22 The fruit of the Spirit is love, joy, peace, forbearance, kindness, goodness, faithfulness, 23 gentleness and self-control. Against such things there is no law. ( Galatians 5:22-23 )  

Sunday, September 23, 2012

ရခိုင်ပြည်နယ့်ပြန်လည်ထူထောင်ရေးနှင့်တရားဥပဒေစိုးမိုးရေး အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပ

ရခိုင်ပြည်နယ်ကယ်ဆယ်ရေးနှင့်ပြန်
လည်ထူထောင်ရေး၊တရားဥပဒေစိုး
မိုးရေးနှင့် ရေရှည်တည်တံခိုင်မြဲသော
 ဖွဲ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်


ရုံဆွေးနွေးပွဲ ကိုယနေ့ နံနက်၉း၀၀ က နေပြည်တော်ကောင်စီနယ်မြေ MICC
 ခန်းမတွင်ကျင်းပရာဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက“ရခိုင်ဒေသ
တွင်းဒေသခံတွေအနေနဲ့မူလအခြေအနေရောက်အောင်၊ပြီးတော့မူလ
အခြေအနေထက်ပိုမိုပြီးပြည့်စုံတဲ့အခြေအနေရောက်အောင် အချိန်တစ်ခုတော့ပေးရပါလိမ့်မယ်ဟုပြောကြားသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ
စိုင်းမောက်ခမ်းနှင့် ပြည်ထောင်စုဝန်ကြီးများတက်ေ၇ာက်သည်။

အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက “ရခိုင်ဒေသတွင်း
ကယ်ဆယ်ရေးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ကိုင်နေပါတယ်။
လိုအပ်နေတာတွေလဲရှိနေပါတယ်။

 ရေရှည်စီမံကိန်းနဲ့အင်တိုက်အားတိုက် အကောင်အထည်ဖော်ဆောင်ရွက်ရပါမယ်
။နိုင်ငံတော်အစိုးရ ၊ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေ သက်ဆိုင်သူတွေပုးပေါင်းဆောင်
ရွက်ရမှာပါ။

ရခိုင်ပြည်နယ်ရဲ့ဖြစ်စဉ်ကို ပြန်လည်သုံးသပ်ရာမှာ လူအဖွဲ့အစည်းနှစ်ရပ်ရဲ့
ယခင်ကတည်းကရှိခဲ့ကြတဲ့ ပဋိပက္ခ တွေကနေစတာပါ။

အခုဖြစ်စဉ်မျိုးကို မြန်မာပြည်မှာသာမကဘဲ ကမ္ဘာအနှံအပြားကနေရာဒေသအချို့မှာ
ပါရင်ဆိုင်နေကြတာပါ။

ရခိုင်ဒေသဟာသယံဇာတကောင်းမွန်တယ်။လူသားအရင်းအမြစ်အားနည်းပါတယ်။
ဒါကြောင့်ဒေသခံတွေ ပြည့်စုံဖို့ လူမှုစီးပွားကောင်းမွန်တိုးတက်ဖို့  ဒီဆွေးနွေးပွဲကနေ အကြံဥာဏ်ကောင်းတွေ ရရှိမှာပါ။”ဟု အမှာစကားတွင်ထည့်သွင်းပြောကြားသည်။

Popular News
Print Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

Post a Comment

သတင်း၊ ဆောင်းပါး ၊တိုင်ကြားစာ ၊ နည်းပညာ ၊ တရားဟောချက် etc မည်သူမဆို လွှတ်လပ်စွာရေးသား ပေးပို့နိုင်ပါသည်။

သင်၏ဝေဖန်အကြံပြုစာသည် ကျတော်တို့အတွက် နောက်တဖန်ရေးသားဖို့ရန်အတွက် အားဆေးဖြစ်စေလိုပါသည်။ အချိန်ယူကာ ဝင်ရောက်ဖတ်ရှုခြင်းအတွက် အထူးကျေးဇူးတင်ပါသည်။

ခင်မင်လေးစားစွာဖြင့်- Admins
Email - simonkamta@thespiritfruit.com

Zawgyi Converter

Note - If you don't install zawgyi myanmar font in your computer, can be use this zawgyi converter

ရှာလို့လွယ်အောင် အသစ်တင်သမျှ ခေါင်းစဉ် ( 70 )