22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, September 2, 2012

ရခိုင် လယ်ယာမြေ စစ်ဆေးရေး ကော်မရှင် တာဝန်ခံ နေရာမှ တိုင်းမှူးဟောင်း ဦးမောင်ဦး ဖယ်ရှားခံရ

ရခိုင်ပြည်နယ် အသိမ်းခံထားရသော
လယ်ယာမြေနှင့် တစ်ခြားမြေများ
သိမ်းဆည်းခံရမူ စုံစမ်းရေး ကော်မရှင်တွင်
  ယခင် အနောက်ပိုင်းတိုင်း တိုင်းမှူးလည်းဖြစ်၊
 ပြည်ထဲရေး ၀န်ကြီးဟောင်းလည်း ဖြစ်သူ


 ဦးမောင်ဦးအား တာဝန်ခံ အဖြစ် ခန့်အပ်ထားရာ ယင်းသို့ ခန့်အပ်ရာမှာ မသင့်တော်ဟု ရခိုင် လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်သဖြင့် ယခုအခါ တစ်ခြား တပ်မတော်သား
 ကိုယ်စားလှယ် တစ်ဦးဖြင့် ၎င်းနေရာကို အစားထိုး တာဝန် ပေးအပ်လိုက်သည်ဟု
သတင်း ရရှိသည်။

“ အစကတော့ လွှတ်တော်ကနေ တာဝန်ခံ အဖြစ် ရခိုင်တိုင်းမှူးဟောင်း ဦးမောင်ဦးကို တာဝန် ပေးပါတယ်။ ဦးမောင်ဦးဟာ သူတိုင်းမှူးဘ၀နဲ့ ရခိုင်မှာ တာဝန်ကျစဉ်က လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး မရှင်းမလင်း တာလေးတွေ ရှိတော့ ဗိုလ်ချုပ် ဦးမောင်ဦးကတော့ မသင့်တော်ဘူးလို့ ကျွန်တော်တို့ ညှိနိုင်းတဲ့ အခါ သူနေရာမှာ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဝေလွှင်ကို အစားထိုးပေးပါတယ်” ဟု အဖွဲ့ဝင် အဖြစ် ပါဝင်သူ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်က ပြောသည်။

ရခိုင်ပြည်နယ်  အပါအ၀င် တိုင်းနှင့် ပြည်နယ် ၁၄ ခု အတွက် ပြည်သူ့လွတ်တော်မှ လယ်ယာမြေနှင့် တစ်ခြားမြေများ သိမ်းဆည်းခံရမူ စုံစမ်းရေးကော်မီတီကို ဖွဲ့စည်း ပေးလိုက်ပြီ ဖြစ်ရာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အတွက် တစ်ပေါင်းတည်း ဖွဲ့စည်းပေးလိုက်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အတွက် ကော်မရှင် အတွက် အဖွဲ့တာဝန်ခံ ဗိုလ်မှူးချုပ် ဝေလွှင်၊ အဖွဲ့ဝင်များအဖြစ်စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်၊
 ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း၊ ဘူးသီးတောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်နှင့် ချင်းအမျိုးသား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးတို့ ဖြစ်ကြသည်။

“ အခုတော့ အစည်းအဝေး တစ်ကြိမ် ထိုင်ပြီးပါပြီ။ လွှတ်တော် အစည်းအဝေး က စက်တင်္ဘာ ပထမ ပတ်လောက်မှာ ပြီးနိုင်တဲ့ အတွက် ဒုတိယ ပတ်လောက်မှာ စုံစမ်းမူကို စတင်နိုင်ပါတယ်။ ပထမတော့ တိုင်ပင်ညှိနိုင်းရအုံးမယ် ဖြစ်ပါတယ်။ တိုင်ကြားထားတဲ့ စာတွေကို စစ်ဆေးရပါမယ်။

 ပြီးရင် ရခိုင်ပြည်နယ် အစိုးရနဲ့ ညှိနိုင်းဆွေးနွေးပြီးမှ လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်ရမှာ ဖြစ်ပါ
တယ်” ဟု ဦးဘရှင်က ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် လယ်ယာမြေနှင့် ဥယာဉ်ခြံမြေများကို အများဆုံး သိမ်းပိုက် ထားသည့် အဖွဲ့အစည်းမှာ မြန်မာ စစ်တပ်ပြီး တချို့ ရခိုင်တွင် တာဝန် ထမ်းဆောင်ခဲ့သော တိုင်းမှူးများ အပါအ၀င် တပ်မှူးများသည်  တပ်မတော်၏ နာမည်ကို ကိုယ်ကျိုး အတွက် အလွဲသုံးစား လုပ်ပြီး လယ်ယာမြေများ၊ ဥယာဉ် ခြံမြေများကိုလည်း သိမ်းဆည်းသွားခဲ့သည်ဟု သိရသည်။

ထိုအထဲတွင် ရခိုင် တိုင်းမှူးဟောင်း တစ်ဦးဖြစ်သူ ပြည်ထဲရေး ၀န်ကြီးဟောင်း ဦးမောင်ဦးလည်း ပါဝင်သည်ဟု ကျောက်ဖြူမြို့မှ ဦးသန္တာမောင်မောင်က ပြောသည်။

“  တိုင်းမှူးဟောင်း ဦးမောင်ဦးက ကျွန်တော်တို့ ကျောက်ဖြူမြို့နယ် ဂုံးချိန် ကျေးရွာမှာ ရွာသားတွေ ပိုင်တဲ့ လယ်မြေတွေကို သိမ်းယူပြီး ဇနီးနာမည်နဲ့ ဂရမ်ဖေါက်ပြီး ဒေ၀ူးကိုးရီယား ကုမ္ပဏီကို သိန်းပေါင်း ၄၅၀ နဲ့ ရောင်းစားသွားခဲ့ပါတယ်။

 ကျွန်တော်တို့ ကျောက်ဖြူ တစ်မြို့နယ် တည်း မှာတောင် သုံးလေး နေရာကို သိမ်းယူပြီး လုပ်စားသွားတာရှိပါတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးကို မြေယာ သိမ်းယူမူ စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ခေါင်းဆောင် နေရာကနေ ဖယ်ထုတ်လိုက်တာဟာ အထူးသင့်တော် ကောင်းမွန်ပါတယ်” ဟု ဦးသန္တာ မောင်မောင် က ပြောသည်။

၎င်းပြင် ကျောက်ဖြူမြို့နယ် မင်းပြင်နှင့် တစ်ခြားနေရာများတွင်လည်း လက်ရှိ အချိန်ထိ စစ်တပ်မှ အရာရှိဟောင်းများ သိမ်းယူထားသော လယ်မြေများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

“ အခုအချိန်ထိ ဗိုလ်ချုပ် ဦးမောင်ဦးတို့၊ တိုင်းမှူးဟောင်း ၀င်းမြင့်တို့၊ ဒုတိုင်းမှူး သီဟသူရ မောင်နီ၊
ဗိုလ်မှူး စန်းမောင်မောင်တို့ ကျွန်တော်တို့ ကျောက်ဖြူမြို့နယ် မင်းပြင်နဲ့ တစ်ခြားနေရာတို့မှာ သိမ်းထားတဲ့ မြေတွေ အများကြီးရှိပါတယ်။

အဲဒီမြေတွေက သူတို့နာမည်နဲ့ ရှိတာတော့ မဟုတ်ဘူး။ သူတို့ရဲ့  ဇနီးတွေရဲ့ နာမည်နဲ့ မဟုတ်ရင် ဆွေမျိုးတွေရဲ့ နာမည်တွေနဲ့ ဂရမ်ဖေါက်ပြီး ရှိနေပါတယ်” ဟု မင်းပြား ရွာသား တစ်ဦးကလည်း ပြောသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင်လည်း အသိမ်းခံရသော လယ်မြေဧက သောင်းချီ ရှိနေပြီး လတ်တလောပြဿနာ ဖြစ်ပွားနေသောနေရာမှာ ဗလိပေါက် ကျေးရွာတွင် ဖြစ်ကြောင်း သိရသည်။

မင်းပြားမြို့နယ် ဗလိပေါက်ကျေးရွာတွင် ရွာသားများ ဓါးမဦးချ လုပ်ကိုင်လာသော လယ်ဧက ၄၄၁ ဧကကို ကျောက်တော် အခြေစိုက် စကခ (၉)  တပ်မမှ ၂၀၀၄ ခုနှစ်ကတည်းက သိမ်းယူသွားခဲ့ပြီး ယခုနှစ်တွင် လယ်သမားများက ၎င်းလယ်ယာမြေများကို ၎င်းတို့ သဘောဖြင့် တက်ရောက် ထွန်ယက် စိုက်ပျိုးရာမှ စစ်တပ်က တရားစွဲဆိုသဖြင့် ရွာသားများနှင့် မြန်မာတပ်မတော် အကြားတွင် တရား ဖြစ်နေကြောင်း သိရသည်။

အလားတူ မြောက်ဦး၊ ကျောက်တော်၊ တောင်ကုတ်၊ ကျောက်ဖြူ၊ စစ်တွေ၊ ရသေ့တောင်၊
ပုဏ္ဍားကျွန်း၊ ဘူးသီးတောင်၊ အမ်း စသည့် မြို့နယ်များတွင်လည်း စစ်တပ်က လယ်မြေ
အမြောက်အများကို သိမ်းယူထားကြောင်း  သိရသည်။


နိရဉ္စရာ
Print Friendly and PDFPrintPrint Friendly and PDFPDF

1 comments:

Aung Linn Htun said...

မာန်အောင်မြို့နယ်အတွင်း စီမံကိန်းနှစ်ခုအတွင်း မြေယာဈေးနှုန်းအမြှောက်အများကွာခြားနေ

ဖေဖော်ဝါရီ၊ ၂၈ရက်

ရခိုင်ပြည် မာန်အောင် ကျွန်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှု စီမံကိန်းတို့ အကောင်အထည်ဖော် ရန် စတင်နေကြောင်း ရခိုင်ပြည်နယ်အစိုးရက ထုတ်ပြန်ခဲ့ရာ မကြာသေးမှီအချိန်က အီးဟိုတည်ဇုန် အားယခုပြုလုပ်လျှက်ရှိပြီး ၎င်းအတွက် မြေတစ်ဧက ကို သိန်း ၃၀၀ ပေးဆောင်လျှက်ရှိသည်။

ထိုအတူ ၂၀၁၆ခုနှစ်တွင် မာန်အောင် လေယာဉ်ကွင်းတိုးချဲ့ရာတွင် မြေယာပါဝင်သူများအား မြေတစ်ဧက ၇ သိန်းခန့်သာ အစိုးရမှတ်သတ်မှခဲ့သည့်အပေါ် မြေယာပါဝင်သွားသူများမှ ကြည်နပ်မှုမရှိသောကြောင့် ပိတ်ဆံ ယူခြင်းမရှိသေးသော ဒေသခံနှစ်ဦးအား လယ်ယာမြေဥပဒေပုဒ်မ ၃၅ ဖြင့် တရားစွဲဆိုပြီး ၂၀၁၇ ခုနှစ် မတ်လ ၂၁ရက်နေ့က ထောင် ၇ လချမှတ်ခဲ့သည်။

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၊ စမုံတဲအုပ်စု၊ မြတ်မချောင်ကျေးရွာ မာန်အောင်လေယာဉ်ကွင်းအား ပေ၇၀၀၀ခန့်တိုးချဲ့ရန်ပြုလုပ်ရာတွင် မြတ်မချောင်ကျေးရွာမှ အိမ်ခြေ ၃၂အိမ် ပါဝင်ပြီး ယခုတွင် နှစ်အိမ်ထောင်သာ ကျန်ရှိ နေခြင်းအပေါ် တရားလိုဦးစောရွှေမောင် မာန်အောင်မြို့နယ်မြေစာရင်။ ဦးစီးဌာနတွင် ဦးစီးမှုးအဖြစ်တာဝန်ထမ်းဆောင်ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့တွင် အတွင်းရေးမှုး တစ်ဦးမှ၃.၂၁.၂၀၁၆ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှုရုံးတွင် အစည်းအဝေးပြုလုပ်ပြီး ဦးဖြူသီးခိုင်နှင့် ဦးသာနီ တို့နှစ်ဦးကို တရားစွဲဆိုရန်ဆုံးဖြတ်ခဲ့ကြသည်။

ဦးဖြူသီးခိုင် ကွင်အမှတ် (၈၆၄) သိမ်ကုန်ကွင်း ဦးပိုင်အမှတ် (၄၂) ဥယာဉ်အိမ်ခြံမြေ ၇.၀၀ ဧက အားအစိုးရမှပေးသည့် ရိုကြေးငွေမှာ ၇သိန်းခန့်သာပေးပြီး အိမ်၊ခြံ၊သီးပင်စားပင်၊ နှစ်ရှည်၊နှစ်တို များအားလုံးကို ပေးသည့်ငွေမှာ ငွေ (၅၁၄၈၃၀၀)ကျပ်သာပေးသည်။
ဦးသာနီ ကွင်းအမှတ် (၈၆၄) သိမ်ကုန်ကွင်း ဥယာဉ်အိမ်ခြံမြေပေါ်တွင် အိမ်ဆောက်နေခဲ့သည့်မှာလည်း နှစ်ပေါင်း ၁၅၀ ခန့်ကပင်တည် ဆောက်နေလာသည့်အိမ်ပင်ဖြစ်သည်။ ၎င်း၏အိမ်ခြံမြေမှာ ၀.၉၅ ဧကရှိပြီး ခြံ၊အိမ်၊သီးပင်စားပင်များအပါ အဝင် သိန်း ၁၀၀ခန့်သာပေးသည်။

ယခုတွင်နှစ်ဦးသာကျန်ရှိနေခြင်းအပေါ် မာန်အောင်အာဏာပိုင်များမှ မကြာခနဆိုသလို အိမ်တိုင်လာရောက်ခြိမ်းခြောက်နေပြီး မြို့နယ်အုပ်ချုပ်ရေးမှူရုံးသို့ခေါ်ကာ ခြိမ်းခြောက်မှုမကြာခနပြု လုပ်နေပြီး ၎င်းတို့မြေအား ဦးမင်းကိုကိုလှိုင်မှ ၆.၂.၂၀၁၉ရက်စွဲပါ မာန်အောင်လေယာဉ်ကွင်းမြေအဖြစ် အခြားအသုံးပြုခွင့်လျှောက်လွှာကို မတ်လ (၇)ရက်နေ့အထိ လယ်ယာမြေဦးစီးရုံးတွင် တင်ထားသည်။

အဆိုပါ လေယာဉ်ကွင်းအား ယခုထပ်မံ တိုးချဲ့ရန်စီစဉ်လျှက်ရှိနေသည်။

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )