22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  
Thursday, September 20, 2012
""လှိုင်သာယာ ကျူးကျော်များ၏ ဘဝတည်ငြိမ်ရေး ဆင်းရဲသားရွှေမြို့တော် နှစ်ကုန်တွင် တည်ပေးမည်""
လှိုင်သာယာမြို့နယ်အတွင်းရှိ ကျူးကျော်များ
အတွက် ဆင်းရဲသားရွှေမြို့တော်စီမံကိန်းတည်
ဆောက်မည်ဟု အမျိုးသားဒီမိုကရေစီအင်အား
စုမှ ဦးမြင့်သိန်းက ပြော သည်။
”လှိုင်သာယာမှာ ရှိနေတဲ့ ကျူးကျော်နေထိုင်သူတွေအတွက် သားစဉ်မြေးဆက်
 အခြေချနေထိုင် ဖို့နဲ့ ဆင်းရဲမွဲတေမှုကို လျှော့ချရေး အတွက် အောက်ခြေကနေ
စတင် ပြောင်းလဲရင် ပိုမိုထိရောက်မယ် လို့ ယုံကြည်ပါတယ်။
အဲဒါကြောင့် ”ဆင်းရဲသား ရွှေမြို့တော်ကို တည် ဆောက်ရတာပါ” ဟု ဦးမြင့်သိန်း
က ပြောသည်။
ဆင်းရဲသားေ ရွှမြို့တော်စီမံကိန်း အား ယာယီမတည်ငွေကျပ်သိန်း ၁ဝဝ ကို
ဦးမြင့်သိန်းကထည့်ဝင်ပေး မည်ဖြစ်ပြီး မြို့တော်တွင်နေထိုင်သူ များက
တစ်လလျှင် ကျပ် ၃ဝဝဝဝ နှုန်ြး ဖင့် သုံးနှစ်တိတိ ပေးဆောင်ရ
 မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမြို့တော်၌ ပေ ၂ဝ × ပေ ၅ဝ မြေကွက်ပေါ်တွင် ၁၅ ပေ × ပေ ၂ဝ ဝန်း
ကျင်အိမ် တည် ဆောက်မည်ြ ဖစ်ပြီး အိမ်နောက် ဘက်၌ မွေးမြူရေးလုပ်ကိုင်နိုင်
ရန်နေရာ ထားရှိမည်ဖြစ်ကြောင်း၊
 ပထမနှစ်၏ ခြောက်လအတွင်း ဝါးအိမ်များအပြီး ဆောက်လုပ်မည် ဖြစ်ပြီး အိမ်
ဆယ်လုံးပြီးတိုင်း နေ ထိုင်သူများအား မဲစနစ်ဖြင့် စတင် နေရာချပေးမည်ဖြစ်ကြောင်း
 ”မြို့တော်အတွင်းမှာ သယ်ယူ ပို့ဆောင်ရေး လွယ်ကူစေဖို့ မော် တော်ကား ဂိတ်၊
 မော်တော်ဆိုင် ကယ်ဂိတ်တွေထားရှိပါမယ်၊ ပြီး တော့ လျှပ်စစ်မီးရရှိရေး၊ အားက စားနဲ့အသက်မွေးဝမ်းကျောင်း သင် တန်းတွေကိုလည်း သင်ကြားေ ပးသွားမှာပါ”
ဟု ၄င်းက ဆက်လက် ပြောသည်။
 ရွှေမြို့တော် စီမံကိန်းအား လှိုင်သာယာရှိ ကျူးကျော်များနှင့် အနီးဆုံးနေရာတွင်
 ရည်ရွယ်ထား ပြီး နှစ်ကုန်ပိုင်းလောက် တွင် စတင် အကောင်အထည်ဖော်မည်ဖြစ်
 ကြောင်း၊ သက်ဆိုင်ရာသို့လည်း တင်ပြထားပြီးဖြစ်ကြောင်း၊
 ယခုစီ မံကိန်းသည် ပထမဆုံးခြေလှမ်း ဖြစ်ပြီး နောက်ထပ် လုပ်ဆောင် သွားမည့်
အစီအစဉ်များလည်း ရှိ ကြောင်း ၄င်းက ဆက်လက် ပြော သည်။လှိုင်သာယာမြို့
နယ်တွင် ကျူးကျော် ၂ဝဝ ဦးခန့်ရှိကြောင်း ၄င်းထံမှ သိရသည်။
ရန်နိုင်
Print Friendly and PDFPrintPrint Friendly and PDFPDF
0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com
Zawgyi Converter
Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter
ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )