မိမိ အနေဖြင့် ရီးယဲလ်မက်ဒရစ်တွင်  မပျော်မရွှင် ဖြစ်နေသည်ဟု ပြောဆိုခဲ့ခြင်းမှာ ငွေကြေး ကဏ္ဍနှင့် လုံးဝ  မသက်ဆိုင်ကြောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပြောကြားလိုက်သည်။    
အသက်(၂၇)နှစ်ရှိ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်သမားက ဘာနေဗျူးတွင် စိတ်ပျက်စရာများ ကြုံတွေ့နေရကြောင်း ဝန်ခံခဲ့မှုသည် ဥရောပ၏ ရေပေါ်ဆီ သူကြွယ်ကလပ်များ ဖြစ်ကြသည့် PSG၊ မန်ချက်စတာ စီးတီးနှင့် ချယ်လ်ဆီးတို့ထံ ပြောင်းရွှေ့ရန် စကားခေါ်ခြင်းဟု သတင်းအချို့က ရေးသားခဲ့သော်လည်း ၎င်းက ယင်းကို ငြင်းဆန်ခဲ့သည်။ ရော်နယ်လ်ဒိုသည် ရီးယဲလ်ဂျာစီကို ဝတ်ဆင်ပြီး သွင်းဂိုး (၁၅၀)ပြည့် သွင်းယူနိုင်ခဲ့သည့် ဂရန်နာဒါနှင့် စပိန် လာလီဂါ ပွဲစဉ်တွင် ဂိုးသွင်းပြီး အောင်ပွဲခံခဲ့ခြင်း မရှိပေ။
ရီးယဲလ်တွင် မပျော်ရွှင်တော့သည့် ရော်နယ်လ်ဒို
ရော်နယ်လ်ဒိုသည် ရာသီကုန်တွင် ရီးယဲလ်မှ ထွက်ခွာဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့ပြီး ၎င်းနှင့် ရီးယဲလ်တို့ ချုပ်ဆိုထားသည့် စာချုပ်ပါ တန်ကြေး သတ်မှတ်မှုအရ ပေါင်စတာလင် သန်း(၁၀၀) ပေါက်ဈေး ရှိနေကြောင်း သိရသည်။ ရော်နယ်လ်ဒိုသည် ၎င်း၏ Facebook စာမျက်နှာတွင် ကြေညာချက်တစ်စောင် ရေးသားခဲ့ရာ မိမိ၏ စိတ်အနှောင့်အယှက် ဖြစ်မှုသည် ငွေနှင့် မဆိုင်ကြောင်း ဖော်ပြထားသည်။ "ခုချိန်မှာ ကျွန်တော်က ပိုက်ဆံ ပိုလိုချင်နေတယ်လို့ စွပ်စွဲမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ တစ်နေ့တော့ လက်ရှိ အခြေအနေဟာ အဲဒီကိစ္စနဲ့ မဆိုင်ကြောင်း သူ့ဖာသာ ပေါ်ထွက်လာပါလိမ့်မယ်။ လောလောဆယ် ရီးယဲလ် ပရိသတ်ကို ကျွန်တော် အာမခံချင်တာ တစ်ခုကတော့ ကျွန်တော့်ရဲ့ စိတ်အားတက်ကြွမှု၊ စူးစိုက်မှု၊ ရည်စူးမှုနဲ့ ဆန္ဒတွေ အားလုံးဟာ ရီးယဲလ်နဲ့အတူ ပွဲတိုင်း အနိုင်ရချင်နေတဲ့ အပေါ်မှာ ဘာသက်ရောက်မှုမှ မရှိစေရဘူး ဆိုတာပါပဲ"ဟု ရော်နယ်လ်ဒိုက ရေးသားထားခဲ့သည်။
ခုချိန်မှာ ကျွန်တော်က ပိုက်ဆံ ပိုလိုချင်နေတယ်လို့ စွပ်စွဲမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ တစ်နေ့တော့ လက်ရှိ အခြေအနေဟာ အဲဒီကိစ္စနဲ့ မဆိုင်ကြောင်း သူ့ဖာသာ ပေါ်ထွက်လာပါလိမ့်မယ်...
ရီးယဲလ်သည် (၂၀၀၉)ခုနှစ်က ရော်နယ်လ်ဒိုအား မန်ချက်စတာ ယူနိုက်တက် အသင်းမှ ပေါင်စတာလင် သန်း(၈၀)တန် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ် ပေးချေပြီး ခေါ်ယူခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့် ရာသီက လာလီဂါ (၃၈)ပွဲတွင် (၄၆)ဂိုး သွင်းယူကာ ချန်ပီယံဖြစ်အောင် ကူညီပေးခဲ့သလို ပြိုင်ပွဲပေါင်းစုံ သွင်းဂိုး(၆၀)ထိ ရရှိခဲ့သည်။
Ref: Daily Mail
 
 11:39 AM
11:39 AM
 Admin
Admin
 
 Posted in:
 Posted in:   


0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com