22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, September 9, 2012

၉ ရက်၊ ၉ လမွေးနေ့ရက်မှာ ဘဝရဲ့နိဗ္ဗာန် အမ်တီဗီ ထွက်မယ့်ဂျေမီ


 

ရိုက်ချက် ဆန်းဆန်းတွေ နဲ့ပုံဖော် ရိုက်ကူးထားတဲ့ ဂျေမီရဲ့ 'ဘဝရဲ့နိဗ္ဗာန်' အမ်တီဗီ ကို ပရိသတ်တွေ မြင်တွေ့ကြရတော့မှာဖြစ်ပါ တယ်။ အမ်တီ ဗီ ကိုတော့ စက်တင်ဘာ ၉ရက် သူ့ရဲ့မွေးနေ့ရက် မှာ ထွက် မှာဖြစ်ပါ တယ်။
ဂျေ မီရဲ့ အမ်တီဗီ မှာတော့ လူငယ် တစ်ယောက်ရဲ့ စိတ်ကူး အိုင်ဒီယာတွေနဲ့အတူ ဒါရိုက်တာတွေရဲ့ရိုက်ချက်ဆန်းဆန်း တွေ နဲ့ပေါင်းစပ် လိုက်တဲ့ အခါမှာတော့ တခြား အမ်တီဗီတွေ နဲ့မတူတဲ့ ရသ တစ်မျိုးကို ပရိသတ်တွေ ခံစား ရ မှာဖြစ် ပါတယ်။ ဂျေမီရဲ့ အမ်တီဗီကို ပုံဖော် ရိုက်ကူးပေးခဲ့ တဲ့သူတွေ ကတော့ ဒါရိုက် တာ အောင်ကိုလတ်၊ ဒါရိုက်တာ စိုင်းလုံးကျောက်နဲ့ ဒါရိုက်တာ မီရှဲ တို့ပဲဖြစ် ပါတယ်။ သရုပ်ဆောင် တွေကတော့ ကျော်ထွဋ်ဆွေ၊ G-Family၊ Le-gendary က သူငယ်ချင်းတွေ ခရစ္စတီးနား၊ မာရီနာနဲ့ အနောက်တိုင်းဆန်တဲ့ မြန်မာ မော်ဒယ်တွေနဲ့ အမ်တီဗီ ၁၁ပုဒ်ကို ဂျေမီက ပုံဖော်ထားတာပါ။
လိုကေးရှင်း တွေကိုလည်း ဘယ်သူမှ မရိုက်သေး တဲ့ နေရာဒေသတွေမှာ သွားရောက် ရိုက်ခဲ့တာဖြစ်သလို၊ လန်ဒန်နဲ့ တူရကီ ခရီးစဉ်က ပုံရိပ်တွေကို လည်း ဂျေမီက အမ်တီဗီ ထဲမှာ ထည့်သွင်း ထားပါတယ်။ ပြည်ပက အဆိုတော်တွေရဲ့ အမ် တီဗီတွေ ကို အမြဲတမ်းလေ့လာဖြစ်နေ တဲ့ဂျေမီကို သူ့ရဲ့အမ်တီဗီ မှာ နိုင် ငံခြားဆန်တဲ့ ရိုက်ချက် မျိုးတွေများ ထည့်သွင်း ထားသေးလား လို့မေးတော့..ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ တအားကြီး ထော်လော် ကန့်လန့်ကြီး ဖြစ်မယ့် ဟာမျိုး ကိုတော့ မလုပ်ထား ပါဘူး။ ဒါပေမဲ့ ကိုယ် ကြိုက်တာတော့ ကိုယ်လုပ် ထားတယ်။ ရည်မှန်းချက် သီချင်းကိုတော့ Story ဆန်ဆန် လေးရိုက် ထား တယ်။ အပုဒ် တိုင်းကိုတော့ ကြည့်တဲ့ ပရိသတ်တွေ မပျင်းရအောင် ရိုက်ထား ပါတယ်" လို့ ဂျေမီက ပြောပြပါတယ်။
အမ်တီဗီ ရိုက်နေစဉ် အတွင်းမှာလည်း အပုဒ် တိုင်း အကောင်းဆုံး ဖြစ်ဖို့၊ အာလုံးရိုက် ပြီးတဲ့အချိန် မှာလည်း အခွေ ထွက်နိုင်ဖို့ အတွက် လုပ်ဆောင်ခဲ့ရတဲ့ ဂျေမီက အခွေ ထွက်ခါနီးလေ သူ့ ရဲ့စိတ်လှုပ်ရှားမှုကတိုးလာ လိုက်၊ တစ်ခါတလေ သွေးအေး သွားလိုက် နဲ့ အမျိုးမျိုး ဖြစ်နေမိ တယ်လို့ ဆိုပြန်ပါ တယ်။နေ့မအိပ်၊ ညမအိပ်ဖြစ်တာ က လွဲလို့ ပေါ့။ တစ်ခါ တလေ ကျရင် အိပ်လို့ မရဘူး။ ကိုယ့် အမ်တီဗီထွက်တော့ မှာကို သိနေတော့ လေ။
ဘာနဲ့တူလဲ ဆိုတော့ လူငယ် တစ်ယောက် သူ တအား ကြိုက်တဲ့ မိန်းကလေး ဆီ ကနေ အဖြေရခါနီး အချိန်လိုပဲ။ ဟိုဘက် ပြေးလိုက်၊ ဒီဘက်ပြေးလိုက် နဲ့ပေါ့။ အဲဒီ အကြောင်းပဲ စဉ်းစားပြီး အဆင်ပြေပါ့ မလား ဆိုတဲ့ စိတ်ဖြစ်တယ်" လို့ဖြစ်နေတဲ့ စိတ်လှုပ်ရှား မှုကို ရိုးရှင်း ပွင့် လင်း စွာ ဖွင့်ဟ ခဲ့တဲ့ ဂျေမီပါ။ အခု အချိန် မှာတော့ ဂျေမီက "ဘဝရဲ့နိဗ္ဗာန်" အမ်တီဗီ အခွေ ပရိုမိုးရှင်း လုပ်မယ့် သူ့ရဲ့ မွေးနေ့စက်တင်ဘာ ၉ရက်နေ့ ကို ကြိုတင် ရင်ခုန်နေပါပြီ။
မွေးနေ့မှာ ထွက်ဖြစ်ရခြင်းက သူ့ အတွက် အမှတ် တရဖြစ် သွားအောင်လည်း ပါသလို၊ မွေးနေ့မှာ ပရိသတ်တွေနဲ့ တွေ့ဆုံ ချင်တာကြောင့် လည်း ဖြစ်ကြောင်း အမ်တီဗီ ပရိုမိုးရှင်း ကို စက်တင်ဘာလ ၉ရက်နေ့ မန္တလေး ဒိုင်းမွန်း ပလာဇာမှာ ညနေ ၃နာရီက စတင် ပြီး အခွေ ထွက်ရှိခြင်း အမှတ်တရ အနေနဲ့ သူငယ်ချင်းတွေ နဲ့အတူ ပရိသတ်တွေကို လက်မှတ် ရေးထိုးပေး မှာဖြစ်ပြီး ပရိသတ်တွေကို သီချင်း တွေနဲ့လည်း ဖျော်ဖြေ မှာဖြစ်ကြောင်း ဂျေမီက ပြောပါတယ်။ ဂျေမီကို နောက်ဆုံး ပိတ်မေး ခွန်း အနေနဲ့ အမ်တီဗီ ကို မျှော်နေမယ့် ပရိသတ်တွေ အတွက် ဘယ်လို အကြို စကား ပါးချင်ပါ သလဲ လို့မေး တော့" အကောင်းဆုံး ဖြစ်အောင်တော့ လုပ် ထား ပါတယ်။
မုန့်စားရမယ့် အချိန်မှာ မုန့်မစား ဘဲနဲ့ အဲဒီပိုက်ဆံကို စုပြီးတော့ လုပ်ထား တာပါ။ ပေါက်တာ၊ ရှုံးတာကြိုက်တာ ပြောပါ။ စိတ်မဆိုးဘူး။ လုပ် ချင်တာ လုပ်လို့ ရတဲ့အတွက် ကိုယ့်ဘာသာ ကိုယ်ပျော်တယ်။ ပိုက်ဆံ ဘယ်လောက် ကုန်ကုန် ကိုယ်လိုချင်တဲ့ Image ကိုရအောင် ဖန်တီးနိုင်ခဲ့ တယ်။ အဲဒီ အတွက် ကိုယ့်ကိုယ်ကိုယ် တာဝန်ကျေ တယ်လို့ထင်တယ်" လို့ ဆိုခဲ့ပါတယ်။ စက်တင်ဘာလ ၉ရက်မွေးနေ့ မှာတော့ သူလိုချင်တဲ့ လက်ဆောင် ရဖို့ပဲ အရေးကြီးတယ် လို့ ဂျေမီ က ပြောခဲ့ပါသေးတယ်။ 
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )