22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, September 2, 2012

မီးဖွားဖို့ ပြန်လာရင်း အင်္ဂလိပ်စာ အခမဲ့ သင်ပေးမယ့် နိုင်းနိုင်းရဲ့ ဇနီး


 

အမေရိကန် ပြည်ထောင်စုမှ သြဂုတ် လဆန်းပိုင်းက ပြန်လည် ရောက် ရှိနေသော ရုပ်ရှင် သရုပ်ဆောင် နိုင်းနိုင်း၏ ဇနီး စန္ဒီချိုက ယခုတစ်ခေါက် မြန်မာပြည် အပြန် ခရီးစဉ်တွင် ရန်ကုန်မြို့ပြင် ဒေသများရှိ လူငယ် လူရွယ်များအား အင်္ဂလိပ်စာ အခမဲ့ သင်ကြားပေးရန် စီစဉ်လျက်ရှိကြောင်း ပြောကြားသည်။
သူမ၏ တတိယမြောက် ရင်သွေးကို မွေးဖွားရန် ပြန်လာခြင်း ဖြစ်သော်လည်း တစ်ဖက်တွင် အင်္ဂလိပ်ဘာသာစကား သင်ကြားရန် အခွင့်အလမ်း နည်းပါးနေသူများအတွက် ယခုအစီအစဉ်ကို ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သူမက ပြောသည်။ “ကျွန်မ မြန်မာနိုင်ငံကို ရောက်စဉ်ခဏမှာ ကျွန်မရဲ့ အားလပ်ချိန်တွေကို အင်္ဂလိပ်ဘာသာစကား သင်ကြားဖို့ အခွင့်အရေး သိပ်မရှိ ဖြစ်နေတဲ့သူတွေကို စာသင်ပေးရင်း ကုန်ဆုံးမယ်လို့ စဉ်းစားမိတယ်။ ဒါကြောင့် ဒီမှာ ပရဟိတအဖြစ် စာလိုက်သင်ပေးနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အကူအညီနဲ့ အင်းစိန်၊ ဒါမှမဟုတ် သန်လျင်ဘက်မှာ တစ်ပတ်တစ်ရက်လောက် ဖြစ်ဖြစ် သင်ဖို့ စီစဉ်နေပါတယ်” ဟု စန္ဒီချိုက ပြောသည်။ စန္ဒီချိုသည် အမေရိကန်နိုင်ငံ၊ Stony Brook တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ဘာသာဖြင့် ဘွဲ့ရရှိထားသူ ဖြစ်သည်။ “သူအမေရိကားမှာ ယူထားတဲ့ဘွဲ့ကလည်း နောက်ပိုင်း တောက်လျှောက် ယူအင်န်တို့ အင်န်ဂျီအိုတို့နဲ့ ချိတ်ပြီး ဆက်လုပ်ဖို့ အစီအစဉ်ရှိတော့ သူ့လုပ်ရပ်လေးကို ကျွန်တော်က အားပေးပါတယ်” ဟု နိုင်းနိုင်းက ပြောသည်။ နိုင်းနိုင်းနှင့် စန္ဒီချိုတို့သည် ၂၀၀၇ နှစ်ကုန်ပိုင်းက လက်ထပ်ခဲ့ပြီး ယခုအခါ သမီးတစ်ယောက်နှင့် သားတစ်ယောက် မွေးဖွားခဲ့ပြီး ဖြစ်သည်။ ယခု တတိယမြောက် လွယ်ထားရသည့် ရင်သွေးမှာ လေးလခန့် ရှိပြီဖြစ်ကြောင်းနှင့် ပန်းလှိုင်အထူးကု ဆေးရုံတွင် မွေးဖွားရန် စီစဉ်ထားကြောင်း နိုင်းနိုင်းက ပြောသည်။ အေးသူစံ
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )