22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Saturday, September 15, 2012

ခက်ခက်ခဲခဲ ရုန်းကန် ရသည့်တိုင် မန်ယူ အနေဖြင့် ချန်ပီယံ ဖြစ်လာနိုင်ဟု ဂစ်မှတ်ချက်ပြု

မန်ချက်စတာ ယူနိုက်တက် ဝါရင့် တောင်ပံ ကစားသမားကြီး ရိုင်ယန်ဂစ်က မိမိတို့ အသင်း အနေဖြင့် ခက်ခဲ ကြမ်းတမ်းသော အခြေအနေ များထဲတွင် အမှတ်ပေး ချန်ပီယံ ဘွဲ့ကို အောင်မြင်စွာ ရယူနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
မန်ယူ အသင်းသည် ပရီးမီးယားလိဂ် ရာသီ အဖွင့် ပွဲစဉ်တွင် အဲဗာတန် အသင်းကို အရေး နိမ့်ခဲ့သလို နောက်ထပ် (၂)ပွဲတွင်လည်း နောက်မှ လိုက်ကစားကာ အနိုင် ရရှိထားသည်။ ဝေလ တောင်ပံလူ ဂစ်သည် ယခုဘောလုံး ရာသီတွင် မန်ယူအတွက် ပါဝင် ကစားပေး ရသေးခြင်း မရှိသေးသော်လည်း ဝီဂန်နှင့် ကစားမည့် စနေည ပွဲစဉ်တွင် ပါဝင်လာဖွယ် ရှိနေသည်။ ဂစ်က မန်ယူသည် သမိုင်းဝင် အကြိမ်(၂၀)မြောက် အမှတ်ပေး ချန်ပီယံ ဘွဲ့ကို မျှော်လင့်ထားပြီး လွယ်လွယ်ကူကူ မဖြစ်နိုင်သည်ကိုမူ လက်ခံ ရမည်ဟု ဝန်ခံသွားသည်။


ဂစ်က "ကျွန်တော်တို့ အသင်းက ကစားသမားတွေဟာ မနှစ်က ကျွန်တော်တို့ ကစားခဲ့တာထက် ပိုကောင်းအောင် ကြိုးစားဖို့ အသင့်ပါပဲ။ ပြီးခဲ့တဲ့ ရာသီက ဖြတ်သန်းမှုတွေက လက်ခံရ ခက်လောက်အောင် ကြမ်းတမ်း လွန်းပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ စိတ်ဓာတ်ကောင်းနဲ့ ချီတက်ပြီး ဒီရာသီမှာ အောင်ပွဲခံဖို့ မျှော်လင့်ပါတယ်"ဟု ဆိုသည်။ အသက်(၃၉)နှစ်ရှိ ဂစ်က "ပြိုင်ပွဲကတော့ ပိုခက်လာတာ အမှန်ပါပဲ။ အရည်အသွေး မြင့်မားတဲ့ အသင်းတွေက ပိုများလာသလို စိန်ခေါ်မှုကလည်း ပြင်းထန် လာပါတယ်။ ဘာပဲဖြစ်ဖြစ် မန်ယူဟာ ရယူနေကျ အောင်မြင်မှုတွေဆီ ပြန်သွားမှာပါ" ဟုလည်း ပြောကြားသွားသည်။
ပြိုင်ပွဲကတော့ ပိုခက်လာတာ အမှန်ပါပဲ။ အရည်အသွေး မြင့်မားတဲ့ အသင်းတွေက ပိုများလာသလို စိန်ခေါ်မှုကလည်း ပြင်းထန် လာပါတယ်။ ဘာပဲဖြစ်ဖြစ် မန်ယူဟာ ရယူနေကျ အောင်မြင်မှုတွေဆီ ပြန်သွားမှာပါ...
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )