22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Friday, September 14, 2012

လက်ပန်းတောင်းတောင် လက်ရှိ အခြေအနေ ဒေါ်အောင်ဆန်းစုကြည် ဖုန်းဆက်မေးမြန်း

လက်ရှိ လက်ပန်းတောင်းတောင်
ကိစ္စကို ဒီချုပ်ဥက္ကဋ္ဌအနေဖြင့် စိတ်ဝင်
စားမှုရှိကြောင်းနှင့် အဖမ်းခံရသူများ
အတွက် စိုးရိမ်နေကြောင်း ယင်းအရေးတွင်

 ပါဝင်ဆောင်ရွက်နေသည့် ဒီချုပ် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်အား ဒေါ်အောင်ဆန်းစုကြည်က ဆက်သွယ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးသာအေး၊ သတ္ထု၊ စွမ်းအင်၊ သစ်တော
တိုင်းဒေသကြီးဝန်ကြီး ဦးသန်းထိုက်၊ တိုင်းဒေသကြီးအတွင်းရေးမှူး ဦးယုလွင်၊ ဒေါ်ခင်စန်းလှိုင်၊ ဗဟိုညီလာခံကျင်းပရေးကော်မရှင် ဦးအောင်ရှင်တို့သည် ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ် အချိန်တွင် တွေ့ဆုံခဲ့ပြီး တစ်နာရီခွဲခန့် ဆွေးနွေးခဲ့ကြောင်း ဒေါ်ခင်စန်းလှိုင်ကပြောသည်။

“မသွဲ့သွဲ့ဝင်းတို့ မလွတ်သေးဘူးဆိုရင် တွေ့ပါရစေလို့ တောင်းဆိုတဲ့အခါ ၀န်ကြီးချုပ်က
 တွေ့မနေပါနဲ့တော့။

 မကြာမီမှာ သတင်းကောင်း ကြားရပါတော့မယ်။ တရားဥပဒေ ပညာရှင်တွေနဲ့
 ဆွေးနွေးနေပြီး မကြာခင်အချိန်မှာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးမှာ
ပါလို့ ပြန်ပြောပါတယ်။ ၀န်ကြီးချုပ်ရဲ့ အကောင်းဆုံးဆိုတဲ့ ဆောင်ရွက်မှုကို ကျွန်မတို့ စောင့်နေပါတယ်”ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

7 Day News
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )