22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, September 25, 2012

အယူသီးမှု နှင့် မေတ္တာတရား (အရှင်လတ်လတ်မြှုပ်နှံသင်္ဂြိုလ်ခြင်း)


ကျနော်တို့ ခေတ်သစ် ကမ္ဘာမှာ လူမှုကွန်
ယက်နှင့် တကမ္ဘာ လုံး အတိုင်းအတာ 
လူသားအချင်းချင်း ချိတ်ဆက်
စကားပြောနေချိန်မှာ အိန္ဒိယ နိုင်ငံတနေရာမှာတော့ ကလေးလေးတွေကို အရှင်လတ်လတ်မြှုပ်နှံသင်္ဂြိုလ်တဲ့ ဓလေ့ရှိနေပါသေးကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက်ရချိန် စိတ်ထဲမှာ မသက်မသာ ခံစားလိုက်ရပါတယ်။
အသက် ခြောက်လမှ ဆယ်နှစ် အရွယ် ခလေးလေးတွေကို နေကြတ်ခြင်းကို ကုစားဖို့ ဆိုပြီး အရှင်လတ်လတ်မြှုပ်နှံသင်္ဂြိုလ်လိုက်ပါတယ်။
ခလေးမိဘတွေရဲ့ လက်ထဲက မျက်ရည်စက်လက်နဲ့ မျက်ရည်ခန်းသွားတဲ့အထိ သနားစရာ အဖြစ်လေးကို မိဘတွေက လွဲပြီး သနားသော အကြည့်နဲ့ ကြည့်နေသူပင် မရှိကြောင်း ဖတ်လိုက်ရချိန်မှာ လူသားအချင်းချင်းကြား ထားအပ်တဲ့ မေတ္တာတရားသည် အယူသီးမှု ၏ နောက်ကွယ်တွင် ကျန်နေနိုင်သလား ဆိုတာကိုပါ စဉ်းစားခဲ့ပါသေးတယ်။
ဒီလို အဖြစ်ဟာ စာပေ ဗဟုသုတ ခေါင်းပါးခြင်းကြောင့် ဖြစ်တယ် ဆိုပြီးတော့လဲ မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။
ဒီလိုဆိုရင် စာပေ၊ ဗဟုသုတ နှင့် မေတ္တာတရား ဆက်စပ်မှု ရှိနိုင်ပါသလား။
စာပေ ဗဟုသုတ ပေါကြွယ်ဝသော လူ့အသိုင်းအ၀န်းများတွင်လဲ မေတ္တာတရား ခေါင်းပါးခြင်းများ တွေ့နိုင်ပါသည်။ 
သို့သော်....
မသိခြင်းထက် သိခြင်းသည် လူတွေကို ဆင်ခြင်းတုံတရား ပိုပေးနိုင်ကြောင်း ကိုတော့ သတိထားမိလိုက်ပါသည်။
အခုလိုအဖြစ်မျိုး ဆက်မဖြစ်ရလေအောင် လူ့အခွင့်အရေး လှုပ်ရှားသူများက အစဉ်တစိုက် သက်ဆိုင်ရာ အစိုးရ ကို ဥပဒေ နဲ့ အကာအကွယ်ပေးဖို့ ဆော်သြနေကြပါတယ်။ ဆက်ပြီး ခလေးလေးများ မေတ္တာတရားရဲ့ အရိပ်အာဝါသ အောက်မှာ ရှင်သန်နိုင်ပါစေ လို့ပဲ ဆုတောင်းနေမိပါတယ်။
အရေးအကြီးဆုံးက လူ့အသိုင်းအ၀န်းကြား မေတ္တာ ဂရုဏာတရား ထွန်းကားဖို့သာ ဖို့ပါ။
မူရင်း သတင်းလင့်
http://hitechanalogy.com/children-buried-alive-for-healing-through-solar-eclipse-the-dark-side-of-india/
Chitthuco Coco Facebook မှကူးယူဖော်ပြသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )