22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, September 20, 2012

ရွေးကောက်ပွဲဝင်လိုသော ဦးမိုးသီးဇွန် အခြေခံဥပဒေ ပြင်ရန် တောင်းဆို

ပြည်တော်ပြန် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမိုးသီးဇွန် က ပါတီသစ် တည်ထောင်၍ ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်လိုသောကြောင့် ၎င်းအတွက် အခက်အခဲဖြစ်နေသည့် အခြေခံဥပဒေအား ပြင်ဆင်ပေး ရန် တောင်းဆိုလိုက်သည်။
nndp1
“ကျနော် နိုင်ငံရေးပဲ လုပ်မှာပါ။ လူမှုရေးအလုပ်တွေ မလုပ်ပါဘူး။ ပါတီထောင်မယ်၊ ရွေးကောက်ပွဲဝင်မယ်။ ဒါပေမယ့် အခြေခံဥပဒေက မြန်မာနိုင်ငံမှာ ၁ဝ နှစ် အနည်းဆုံး ဆက်တိုက်နေမှ ရွေးကောက်ပွဲ ဝင်ခွင့်ရမယ် ဆိုတဲ့ ကန့်သတ်ချက်ကြောင့် အခက်ကြုံနေရပါတယ်။ ဒါကို ပြင်ပေးဖို့ လိုတယ်။ ပြင်ပေးဖို့လည်းတောင်းဆို ပါတယ်” ဟု ဦးမိုးသီးဇွန် က ပြောသည်။

၂ဝဝ၈ ခုနှစ်က အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂ဝ (ဂ)တွင် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တဦး၏ အရည်အချင်းအဖြစ် “ရွေးကောက် တင်မြှောက်ခံရသည့် အချိန်နှင့် တဆက်တည်း ပြည်ထောင်စု မြန်မာ နိုင်ငံတော်တွင် အနည်းဆုံး ၁ဝ နှစ် အခြေချနေထိုင်ခဲ့သူ” ဖြစ်ရမည်ဟု ဖေါ်ပြပါရှိသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အုပ်ချုပ်မှုအောက် ၁၉၈၈ ခုနှစ်အတွင်း ပါတီစုံဒီမိုကရေစီ တောင်းဆိုဆန္ဒပြမှု နိုင်ငံအဝှမ်းဖြစ်ပွားခဲ့သော လူထုအုံကြွမှုအတွင်း ထင်ရှားလာခဲ့သည့် ကျောင်းသားခေါင်းဆောင် ဦးမိုးသီးဇွန် သည် စစ်တပ်မှ အာဏာသိမ်းအပြီးနောက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို တည်ထောင်ဦးဆောင်ခဲ့ဖူး သည်။

ထို့နောက် စစ်အစိုးရအား လက်နက်ကိုင် တော်လှန်ရေးအတွက် မြန်မာ-ထိုင်းနယ်စပ်သို့ ထွက်ခွါခဲ့ကာ ABSDF ခေါ်ကျောင်းသားတပ်မတော်တွင် ဥက္ကဋ္ဌ တာဝန် ယူခဲ့ဖူးသည့် ဦးမိုးသီးဇွန်သည် နောက်ပိုင်းကာလများတွင် ပြည်ပတွင် သာ အခြေချနေထိုင်လာခဲ့ပြီး ၂ဝဝ၈ ခုနှစ်တွင် အမေရိကန်နိုင်ငံသားအဖြစ် ခံယူခဲ့သည်။

သမ္မတဦးသိန်းစိန်၏ အထူးကိုယ်စားလှယ် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ညှိနှိုင်းဆွေးနွေးရေး အဖွဲ့နှင့် ပမာဏ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ဦးမိုးသီးဇွန်နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်အချို့ မြန်မာနိုင်ငံသို့ စက်တင်ဘာ ၁ ရက်နေ့တွင် လေကြောင်းခရီးဖြင့် ပြန်လည် ဝင်ရောက်လာခဲ့သည်။ အစိုးရက လည်း သူအပါအဝင် ပြည်ဝင်ခွင့် ပိတ်ပင်ထားသူပေါင်း ၂ဝဝဝ ကျော်ကို Black List စာရင်းမည်းမှဖယ်ရှား ပေးခဲ့ကြောင်း ကြေညာထား ခဲ့သည်။

ဦးမိုးသီးဇွန် ပါတီထောင်၍ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရေး ဥပဒေများ ပြင်ဆင်နိုင်ရန် လွှတ်တော် အတွင်း တင်ပြဆွေးနွေးသွားမည်ဟုလည်း လွှတ်တော်အမတ် ဦးသိန်းညွန့်က ပြောသည်။

“လွှတ်တော်အတွင်းကနေ ပြင်ဖို့ လိုအပ်တဲ့ ဥပဒေတွေကိုပြင်ရမယ်။ ကျနော့်အနေနဲ့လည်း ဆောင်ရွက်နိုင်သမျှ ဆောင်ရွက်ပေးမယ်။ ဖြစ်လာတဲ့ ပြဿနာပေါ် မူတည်ပြီး အခြေခံ ဥပဒေကို ပြင်ဖို့ ပြောမှာပဲ။ အခုလည်း ဒီကိစ္စကိုပြောမှာပဲ” ဟု ဆိုသည်။

ပြည်ပရောက် အတိုက်အခံများ မြန်မာနိုင်ငံသို့ ပြန်လာ လိုကြသော်လည်း ပြည်ဝင်ခွင့် ဗီဇာဖြည့်ရာကအစ ကန့်သတ်ချက်များ များလွန်းနေပြီး ယင်းသို့သော ရှုပ်ထွေးသည့် လုပ်ထုံးများကြောင့် အခက်အခဲဖြစ်နေသည် ဟုလည်း ဦးမိုးသီးဇွန်က ဆိုသည်။

“ကျနော် နိုင်ငံရေးပဲ လုပ်မှာပါ။ လူမှုရေးအလုပ် တွေ မလုပ်ပါဘူး။ ပါတီထောင်မယ်၊ ရွေးကောက်ပွဲ ဝင်မယ်။ ဒါပေမယ့် အခြေခံ ဥပဒေမှာပါတဲ့ မြန်မာ နိုင်ငံမှာ ၁ဝ နှစ် အနည်း ဆုံး ဆက်တိုက်နေမှ ရွေးကောက်ပွဲ ဝင်ခွင့်ရ မယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် အခက်ကြုံ နေရပါတယ်။ ဒါကို ပြင်ပေးဖို့လို တယ်။ ပြင်ပေး ဖို့လည်း တောင်းဆိုပါတယ်”
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လာရောက် ကြိုဆိုနေသူများကို “ကျနော်တို့ အခက်အခဲတွေ အများကြီးကြားထဲက ပြန်လာနိုင်ခဲ့ပါပြီ။ ကျနော်တို့ အရမ်းပျော်ပါတယ်။ ကျနော်တို့ရဲ့ပျော်ရွှင်မှုဟာ ဘယ်သူ့ ကိုမှ ဒုက္ခ မပေးပါဘူး။ ကျနော်တို့ရဲ့ပျော်ရွှင်မှုမှာ အားလုံးပါဝင်ပါတယ်” ဟု ဦးမိုးသီးဇွန် က စက်တင်ဘာလ ၁၂ ရက်နေ့ တွင် နှုတ်ခွန်းဆက်စကား ဆိုခဲ့သည်။

၁၉၈၈ ခုနှစ်မှစတင်၍ ၂၃ နှစ်ကြာ စစ်အုပ်ချုပ်ရေး ကာလတွင်းမှ အဆမတန် တိုးပွားလာခဲ့သော Black list စာရင်းမည်းတွင် ပြည်ပနှင့်နယ်စပ်ရှိ အတိုက်အခံများ၊ နိုင်ငံခြားသားများ၊ သတင်းစာဆရာများ၊ မြန်မာအတိုက် အခံ များကို ထောက်ခံအားပေးသူ နိုင်ငံခြားသားများလည်း ပါဝင်သည်။

နိုင်ငံခြားရေး၊ လူဝင်မှု ကြီးကြပ်ရေး၊ ပြန်ကြားရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာန စသည်ဖြင့် ဌာနပေါင်းစုံမှ စုဆောင်း တင်ပြချက်အရ တားမြစ်သော စာရင်းတွင် လူတဦးထဲကိုပင် စာရင်းသွင်းမှု တကြိမ်ထက်ပို ပါဝင်နေ တတ်ပြီး နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံတော် ကုန်ကျငွေဖြင့် ပညာတော်သင် သွားရောက်ပြီး ပြန်မလာတော့ သည့်သူများနှင့် “နိုင်ငံရေးနှင့် ငြိစွန်းသည်” ဟု ခေါ်ဝေါ်လေ့ရှိသော အတိုက်အခံလှုပ်ရှားမှုနှင့် ပတ်သက်သူများ ကိုလည်း ပိတ်ပင်လေ့ရှိသည်။

မူလစာရင်းတွင် အရေအတွက် မည်မျှပါဝင်သည်ကို ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း အငြိမ်းစား နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိဟောင်းတဦး အဆိုအရ နှစ်သောင်းခန့်ပင် ရှိခဲ့ဖူးသည်ဟု သိရသည်။

ပိတ်ပင်ထားသော စာရင်းမှ ဖယ်ရှားပြီးနောက် ထိုင်းနိုင်ငံတွင် နေထိုင်လျက်ရှိကြသော လူ့ဘောင်သစ်ဒီမိုကရစ် တစ် ပါတီ ခေါင်းဆောင် ဦးအောင်မိုးဇော်၊ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်မှ ဦးမောင်မောင် တို့လည်း မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာကြပြီြ
ဖစ်သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )