေအနေအား ပရိသတ်များက လုံးဝ သံသယ ရှိမည် မဟုတ်ကြောင်း အယ်လ်ဗာရို အာဘီလိုအာက ပြောကြားလိုက်သည်။
ရီးယဲလ် အသင်း၏ တိုက်စစ်မှူးဖြစ်သူ ရော်နယ်လ်ဒိုသည် အသင်းတွင် မပျော်ရွှင်တော့ကြောင်း မကြာသေးမီက ဖွင့်ဟ ပြောဆိုထားသည့်နောက် ၎င်းသည် ရာသီကုန်တွင် စပိန်လာလီဂါ ချန်ပီယံကို စွန့်ခွာမည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ရီးယဲလ်နောက်ခံလူ အာဘီလိုအာက ပရိသတ်များ အနေဖြင့် ပေါ်တူဂီ လက်ရွေးစင် ရော်နယ်လ်ဒို၏ အသင်းအတွက် စူးစိုက် ကစားပေးမှုကို ဆက်လက် ယုံကြည်နေပြီး ကစားသမားကို ချစ်ခင် အားပေးနေဆဲ ဖြစ်ကြောင်း ထောက်ခံပြောဆိုသွားသည်။


စပိန် ခံစစ်သမားက "ဘယ်သူကမှ ရော်နယ်လ်ဒိုရဲ့ စူးစိုက်မှုနဲ့ တာဝန်သိမှုကို သံသယ ရှိမနေပါဘူး။ သူဟာ ရီးယဲလ် အတွက် အစွမ်းကုန် ကစားပေးနေတာပါ။ အသင်း ပရိသတ်ကလည်း ရော်နယ်လ်ဒိုရဲ့ ကြိုးစား အားထုတ်မှုနဲ့ သွင်းဂိုးတွေ အတွက် ကျေးဇူး တင်နေကြပါတယ်" ဟု မှတ်ချက်ပြုခဲ့သည်။ ၎င်းက ဆက်လက်၍ "ရော်နယ်လ်ဒို ကိုယ်တိုင်ကလည်း ရီးယဲလ် ပရိသတ်က သူ့ကို ထောက်ခံ အားပေးကြောင်း သိထား ရပါမယ်။ ဒါကို သူ့ဘက်ကလည်း သံသယ မထားသင့်ပါဘူး။ နေ့တိုင်း ပရိသတ်တွေက ဒါကို လက်တွေ့ ပြခဲ့ပြီးပါပြီ။ သူဟာ အသင်းအတွက် ကြိုးစား ကစားပေးမှာ ကျွန်တော် ယုံကြည်တယ်" ဟု ဆက်လက် ပြောကြားသွားသည်။
ဘယ်သူကမှ ရော်နယ်လ်ဒိုရဲ့ စူးစိုက်မှုနဲ့ တာဝန်သိမှုကို သံသယ ရှိမနေပါဘူး။ သူဟာ ရီးယဲလ်အတွက် အစွမ်းကုန် ကစားပေးနေတာပါ။ အသင်း ပရိသတ်ကလည်း ရော်နယ်လ်ဒိုရဲ့ ကြိုးစားအားထုတ်မှုနဲ့ သွင်းဂိုးတွေအတွက် ကျေးဇူးတင်နေကြပါတယ်...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )