နေပြည်တော်တွင်နှစ်ရက်ကြာ ကျင်းပနေသည့် ရခိုင်ဒေသ ရခိုင်ပြည်နယ်ရေရှည်
တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုး တိုးတက်ရေး
ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ တွင်
တက်ရောက်နေသည့် ရခိုင် လူမှုအဖွဲ့အစည်းများ၊
မွတ်စလင်ဘာသာ ရေး
အဖွဲ့အစည်းများ၊ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များက ရခိုင်ပြည်နယ်ရှိ
မွတ်စလင် အမျိုးသမီးများ ကိုမြန်မာ့လူမှု အဖွဲ့အစည်းအတွင်း လိုက်လျော
ညီထွေနေထိုင်နိုင်ရေး အတွက်ခေတ်ပညာများ သင်ကြားပေး ရန်လိုကြောင်း
အဆိုတစ်ခုကိုသာ သဘောတူညီ မှုရရှိခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော်ရှိMICCတွင်ပြုလုပ်သည့် ရခိုင်ပြည်နယ် ကယ်ဆယ်ရေး၊ပြန်လည်
ထူထောင်ရေး၊ တရားဥပဒေစိုးမိုး ရေး ဆိုင်ရာ ကိစ္စရပ်များ အတွက် ပြုလုပ်သည့်
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ရခိုင် လူမှု အဖွဲ့အစည်းများ၊မွတ်စလင်ဘာသာရေး
အဖွဲ့အစည်းများ၊ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များနှင့် စာရေးဆရာကျော်ဝင်း၊ ဦးသူရ(ခ)ဇာဂနာတို့ လည်း တက်ရောက် ခဲ့ကြသည်။
ယင်းအဆိုကို ရသေ့တောင်မြို့နယ်လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်စောဝေက
အဆိုပြုခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာရှိတယ် မရှိဘူး၊ခိုးဝင်လာတာ မဟုတ်ဘူး ဆိုသည်နှင့်
ဘင်ဂါလီ ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းများ အပေါ်တွင်မူ အလုပ်ရုံဆွေးနွေးပွဲ၌
အခြေအတင် အငြင်းပွား ပြောဆိုခဲ့ကြကြောင်း သိရသည်။
The Voice weekly
6:43 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com