22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, September 20, 2012

တနိုင်းမြို့သွား တံတား မိုင်းခွဲခံရ

ကချင်ပြည်နယ် နမ္မတီးမြို့နယ်မှာရှိတဲ့ မြစ်ကြီးနား တနိုင်းမြို့သွား ကားလမ်းပေါ်က တံတား ၁ စင်း မိုင်းခွဲ ဖျက်ဆီးခံခဲ့ရပါတယ်။
နမ္မတီးမြို့နယ်ခွဲ ကံလှရွာအနီးက ရေအေးချောင်းတံတားဟာ  စက်တင်ဘာ ၁၈ ရက်နေ့ ည ၈ နာရီကျော်မှာ ဖောက်ခွဲဖျက်ဆီးခံရတာပါ။
၄၇ ပေရှည်တဲ့ ရေးအေးချောင်းတံတားဟာ သံဘောင် တံတားဖြစ်ပြီး ဗုံးဖောက်ခွဲတဲ့အတွက် တံတားသံဘောင်တွေ ပျက်စီးသွားတယ်လို့ နမ္မတီးဒေသခံက ပြောပါတယ်။
“သူက သံဘောင်တံတားဖြစ်တဲ့အတွက် သံဘောင်တချောင်းပြတ်သွားတယ်။ နှစ်ခုတွဲမှာ နောက်တချောင်းကလည်း ပါးပါးလေးပဲ ကျန်တော့ ကားကြီးတွေ၊ ကားငယ်တွေဖြတ်ရင် အန္တရာယ်ရှိနိုင်တယ်။ ”
တံတားဖောက်ခွဲဖျက်စီးခံတာနဲ့ ပတ်သတ်ပြီး နယ်မြေခံတပ်ဖွဲ့တွေက လူတဦးကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ရေအေးချောင်း တံတားဟာ မြစ်ကြီးနားမြို့ တနိုင်းမြို့သွား ကားလမ်းပေါ်က ဖြစ်ပါတယ်။
ရေအေးချောင်းတံတား ဖျက်ဆီးခံရတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်သွားပြီး တနိုင်းမြို့မှာ ကုန်ဈေးနှုန်းမြင့်တက်သွားတယ်လို့ ဒေသခံက ပြောပါတယ်။
ကချင်ပြည်နယ် နမ္မတီးဒေသမှာ အမှတ် ၃ စစ်ဆင်းရေးကွက်ကဲမှုဌာနချုပ်နဲ့ တပ်ရင်း ၁၀ ရင်း ရှိပြီး ဖောက်ခွဲခံရတဲ့ ရေအေးချောင်းတံတားနဲ့ စကခ ၃ ဌာနချုပ်နဲ့ဟာ ၁ မိုင်ပဲ ဝေးကွာတာပါ။
ဒီဖောက်ခွဲမှုဟာ ဘယ်သူ့လက်ချက်လဲဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါ။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )