22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Tuesday, September 18, 2012

အမေရိကန် စီးပွားရေး အဖွဲ့ ရခိုင်ပြည်နယ်သို့ သွားရောက်ဖွယ်ရှိ

မြန်မာနှင့် ကုန်သွယ်ရေး လုပ်နေသော ဘင်္ဂလားဒေခ်ျ့ နိုင်ငံမှ တက်ကနက် ဘောင်တော် ဆိပ်ကမ်းကို လာရောက် လည်ပတ်ခဲ့သော အမေရိကန် စီးပွားရေး အဖွဲ့ တစ်ဖွဲ့သည် ဘင်္ဂလာဒေခ်ျ့ ခရီးစဉ် ပြီးဆုံးပါက  မြန်မာ နိုင်ငံကို သွားရောက်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။
Teknaf land port Photo: thedailystar
Teknaf land port Photo: thedailystar
မြန်မာ ခရီးစဉ် အတွင်း ရခိုင်ပြည်နယ် စစ်တွေသို့ သွားရောက်ဖွယ် ရှိကြောင်း  သိရသည်။

အမေရိကန် စီးပွားရေး အဖွဲ့သည် ယမန်နေ့က နံနက် ၁၀ နာရီခန့်က  ဘင်္ဂလာဒေခ်ျ့ နိုင်ငံ  တက်ကနက် ဆိပ်ကမ်းကို သွားရောက်လည်ပတ်ခဲ့ပြီး လာမည့် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် စီးပွားရေး အရ ရင်းနှီး မြုပ်နှံမူ ပြုလုပ်ရန် အမေရိကန် သံတမန် အဖွဲ့အား ဘင်္ဂလာဒေခ်ျ့ အစိုးရမှ တိုက်တွန်း ပြောကြားပြီးနောက် အဆိုပါ အဖွဲ့သည် ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာ စီးပွားရေး အခြေအနေ များကို လာရောက်လေ့လာခြင်း ဖြစ်သည်။

တက်ကနက် ဆိပ်ကမ်းကို လာရောက် လည်ပတ်စဉ် မြန်မာနှင့် ကုန်သွယ်ရေး လုပ်နေသော ဘင်္ဂလီ ကုန်သည်ကြီးများနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အခက်အခဲများကိုလည်း မေးမြန်း သွားခဲ့သည်ဟု သိရသည်။

အမေရိကန်နိုင်ငံမှ စီးပွားရေးအဖွဲ့မှာ စစ်တကောင်းဆိပ်နှင့် အိန္ဒိယနှင့်ဘင်္ဂလား နယ်စပ်ဂိတ်တခုဖြစ် သည့် ဘန်နာပူလ်သို့လည်း သွားရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။

တက်ကနက်ဆိပ်ကမ်းမှာ မြန်မာနိုင်ငံနှင့် စီးပွားရေးလုပ်ကိုင်ရာတွင် အဓိက ကုန်သွယ်နေသော ဆိပ်ကမ်း ဖြစ်ပြီး နိုင်ငံတော် ၀င်ငွေ အများအပြား ရရှိနေသာ ဆိပ်ကမ်းတစ်ခု ဖြစ်သည်။

၎င်းတက်ကနက် ဆိပ်ကမ်းကို ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုကြောင့် လအတန်ကြာ ရပ်တန့်ခဲ့ပြီး နှစ်ဘက်နိုင်ငံ၏ နယ်စပ် စီးပွားရေးကို ထိခိုက်စေခဲ့သည်။

စက်တင်ဘာလ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံ အာရှ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန်း ဦးဆောင်သော အဖွဲ့ ရောက်လာပြီးနောက်  ယခုစီးပွားရေး အဖွဲ့သည် တက်ကနက် မြို့သို့ ရောက်လာသော အဆင့်မြင့်ဆုံး စီးပွားရေး အဖွဲ့ ဖြစ်သည်။

တက်ကနက်သို့  လာရောက်သော အမေရိကန် စီးပွားရေး အဖွဲ့နှင့် အတူ ဒက္ကားမြို့ရှိ  အမေရိကန် သံရုံးမှ နိုင်ငံရေးနှင့် စီပွားရေး ဆိုင်ရာ သံအရာရှိများ  လိုက်ပါလာကြောင်း သိရသည်။
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )