22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Wednesday, September 5, 2012

ဩစတေးလျ၌ နိုင်ငံရေး ခိုလှုံခွင့်ရရန် ကြိုးပမ်းခဲ့သည့် လူ ၁၄၇ ဦးကို ဖမ်းဆီး

နိုင်ငံရေး ခိုလှုံခွင့် ရရှိရန် ဩစတြေး လျသို့
 ဦးတည်နေသော ငါးဖမ်းလှေ နှစ်စီးပေါ်မှ လူ
(၁၄၇) ဦးကို သီရိလင်္ကာ ရေတပ်က အင်္ဂါ နေ့တွင်
 ဖမ်းဆီးခဲ့ကြောင်း သိရသည်။


လူ(၆၆)ဦး ပါဝင်သည့် ငါးဖမ်းစက် လှေတစ်စီးကိုBeruwala တောင်
 ပိုင်း ပင်လယ်ပြင်တွင်
ဖမ်းဆီးနိုင် ခဲ့ခြင်းဖြစ်ပြီး လူ(၈၈)ဦးလိုက်ပါ လာသည့် တခြားလှေတစ်စီးကို Chilaw
အနောက်မြောက် ပင်လယ် ပြင်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည် ဟု ရေတပ်ပြောခွင့်
ရပုဂ္ဂိုလ်တစ်ဦး က ပြောကြားခဲ့သည်။

ဖမ်းဆီးခံခဲ့ ရသော နိုင်ငံရေးခိုလှုံခွင့်ရရှိရန် ကြိုးပမ်းသူအများစုမှာ တမီးလ် လူမျိုးများဖြစ်ပြီး
ကျန်အားလုံးမှာ ဆင်ဟာလိစ်များ ဖြစ်ကြသည်။

“လှေတစ်စီးပေါ်မှာ တမီးလ် ၆၄ ယောက်၊ နောက်လှေတစ်စီးပေါ် တမီးလ်
 (၅၉)ယောက်ပါရှိပါတယ်။

ဖမ်းဆီးခံရသူ အားလုံးဟာ ဂျက်ဖ်နာ၊ မူလီသီဗူ၊ ထရင်ကိုမာလီ၊ ဗာမန်နီယာ၊ ဘက်တီကာလိုအာ၊
ကီလီနိုချာချီ၊ ချီလော်၊ ပက်လမ်၊ ကိုလံဘို၊ နီဂိုဘို၊ ကာရမ်နီဂါလာနဲ့ မန်နာဒေသတွေက
လူတွေဖြစ်ပါတယ်” ဟုအဆိုပါ ပုဂ္ဂိုလ်ကဆိုခဲ့သည်။

ဖမ်းဆီးခံခဲ့ရ သူ (၁၄၇) ဦးကို နောက်ထပ်စုံစမ်း စစ် ဆေးမှုများ ပြုလုပ်ရန်
ရဲဘက်ရာဇဝတ် မှုစုံစမ်းရေးဌာနသို့ လွှဲပြောင်းပေးခဲ့ သည်။

ဩစတြေးလျသို့ အန္တရာယ် များသည့် ရေကြောင်းမှ လှေဖြင့် သွားရောက်ရန် ကြိုး
ပမ်းခဲ့မှုကြောင့် ယခုနှစ်အတွင်း လူရာပေါင်းများ စွာကို သီရိလင်္ကာရဲနှင့် ရေတပ်က
 ဖမ်းဆီးခဲ့သည်။

သို့သော် နိုင်ငံရေး ခိုလှုံလာသူများအားChristmas ကျွန်းရှိထိန်းသိမ်းရေးစင်တာတစ်ခု တွင်ထားရှိသောဩစတြေးလျနိုင်ငံ သို့ရောက်ရှိရန်ယခုချိန်ထိ ကြိုးပမ်း
သူများရှိနေဆဲဖြစ်သည်။

ကမ်း လွန် ထိန်းသိမ်းရေးစင်တာမှ နိုင်ငံ ရေးခိုလှုံနေကြသူများကို ယခုအခါ ဩစတေးလျအစိုးရက ရွှေ့ပြောင်း ပေးတော့မည်ဖြစ်သည်။

သီရိ လင်္ကာနှင့် ဩစတြေးလျအစိုးရတို့ သည် လူကုန်ကူးတိုက် ဖျက်ရေး သဘောတူညီမှုရရှိထားပြီး နိုင်ငံ ရေးခိုလှုံခွင့်ရရှိရန်ကြိုးပမ်းနေသူများ အားခရီးလမ်းတွင်
လူမှောင်ခိုသမား များ လက်ထဲရောက်မသွားစေရန် သီရိလင်္ကာအာဏာပိုင်များ
ကသတိ ပေးခဲ့သည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )