22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, September 5, 2012

ဘာစီလိုနာတွင် လက်ရှိ ကစားခွင့် ရသည့် အခြေအနေ အတွက် မပျော်ရွှင်ကြောင်း ဖာဘရီဂက်စ် ဝန်ခံ

စပိန် လာလီဂါ ကလပ်များတွင် မပျော်မရွှင် ဖြစ်နေကြောင်း ထုတ်ဖော် ပြောဆိုသည့် ဘောလုံး ကြယ်ပွင့်များ အနက် ခရစ္စတီယာနို ရော်နယ်လ်ဒို အပြီးတွင် ဆက်စ်ဖာဘရီဂက်စ်လည်း ထွက်ပေါ် လာခဲ့သည်။


စပိန် လက်ရွေးစင် ကွင်းလယ် ဖန်တီးရှင်က လက်ရှိ ဘာစီလိုနာ အသင်းအတွက် မိမိ ကစားပေးခွင့် ရနေသည့် အနေအထား အတွက် စိတ်အနှောင့်အယှက် ဖြစ်နေကြောင်း ဝန်ခံသွားသည်။ ဖာဘရီဂက်စ်သည် ဘာစီလိုနာ အတွက် ယခုရာသီ ပွဲတိုင်း ပါဝင် ကစားခဲ့ရသော်လည်း ပွဲချိန်ပြည့် ပါဝင် မကစားရသလို တနင်္ဂနွေနေ့ လာလီဂါ ပွဲစဉ်တွင် (၆၃)မိနစ်၌ လူစားလဲ ခံခဲ့ရသည်။။ ဖာဘရီဂက်စ်သည် ပြီးခဲ့သည့် နွေရာသီက အာဆင်နယ်ကို စွန့်ခွာပြီး ၎င်း၏ ငယ်မွေးခြံပေါက် ကလပ် အသင်းသို့ ပေါင်စတာလင် သန်း(၃၀)ဖြင့် ပြန်လည် ပြောင်းရွှေ့လာသူ ဖြစ်သည်။
လက်ရှိ အခြေအနေကို မပျော်ရွှင်သည့် ဖာဘရီဂတ်စ်

Marcaနှင့် အင်တာဗျူးတွင် ဖာဘရီဂက်စ်က "ဒီအခြေအနေမျိုးကို ဘောလုံး ကမ္ဘာမှာ ခမ်းနားတဲ့ လူစားလဲမှုလို့ သုံးနှုန်းမယ် မထင်ပါဘူး။ ကောင်းမွန်လွန်းတဲ့ လူစား လဲမှုဆိုတာလည်း ဘာမှန်း ကျွန်တော် မပြောတတ်ဘူး။ ကျွန်တော်ကတော့ အသင်းဖော်တွေကို ပျော်ရွှင် နေစေချင်ပါတယ်။ ကျွန်တော့်အတွက် စိတ်ဆင်းရဲစရာတွေ ရှိနေရင်လည်း အိမ်ကိုပဲ ယူသွားလိုက်မှာပါ။ ထားလိုက်ပါ။ အဲဒါကိုတော့ ကျွန်တော့် အသင်းဖော်တွေနဲ့ နည်းပြကို မမြင်မတွေ့စေချင်ဘူး"ဟု ပြောကြားသွားသည်။

ကျွန်တော်ကတော့ အသင်းဖော်တွေကို ပျော်ရွှင် နေစေချင်ပါတယ်။ ကျွန်တော့်အတွက် စိတ်ဆင်းရဲစရာတွေ ရှိနေရင်လည်း အိမ်ကိုပဲ ယူသွားလိုက်မှာပါ။ ထားလိုက်ပါ။ အဲဒါကိုတော့ ကျွန်တော့် အသင်းဖော်တွေနဲ့ နည်းပြကို မမြင်မတွေ့စေချင်ဘူး...
အသက်(၂၅)နှစ်ရှိ စွယ်စုံရ ကွင်းလယ် ကစားသမားသည် အန်းဒရက်စ် အင်နီယေစတာ၊ ရှာဗီဟာနန်ဒက်ဇ်နှင့် ဆာဂျီယို ဘုရှ်ကွက်စ်တို့ကို အားပြု တည်ဆောက်ထားသော ဘာစီလိုနာ ကွင်းလယ်တွင် နေရာတစ်ခု ပိုင်ဆိုင်ရန် ရုန်းကန်နေရသည်။ ၎င်းက "လူတိုင်းကတော့ ပွဲတိုင်း ကစားချင်မှာပါ။ ကျွန်တော် အမြဲတမ်း ပြောပါတယ်။ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်းအတွက် ကစားနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဒီကို လာခဲ့တာ ပြိုင်ဆိုင် ကြိုးစားဖို့၊ သင်ယူဖို့နဲ့ ပျော်ရွှင်ဖို့ပါ။ ထိုင်နေပြီး ဦးနှောက်ကို ထုံထိုင်းနေစေတာမျိုး မဖြစ်စေချင်ဘူး။ ကျွန်တော် ဘာလုပ်နိုင်တယ် ဆိုတာကို နည်းပြက သိပါတယ်။ ကျွန်တော်ဟာ နေရာ(၃)ခုမှာ ကစားနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမား (၃)ယောက်ကို ယှဉ်ပြိုင်ဖို့ အခွင့်အရေး ရှိပါတယ်။ ဒီအသင်းရဲ့ အစိတ်အပိုင်း ဖြစ်ရတာ ကျွန်တော် သိပ်ပျော်ပါတယ်။ ဒါပေမဲ့ နည်းပြက ကျွန်တော့်ကို သွားပါတော့ဆိုရင် ကျွန်တော် စွန့်ခွာသွားမှာပါ။ ခုချိန်မှာတော့ ကျွန်တော် ရှေ့ဆက်နေပါဦးမယ်။ မျှော်လင့် နေပါဦးမယ်။ ကျွန်တော့် ကစားသမားဘဝကို ပြည့်စုံစေဖို့ ဒီကိုကျွန်တော် လာခဲ့တာပါ" ဟု ဆက်လက် ပြောဆို သွားခဲ့သည်။
Ref: Daily Mail

Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )