မွတ်စလင်နိုင်ငံတွေ မှာ ဆန္ဒပြမှုတွေဖြစ်ခဲ့တဲ့ တမန်တော် မိုဟာမက် ကို
သရော်တဲ့ ဗီဒီယိုကို ရိုက်ကူးခဲ့သူကို
သတ်ဖြတ် နိုင်တဲ့သူကို ဒေါ်လာ
တသိန်း ဆုပေးမယ်လို့
ပါကစ္စတန် အစိုးရ ဝန်ကြီးတဦးက ပြောလိုက်ပါတယ်။
ပါကစ္စတန် ညွန့်ပေါင်း အစိုးရမှာ မီးရထား ဝန်ကြီး တာဝန်ထမ်းဆောင် နေတဲ့ ဂူလမ်
အာမက် ဘီလား က တာလီဘန် နဲ့ အဲလ်ခိုင်းဒါး အဖွဲ့ဝင်တွေကို လည်း သူ့အခေါ်အရ
မွန်မြတ်တဲ့ အလုပ်မှာ ပူးပေါင်းပါဝင် ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
သူက နောက်အလားတူ ရုပ်ရှင်ဇာတ်လမ်းမျိုး ရိုက်သူရှိရင်လည်း အဲဒီလူကို
သတ်နိုင်ရင် နောက်ထပ် ဒေါ်လာ တသိန်း ပေးမယ်လို့ ဆိုပါတယ်။
ဆုငွေပေးမယ်ပြောတဲ့ ပါကစ္စတန်ဝန်ကြီး ဘီလား
အဲဒီ နိုင်ငံတွေမှာ လွတ်လပ်စွာ ပြောခွင့်၊ ထုတ်ဖော်ခွင့် ရှိတာကို သူသိကြောင်း၊
ဒါပေမယ့် အဲဒီနိုင်ငံတွေမှာ တမန်တော်ကို စော်ကားတာကို တားမြစ်တဲ့ ဥပဒေမျိုး
လည်း ရှိဖို့လိုကြောင်းနဲ့ အဲဒီလို မရှိရင် နောင်အနာဂတ် မှာအကြီးအကျယ် အန္တရာယ်
ရှိလာ နိုင်တယ် လို့လည်း သူကပြောပါတယ်။
ဒါပေမယ့် ပါကစ္စတန် ဝန်ကြီးချုပ် ရဲ့ ပြောခွင့်ရသူကတော့ မစ္စတာ ဘီလားရဲ့
ပြောကြားချက်တွေနဲ့ သူတို့နဲ့ ဘာမှ ပတ်သက်မှု မရှိဘူးလို့ ဘီဘီစီ ကို
ပြောပါတယ်။
BBC (မြန်မာပိုင်း)
6:46 AM
Admin

Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com