ကိဗ်မြို့ ချူနိုဘိုင်း နျူက လီးယား စွမ်းအင်စက်ရုံ (NPP)မှ ရေ ဒီယို သတ္တိ ကြွ ပစ္စည်းများ ခိုးယူရောင်း ချခဲ့သူ (၈)ဦးကို ယူကရိန်း တရားရုံး တစ်ရုံးက အင်္ဂါနေ့ တွင် ထောင်ဒဏ် (၈)နှစ်မှ (၈.၅)နှစ်အထိ ပြစ်ဒဏ်ချ မှတ်ခဲ့ကြောင်း ကိဗ်မြို့ ဥပဒေအရာ ရှိများရုံးက ထုတ်ပြန်ခဲ့သည်။
တရား ခံများမှာ ရေဒီယိုသတ္တြွိကပစ္စည်းများ အား တရားဝင်ကိုင်တွယ်ခဲ့ပြီး ရာဇ ဝတ်မှုတစ်ခုနှင့်ဆက်နွယ်မှုရှိခဲ့ကြောင်း Guloseevo ခရိုင်ရုံးက စစ်ဆေးတွေ့ရှိ ခဲ့သည်။ ၄င်းတို့သည် ချူနိုဘိုင်း NPPစက်ရုံမှ ယူရေနီယံသတ္တုအနည်းနှင့် ပြုလုပ်ထားသည့် သတ္တုပစ္စည်း တချို့ ကိုခိုးယူကာ ရောင်းချခဲ့ကြသည်။ ခိုး ယူလာသည့် ရေဒီယိုသတ္တြွိကပစ္စည်း များကိဗ်မြို့၌ရောင်းချနေစဉ် ယူကရိန်း လုံခြုံရေးတပ်ဖွဲ့ဝင်အရာရှိများနှင့် ရဲ များက ဖမ်းဆီးကာ တရားစွဲဆိုခဲ့ကြ ခြင်းဖြစ်သည်။
Ref: Xinhua
5:36 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com