ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်မှာ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ဘောင် ဖော်ဆောင်ရေး ဆွေးနွေးပွဲကို ဒီကနေ့ ပြုလုပ်ခဲ့ပြီး ကိုမင်းကိုနိုင်၊ ကိုဂျင်မီနဲ့ ကိုကိုကြီး(စမ်းချောင်း)တို့ သွားရောက် ဟောပြောခဲ့ကြပါတယ်။
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်က စလင်းမြို့မှ ပွင့်ဖြူမြို့သို့ သွားသည့် လမ်းခုလတ်တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနှုတ်ဆက်ကြသည့် လယ်သူမများနှင့် အတူတွေ့ရစဉ်။
ထန်းတပင်မြို့နယ် ရွာသစ်ကျေးရွာမှာ ဒီကနေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့တဲ့ အဲဒီ ဆွေးနွေးပွဲမှာ ကိုမင်းကိုနိုင်က ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ ဒေသခံ ပြည်သူတွေကို အာဏာ တစ်ခုတည်းနဲ့ မအုပ်ချုပ်သင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။
အဲဒီ ဆွေးနွေးပွဲကိုအနောက်ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေး အဖွဲ့ဝင်တွေ တောင်သူ လယ်သမားတွေ အပါအဝင် ဒေသခံ ပြည်သူ (၃၀၀) ကျော် တက်ရောက်ခဲ့ကြပါတယ်။
6:24 AM
Admin
Posted in: 

0 comments:
Post a Comment
သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။
သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။
ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com