22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Thursday, September 27, 2012

သူတို့ သမီးဘက်မှ ခင်ပွန်းသည်ကို အသွင်း(အကြွေး) မချေနိုင်၍ ယောက္ခမသတ်၍ ဇနီးသေဆုံး

(ရွှေမြန်မာမီဒီယာဂရု)
ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် ခင်ပွန်းသည်ကို
သူတို့သမီးဘက်မှ အသွင်းပြီးပြည့်(အကြွေး)
စုံအောင် မချေနိုင်၍ ယောက္ခမ သတ်၍သေ
ဆုံးခဲ့သည်ဟု သိရသည်။


သေဆုံးသူ အမျိုးသမီးမှာ""ပါဘီနာ"" (၂၅)သည် ချူ(က်)ကာလ်၏ ဇနီးဖြစ်ပြီး ဘင်္ဂလား
ဒေ့ခ်ျနိုင်ငံ အလမ်ဒင်ဂမြို့နယ် ရမ်ပူ ရွာမှ ဖြစ်ကြသည်ဟု သိရသည်။

သေဆုံးသူအမျိုးသမီး အလောင်းကို သူ့တို့အိမ်တွင် တွေ့ရှိပြီး ""စန္ဒာ""ဆေးရုံးသို့ ပို့ဆောင်
လိုက်သည် ဟုသိရသည်။

"ပါဘီနာ"နှင့် ချူ(က်)ကာလ်တို့ လွန်ခဲ့သော နှစ်နှစ်အလွန်ကတည်းက အိမ်ထောင်ကျခဲ့ ကြသည်ဟု ဒေသခံအဆိုအရသိရ ကြောင်း၎င်းသတင်းက ဆိုသည်။ သေဆုံးသူ အမျိုးသမီး
 ""ပါဘီနာ""သည် ဆာလက်ခ် မီယာ၏ သမီးဖြစ်ပြီး မဟားပူခရိုင် ဂန်နီမြို့နယ်မှ ဖြစ်
သည်ဟု သိရသည်။

  သူတို့ ဇနီးမောင်နှံ နှစ်ဦးတို့သည် လွန်ခဲ့သော ရက်အနည်းငယ် ကတည်းက မိသား
စုကိစ္စနှင့် ဆက်စပ်ပြီး စကားများ ရာမှ အိမ်ကို သော့ ခလုပ်ခတ်ပြီး ပိတ်ထားခဲ့သည်ဟု
 ဆိုသည်။ စက်တင်ဘာ ၂၃ရက် (တနင်္ဂနွေ) နေ့ညနေပိုင်တွင် နံရံခေါင်ထက် တွင် လက်တွေကိုချဉ်နှောင်ကာ သေဆုံးနေသောသူမအလောင်းကို တွေ့ရှိရသည်
ဟု ဆိုသည်။


""ပါဘီနာ""မှာ စိတ်ထိခိုက်မှုကြောင့် သူ့ဟာသူ သတ်သေသွားကြောင်း ခင်ပွန်းသည်
ချူ(က်)ကာလ်က ထွက်ဆိုသော်လည်း သေဆုံးသူ ဖခင်နှင့် ဒေသခံများက ပါဘီနာမှာ အသွင်းငွေ ပြည့်စုံစွာမချေနိုင်၍ သူ့ယောက္ခမ သတ်သည်ဟု စွပ်စွဲထား သည်။


ရဲဌာနတွင် အမှုဖွင့်ထားသော်လည်း ရဲဌာနမှ မည်သူမည်ဝါ သတ်ဖြစ်သည်ကို အသေးစိတ်
မသိရှိရသေး သည့်အတွက် ဆေးရုံမှ အစီရင်ခံစာ ရောက်မှသာ ပြောဆိုနိုင်မည်ဟု
ဆိုသည်။

ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ၌ မူဆလင် လူမျိုးများမှာ အိမ်ထောင်ပြုလျှင် သူတို့သမီးဖက်မှ သူတို့သား
ကို ငွေးပေးပြီး ၀ယ်ယူရ သည်ဖြစ်၍ ဆင်းရဲချမ်းသာ အဆင့်အတန်းအလိုက် ခွဲခြားထား
သည်ဟု သိရသည်။

 ဆင်းရဲသား အမျိုးသမီး တဦးက အမျိုးသား တဦးကိုအိမ်ထောင်ပြုမည် ဆိုလျှင်အနိမ့်ဆုံး
တာကာ ""၃၀၀၀၀ ""ရှိပြီး ချမ်းသာ သားသမီးတို့ ဆိုလျှင် သိန်း ပေါင်းများစွာ ပေးပြီး
ဝယ်ယူကာ အိမ်ထောင်ပြုလေ့ ရှိသည်ဟု သိရသည်။

ယင်းကြောင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် သူတို့သမီးဖက်မှ သတို့သားအား အသွင်းငွေ(အကြွေး)
မပေးဆပ်နိုင်၍ တလလျှင် ရာရှိပြီး အမျိုးသမီးများ ညှင်းပန်း နှိပ်စက်ခံ၍
 သေဆုံးလေ့ရှိကြောင်း သိရသည်။

 (ရွှေမြန်မာမီဒီယာဂရု)
မူရင်းလင့်
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )